Food Deliver ပို့ရင်း ပန်းချီပညာရှင်အဖြစ် အသက်မွေးဝမ်းကျောင်းပြုနေတဲ့ အမျိုးသား

Instagram/vishal_samjiskar

လူတိုင်းမှာ သူများတကာနဲ့မတူညီတဲ့ ပင်ကိုယ်အရည်အသွေးဆိုတာ ရှိကြစမြဲပါပဲ။ ဒါပေမယ့် ဘ၀မှာ လုပ်ချင်တာကို မလုပ်ရဘဲ အခြေအနေအကြောင်းကြောင်းကြောင့် လုပ်သင့်တာကို ရွေးချယ်ခဲ့ရတဲ့ လူတွေအများကြီးပါ။ နောက်တစ်နည်းပြောရရင် ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းမကျခဲ့တာပါ။ ဒီလူတွေထဲမှာ Vishal Samjiskar ဆိုတဲ့ အမျိုးသားတစ်ဦးလဲ ပါဝင်ပါတယ်။

Vishal ဟာလက်ရှိမှာတော့ Food Deliver Man အဖြစ်လုပ်ကိုင်နေပါတယ်။ ဒါပေမယ့် လူတော်တော်များများမသိခဲ့တာက သူဟာ ပန်းချီဆွဲရာမှာ အရမ်းပြောင်မြောက်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ Twitter သုံးတဲ့သူတစ်ဦးကနေပြီးတော့ လူမှုကွန်ယက်ပေါ်မှာ ပို့စ်တစ်ခုတင်ပြီးနောက် Vishal ကို လူသိများလာခဲ့ပါတယ်။

READ
Beauty Influencer တွေ မအောင်မြင်ခင် တစ်ချိန်က လုပ်ခဲ့တဲ့ အလုပ်အကိုင်တွေအကြောင်း

 

News 18 သတင်းဌာနရဲ့ ဖော်ပြချက်အရ @nikhiilist လို့ အမည်ရတဲ့ Twitter အကောင့်ပိုင်ရှင်တစ်ဦးဟာ Vishal ရဲ့ ပုံတူလက်ရာတစ်ချို့ကို လူမှုကွန်ယက်ပေါ်တင်ခဲ့ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ထိုအကောင့်ပိုင်ရှင်ဟာ ပုံတူဆွဲချင်တဲ့သူတွေရှိရင် Vishal ကို ရေးဆွဲခိုင်းနိုင်ကြောင်း အကူအညီတောင်ခံခဲ့ပါတယ်။ ဒီပို့စ်ဟာ တစ်ခဏတာအတွင်း လူမှုကွန်ယက်ပေါ် ပျံ့နှံ့ခဲ့ပြီး ဘောလီးဝုဒ်ရဲ့ ဒါရိုက်တာသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Pooja Bhatt ကိုယ်တိုင် ထိုပို့စ်ကို share ခဲ့ပြီး Visha အတွက် ပုံတူဆွဲဖို့ညအခွင့်အရေးပေးလိုက်ပါလို့ တောင်းဆိုခဲ့ကြောင်း သိရှိရပါတယ်။

READ
ဖျစ်ညှစ်ချင်စရာ ဘော်ဒီမျိုးရရှိဖို့ ဘယ်လိုကြိုးစားခဲ့ရလဲဆိုတာ ထုတ်ဖော်ခဲ့တဲ့ ဂျပန်နပန်းမယ်
[email protected]
[email protected]_k_chandra
[email protected]

Pyi Hein Kyaw

SHARE