သူမရဲ့Runway Walk ကို ၀ိုင်း Troll နေတဲ့ အပေါ် Demi Rose ပြန်တုံ့ပြန်

Image:IG/Demi Rose

Demi Rose ကတော့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ပုရိသ အပေါင်းရဲ့ အားပေးဝန်းရံမှုကို အပြည့်အ၀ ရထားတဲ့  မော်ဒယ်၊ IG Star တစ်ယောက်ပါ။(၁၉၉၅)ခုနှစ် မတ် (၂၇)မှာ မွေးဖွားခဲ့ပြီး နာမည်ကြီးတဲ့ ဗြိတိန် မော်ဒယ် လေးပါ။နာမည်ကြီးရတဲ့ အဓိ ကအကြောင်းအရင်းကတော့ သူမရဲ့  ကောက်ကြောင်းအလှကြောင့်ပါ။ပရိသတ်တွေရဲ့ အချစ်တော်ေ လး ကတော့ လက်တ လောမှာ ကိန်းစ်ကို ရောက်နေပါတယ်။သူမရဲ့ IG မှာ လည်း ထုံးစံ အတိုင်း အမိုက်စား နေရာ မှာ အမိုက်စား ဓါတ်ပုံလေးရိုက်ပြီး IG မှာ တင်ထားပါတယ်။မနက်စာစားနေတဲ့ ပုံ  ရယ်၊အနီရောင် ၀တ်စုံလေးနဲ့ Sexy ကျကျ လှနေတဲ့ ပုံလေးတွေကို တင်ထားတာပါ။

Image:IG/Demi Rose

 

View this post on Instagram

 

My kind of morning…

A post shared by Demi Rose (@demirosemawby) on

Demi Rose ရဲ့ catwalk ဗီဒီယိုဖိုင်ကတော့ အွန်လိုင်းပေါ်မှာ နာမည်ကြီးနေပါတယ်။ကောင်းတဲ့ နာမည်ကြီးခြင်း တော့ မဟုတ်ပါဘူး။အားလုံး သူမရဲ့ လမ်းလျှောက်ပုံကို ၀ိုင်းပြီး ဝေဖန် လှောင်ပြောင် နေကြတာပါ။Demi ကတော့ ဇူ လိုင်တုန်းက Oh Polly swimwear show  မှာ ၀င် လျှောက်ပေးခဲု့တာပါ။အဲ့ဒီဗီဒီယိုဖိုင်က အွန်လိုင်းပေါ်မှာ ပျံ့ သွားခဲ့တာပါ။Demi Rose ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်တုံ့ပြန်ခဲ့ပါတယ်။အဲ့ဒီတုန်းက သူမမှာ တခြား ပုဂ္ဂိုလ် ရေးကိစ္စတွေ ရှိနေခဲ့ကြောင်း၊သူမ ရဲ့ မိခင် ကွယ်လွယ်သွားတဲ့ ကိစ္စ အပြင် တခြား  Psersonal ကိစ္စ တွေပါ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ” ဟုတ်တယ်။ကျမက Runway Model ကောင်းတစ်ယောက် မဟုတ်ဘူး။ကျ မ အရမ်းကို စိတ် လှုပ်ရှားနေခဲ့တာ။ကျမ ဒါကို မလုပ်ချင်ခဲ့ပါဘူး။ကျမရဲ့ အပေါ်ပိုင်းအ၀တ်အစားက စင်နောက်ဘက်မှာ ပျောက်သွားတယ်။ကျမ စီးထားတဲ့ ဖိနပ်က ကျမ ခြေထောက်နဲ့ အရမ်းကြီးနေတယ်။အဲ့ဒီတုန်းက ကျမမှာ တခြား ပုဂ္ဂိုလ်ရေး ပြဿနာတွေ နဲ့လည်း ရင်ဆိုင်နေခဲ့ရတယ်။ကျမ ရဲ့အမေကိုလည်း ဆုံးရှုံးရတယ်..” ဆိုပြီး ပြောခဲ့ပါတယ်။

READ
မြင့်မြတ်ရဲ့ သားလေးဆီ အလည်သွားခဲ့တဲ့ အိချောပို
Image:IG/Demi Rose
Image:IG/Demi Rose

မိဘ အတွက် ဂုဏ်ယူရတဲ့ သမီးတစ်ယောက် ဖြစ်ချင်ခဲ့တဲ့ အကြောင်းနဲ့ သူမကိုယ်သူမ Comfort Zone ထဲက နေ ရုန်းထွက်နိုင်အောင် တွန်းအားပေးခဲ့ရကြောင်း၊မိဘ အတွက် ရော သူမကိုယ်သူမ အတွက်ပါ ဂုဏ်ယူရတဲ့ သူ ဖြစ်ချင် ခဲ့တယ်လို့ ပြောခဲ့ပါတယ်။သူမကို အားပေးတဲ့ သူတွေကို ကျေးဇူးတင်တယ်လို့ လည်း ပြောခဲ့ပါတယ်။

Catwalk ဗီဒီယိုဖိုင် အပြည့်အစုံ

 

Source:Dailymail

SHARE