လူသားဆန်ပြီး နွေးထွေးတဲ့လုပ်ရပ်ကြောင့် ‘က’ မိတဲ့အထိ ပျော်သွားခဲ့တဲ့ Delivery Man

Facebook- Kathy Ouma

ကျွန်တော်တို့ဟာ လူသားတွေပါ။ ကမ္ဘာပေါ်က သက်ရှိတွေအများကြီးထဲကမှ ဥာဏ်အရှိဆုံးဆိုတဲ့ လူသားတွေပါ။ ဒါပေမဲ့ ကျွန်တော်တို့လူသားတွေ လူသားဆန်ကြရဲ့လား။ လူသားဆန်မှုဆိုတာ ဘာလဲ။

လူသားဆန်ခြင်းဆိုတာ ပြောရမယ်ဆိုရင်တော့ အများကြီးဖြစ်သွားနိုင်ပေမယ့် ကျွန်တော်ကတော့ ကိုယ်ချင်းစာတရား လို့ပဲ ခြုံငုံဘာသာပြန်ချင်ပါတယ်။ ငါသာ သူ့နေရာမှာ၊ သူသာ င့ါနေရာမှာဆိုပြီး ကိစ္စကြီးသည်ဖြစ်စေ သေးသည်ဖြစ်စေ တစ်ခုခုလုပ်တိုင်း ကျွန်တော်တို့တွေစဉ်းစားကြည့်ပြီးမှ လုပ်ဆောင်မယ်ဆိုရင် ဘယ်အရာမဆို ကောင်းခြင်းတွေပဲ ဖြစ်လာတော့မှာပေါ့ဗျာ။

ဒီလိုလူသားဆန်ခြင်းနဲ့ပတ်သက်ပြီး Bored Panda မှာ ဗီဒီယိုတစ်ခုကြည့်ခဲ့ရပါတယ်။ ဗီဒီယိုအရင်တင်တဲ့သူကတော့ Kathy Ouma ဆိုတဲ့ Facebook account မှ တင်ထားခဲ့တာဖြစ်ပါတယ်။ သူမကတော့ Delaware ရဲ့ Middletown မှာ နေထိုင်တဲ့အမျိုးသမီးတစ်ယောက်ပါ။

Kathy Ouma ဟာ အွန်လိုင်းကပစ္စည်းသိပ်မှာသူတစ်ယောက်ပါ။ ဒီတော့ ပစ္စည်းလာပို့တဲ့ delivery man တွေနဲ့လည်း စကားပြောဆက်ဆံနေရတာပေါ့။ အဲဒီအချိန် သူမစိတ်ကူးလေးတစ်ခု ရသွားခဲ့ပါတယ်။ အခုက ခရစ်စမတ်ကာလဖြစ်တာကြောင့် ဘယ်နိုင်ငံမှာမဆို မေတ္တာတရားတွေ ပေးလို့ကောင်းဆုံးကာလတစ်ခုပါလေ။ ဒါနဲ့ပဲ သူမဟာ စိတ်ကူးလေးကိုအကောင်အထည်ဖော်ခဲ့ပါတော့တယ်။

READ
လေဆိပ်မှာအိပ်တဲ့ အိမ်ယာမဲ့ဘ၀ကနေ လမ်းကြောင်းမှန်ပေါ်ရောက်လာပြီဖြစ်တဲ့ အမျိုးသား
Facebook- Kathy Ouma

အဲဒါကတော့ delivery man လေးတွေအတွက် မုန့်နဲ့ရလေးတွေကို အိမ်ရှေ့မှာ ချထားပေးဖို့ပါပဲ။ Delivery man တချို့ကို လူတွေက အထင်သေးစွာဆက်ဆံလေ့ရှိတတ်ပါတယ်။ ဒါကို Kathy Ouma အနေနဲ့ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ အမောတကောလာရတဲ့ delivery man တွေအတွက် ရေလေးတစ်မှုတ်၊ မုန့်လေးတစ်ထုပ်လောက်ကျွေးတာဟာ သူမအတွက်တော့ ဘာမှမဖြစ်သွားပေမယ့်လို့ တစ်ဖက်လူကရသွားတဲ့ ဂရုစိုက်ခံရ၊ အသိမှတ်ပြုခံရလို့ ပျော်ရွှင်ရတဲ့ ခံစားမှုကတော့ အတိုင်းမသိပါပဲ။

Facebook- Kathy Ouma

တစ်ရက်သူမအိမ်ကို Amazon ကနေပြီး ပစ္စည်းလာပို့ခဲ့တယ်။ Delivery man ဟာ ပစ္စည်းဖာလေးကိုင်ပြီး တံခါးဝဆီကို လမ်းလျှောက်လာခဲ့ပါတယ်။ နောက် သူ့မျက်လုံးက တစ်နေရာကိုရောက်သွားတယ်။ စားပွဲလေးတစ်လုံး။ ဘာများလဲလို့သေချာကြည့်လိုက်တဲ့အခါမှာတော့ ရေသန့်ဗူးလေးတွေနဲ့ မုန့်ထုပ်လေးတွေချထားတာပါ။ နောက်စာလေးတစ်စောင်။ “စားချင်တာလေးတွေယူသွားပြီး တစ်နေ့တာကို ဆက်အားတင်းလိုက်ပါဦး။ ပစ္စည်းဝယ်ရတာ ပိုလွယ်ကူအောင်လုပ်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ” တဲ့။

စာလေးကိုဖတ်ပြီး delivery man ခင်ဗျာ တော်တော်လေး မထင်မှတ်ထားတာဖြစ်သွားတဲ့အတွက် ပျော်ရွှင်သငွားတဲ့ပုံပါပဲ။ ကြိုက်တဲ့မုန့်လေးကိုရွေးယူသွားပြီး ကားဆီပြန်သွားတဲ့လမ်းမှာ မထိန်းနိုင်ဘဲ ကတောင်ကသွားလိုက်သေးတယ်။ ဒီဗီဒီယိုကိုတော့ Kathy Ouma အိမ်တံခါးရဲ့ လုံခြုံရေးကင်မရာမှာ မှတ်တမ်းတင်မိခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုလေးကို ကြည့်လိုက်ကြပါဦး။

Posted by Kathy Ouma on Tuesday, December 3, 2019

Penny

SHARE