Body အလှ လျှို့ဝှက်ချက်ကို ဝေမျှလိုက်တဲ့ “Instagram Star” Demi Rose

Demi Rose Mawby ကတော့  အရမ်းလှတဲ့ ကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားသူပါ။သူမရဲ့ DJ လက်ရာ သံတွေကိုလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိပါတယ်။အခုဆိုရင်တော့ သူမကို ‘World’s sexiest DJ’, ဆိုပြီး ဖော်ပြ နေကြပါတယ်။

  

Demi Rose Mawby ကတော့ ဗြိတိန်ရဲ့ နာမည်ကြီး မော်ဒယ်တစ်ယောက်ပါ။သူဟာ ဆိုရှယ်မီဒီယာမှာ ပုံတွေ တင်ရင်းနဲ့ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိပြီး နာမည်ကြီးလာသူလို့ လည်း ပြောလို့ ရပါတယ်။အရမ်းမိုက်တဲ့ ခေတ်စကားနဲ့ ဆိုရင်တော့ အရမ်းကိတ်တဲ့ body ကို ပိုင်ဆိုင်ထားတာရယ် အရမ်းကို sexy ကျပြီး ညှို့အားပြင်းတဲ့ ပုံတွေကို သူမရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ မကြာခဏ တင်လေ့ရှိပါတယ်။
Demi Rose ဟာ အသက်(၂၂)နှစ်ပဲရှိပါသေးတယ်။ဒါပေမယ့် သူမအသက် (၁၈)နှစ်တည်းက Instagram မှာ followers (၄.၆) သန်း ပိုင်ဆိုင်ထားခဲ့သူပါ။ဘာကြောင့် ဒီလောက်အထိ ဆိုရှယ်မီဒီယာပေါ်မှာ ၀န်းရံသူ များရတဲ့ အကြောင်းအရင်းကိုတော့ သူမတင်ထားတဲ့ ပုံတွေကို ကြည့်ရင်သိနိုင်ပါတယ်။
 

လက်ရှိမှာတော့ သူမရဲ့ Instagram အကောင့်မှာ followers (၆.၂)သန်းရှိပါတယ်။သူမရဲ့ fan တွေကလည်း Demi Rose ရဲ့ ပုံတွေကို အမာခံအားပေးတာကို တွေ့ရပါတယ်။အမျိုးသားတွေ တင်မဟုတ်ပဲ အမျိုးသမီးတွေကပါ သူမကို ၀န်းရံအားပေးနေတာပါ။အမျိုးသမီးပရိသတ်တွေကတော့ လှပတဲ့ ဒီလိုကောက်ကြောင်းကို ပိုင်ဆိုင်ရတဲ့ လျှို့ဝှက် ချက်ကို စိတ်ဝင်စားနေကြတာပါ။Demi ကလည်း သူမရဲ့ body ဒီလိုလှပနေရတာဟာ မျိုးရိုးဗီဇကြောင့်ရော နောက်ပြီးတော့ gym နဲ့ diet plan ကြောင့် ပါလို့ ဖွင့်ဟခဲ့ပါတယ်။

READ
မြန်မာဝတ်စုံလေးတွေနဲ့ ရှုမ၀အောင် လိုက်ဖက်လွန်းနေတဲ့ ဘေဘီမောင်

အခုလောက် မကိတ်ခင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပုံတွေကို ထုတ်ပြခဲ့ပါတယ်။အခုလို body မျိုးရအောင်  HD Personal Development and Reset Yourself Ltd ရဲ့ ပိုင်ရှင် Dean Delandro က Train ပေးခဲ့ တာလို့ သိရပါတယ်။Dean ကတော့ အခုလိုမျိုး body goal ရအောင် လေ့ကျင့် train ပေးနေတဲ့ သူပါ။သူ့ရဲ့ training တွေ ကလည်း တကယ်ပဲ ထိရောက်မှုရှိသူပါ။လက်ရှိမှာတော့ Demi  က တစ်ပတ်မှာ (၄)ကြိမ် (၅)ကြိမ်လောက် Training တွေခံယူနေတုန်းပါ။သူမ ခံယူတဲ့ Training တွေထဲမှာဆိုရင် တင်ပါးလေ့ကျင့်ခန်းတွေ၊Squat ၊Jumping Lunges၊..ဥ၊အသီးအရွက်နဲ့ အခွံမာသီးတွေကိုဦးစားပေးစားသောက်ရတဲ့ အစားအသောက် ပုံစံတို့ ပါဝင် တယ်လို့ Daily Mail မှာ ဖော်ပြထားပါတယ်။

READ
စတိုင် အရမ်းမိုက်လို့ ပရိသတ်တွေ သဘောကျနေကြတဲ့ မထက်ရဲ့ ပုံရိပ်လေးတွေ

SHARE