တကယ်တော့ ဒီလိုကပ်ဘေးကာလကြီးထဲ ဘယ်သူမှ အိမ်ပြင်ထွက်ပြီး ပိုးဘယ်နေ့အကူးခံရမယ်မှန်း မသေချာဘဲ အလုပ်မလုပ်ချင်ကြပါဘူး။ ဒါပေမဲ့လို့ တစ်ချို့တွေရဲ့ အလုပ်တွေကတော့ ပြည်သူတွေအတွက်လိုအပ်လို့ မဖြစ်မနေကို အလုပ်တွေဆက်တိုက်လုပ်ပေးနေရပါတယ်။
ကျွန်တော်တို့တွေဟာ ရှေ့တန်းက တိုက်စစ်မှူးတွေဆိုရင် ဆေးဝန်ထမ်းတွကိုပဲ ပြေးမြင်မိနေကြပေမယ့်လို့ တကယ်တမ်း ရှေ့တန်းမှာဆေးဝန်ထမ်းတွေ တိုက်ခိုက်နိုင်အောင် နောက်ကွယ်က တာဝန်ထမ်းဆောင်ပေးနေတဲ့လူတွေလည်း ရှိနေပါတယ်။ သန့်ရှင်းရေးတွေ၊ ဘဏ်ဝန်ထမ်း၊ စားသောက်ကုန်လုပ်ငန်းတွေအပြင် လိုအပ်တဲ့ပစ္စည်းမှန်သမျှကို နေရာအရောက်ပို့ဆောင်ပေးနေတဲ့ delivery သမားတွေပါပဲ။
CBS News ရဲ့ ဖော်ပြချက်အရတော့ Virginia ရဲ့ Richmond ဒေသလေးမှာတော့ delivery အမျိုးသားတစ်ဦးအတွက် ကျေးဇူးတင်ဂုဏ်ပြုပွဲကြီးတစ်ခုကို တစ်ရပ်ကွက်လုံးဝိုင်းပြီး ကျင်းပပေးခဲ့ပါတယ်တဲ့။

သူကတော့ Anthony Gaskin ပါ။ UPS ပို့ဆောင်ရေးကုမ္ပဏီမှာ ယာဉ်မောင်းအဖြစ် တာဝန်ယူထားပါတယ်။ သူတို့ကုမ္ပဏီရဲ့ ထုံးစံအရ ရပ်ကွက်တစ်ခု သို့မဟုတ် လမ်းတစ်လမ်းကိုဆိုရင် အဲဒီလူတစ်ယောက်ပဲ တာဝန်ယူပြီး ပစ္စည်းပို့ပေးရတာမျိုးပါ။ ဒီတော့ Anthony တစ်ယောက်တည်း ကားမောင်း၊ ပြီးရင် ကားကိုရပ်ပြီး ပစ္စည်းကိုလည်း သူကိုယ်တိုင်ပဲ အိမ်ရှေ့သွားချရတာပါ။
ဒီတော့ အဲဒီရပ်ကွက်နဲ့ Anthony နဲ့က ရင်းနှီးနေခဲ့ပါပြီ။ ကိုဗစ်ကာလကြီဖြစ်တာတောင်မှပဲ အမြဲတမ်း လူတိုင်းကို တပြုံးပြုံးနဲ့ နှုတ်ဆက်တတ်ပြီးတော့ စကားပြောရင်လည်း ရိုရိုကျိုးကျိုးပြောတတ်တဲ့အပြင်ကိုမှ ပစ္စည်းတွေကိုလည်း ပစ်ပို့တာတွေဘာတွေ မရှိတဲ့ ဝန်ထမ်းကောင်းတစ်ယောက်ပေါ့။


ဒါကြောင့် ရပ်ကွက်ကနေပြီး သူတို့လိုအပ်တဲ့ပစ္စည်းတွေကို တာဝန်ကျေပွန်စွာ လိုက်ပို့ပေးနေတဲ့ Anthony ကို ကျေးဇူးတင်ကြောင်းကို လမ်းမပေါ်တွေထွက်ပြီး ပြသခဲ့ကြပါတယ်တဲ့။ လူငယ်၊ လူရွယ်တွေအပြင်ကိုမှ သက်ကြီးရွယ်အိုနဲ့ကလေးတွေပါမကျန် social distancing နည်းလမ်းနဲ့ လမ်းမပေါ်ထွက်ပြီး Anthony ပစ္စည်းလာပို့မယ့်အချိန်ကို ကွက်တိထွက်ပြီး ကြိုခဲ့ပါတယ်။ သူ့နာမည်ကိုအော်ပြီး ကျေးဇူးတင်ကြောင်း စာတွေနဲ့ လူအများကြီးကိုတွေ့ရတဲ့ Anthony တစ်ယောက် စစချင်းမှာတော့ လန့်သွားခဲ့ပေမယ့် နောက်တော့ သူ့ရဲ့ supervisor တွေကိုပါ တွေ့ရတဲ့အတွက် ဝမ်းသာမျက်ရည်ပါ ကျခဲ့တာပါ။ ဒါလေးကတော့ အဲဒီတုန်းက ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။

penny