ကြက်ဆင်တစ်ကောင်ကြောင့် အရှက်တွေဗြန်းဗြန်းကွဲနေရတဲ့ Demi Lovato

Instagram-Demi Lovato

လူမှုကွန်ယက်ပေါ် တင်တိုင်းလည်းမကောင်းဘူးဆိုတာ Demi Lovato တစ်ယောက်ကတော့ သက်သေအကြီးကြီးကို ပြသွားခဲ့တာပါပဲ။ သူတင်ခဲ့တဲ့ post နှစ်ခုရဲ့ ရှေ့သွားနောက်လိုက်မညီနေမှုတွေကြောင့် Demi ဟာ အခုအချိန်မှာ အရှက်အကြီးကြီးကို ကွဲနေခဲ့ပါပြီ။ အကြောင်းကတော့ ဒီလိုပါ။

 

View this post on Instagram

 

A post shared by Demi Lovato (@ddlovato)


Demi ဟာ ကျေးဇူးတော်နေ့တုန်းက Instagram မှာ story တစ်ခုတင်ခဲ့ပါတယ်။ “I’m thankful for all of you” ဆိုတဲ့ စာလေးနဲ့ ကြက်ဆင်ကင်ပုံလေးပါ။ ကျေးဇူးတော်နေ့မှာ ကြက်ဆင်သားကင်စားကြတာဟာ ထုံးစံပဲမလို့ ဘာမှပြောစရာမရှိပေမယ့်လို့ ဒီ story မတိုင်ခင် အရှေ့မှာတုန်းက Demi တင်ခဲ့တဲ့ post တစ်ခုကြောင့်လူတွေက သူမကို ဝိုင်းပြီး အပြစ်တင်ဝေဖန်နေခဲ့ကြပါတော့တယ်။

 

View this post on Instagram

 

A post shared by Demi Lovato (@ddlovato)

အဲဒီ post ကတော့ ဒီမှာပါ။ Demi တစ်ယောက် ကြက်ဆင်ကြီးတစ်ကောင်ကိုကိုင်ပြီး ဓာတ်ပုံရိုက်ထားတာပဲဖြစ်ပါတယ်။ အဲဒီပုံကိုတော့ Farm Sanctuary ဆိုတဲ့ ဘေးမဲ့ မွေးမြူရေးခြံတစ်ခြံကနေ တင်ထားခဲ့တာပါ။ နောက် သူမရဲ့ Instagram story မှာလည်း ကြက်ဆင်လေးကို ကိုင်ပြီး selfie ရိုက်ထားတဲ့ပုံတွေကို တင်ခဲ့ပါသေးတယ်။

READ
မကိတ် ပေမယ့်လည်း ညှို့အားပြင်းတဲ့ အမျိုးသမီး ဆယ်လီ(၁၅) ယောက်

အဲဒီပုံတွေဟာ အသားစားနဲ့ နို့စား၊ ဥစားစတာတွေအတွက် တိရိစ္ဆာန်မွေးမြူမှုကို ရှုတ်ချဖို့အတွက် အသိပေးလှုံ့ဆော်တဲ့ ပုံတွေပါပဲ။ ဒါကြောင့် ဒီလိုမျိုးလှုံ့ဆော်ထားတာမှမကြာသေးဘူး ကိုယ်တိုင်က ကြက်ဆင်ကင်စားနေတဲ့ပုံကို အားရပါးရတင်ခဲ့တယ်ဆိုတော့ ပရိတ်သတ်တွေကပြောပြီပေါ့။

Penny

SHARE