IG မှာ Follower (၁၀)သန်း ကျော်အထိ ရှိလာတဲ့ Demi Rose

Image:IG/Demi Rose

Demi Rose ကတော့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ပုရိသ အပေါင်းရဲ့ အားပေးဝန်းရံမှုကို အပြည့်အ၀ ရထားတဲ့  မော်ဒယ်၊ IG Star တစ်ယောက်ပါ။(၁၉၉၅)ခုနှစ် မတ် (၂၇)မှာ မွေးဖွားခဲ့ပြီး နာမည်ကြီးတဲ့ ဗြိတိန် မော်ဒယ် လေးပါ။နာမည်ကြီးရတဲ့ အဓိ ကအကြောင်းအရင်းကတော့ သူမရဲ့  ကောက်ကြောင်းအလှကြောင့်ပါ။Demi ကလည်း  ညှို့ အားပြင်း ပုံတွေကို IG မှာ တင်ရင်းနဲ့ Follower တွေ တဖြည်းဖြည်းများလာပြီး Instagram Star တစ်ယောက် ဖြစ်လာခဲ့တာပါ။IG က Follower တွေ အတွက် ပုံအလန်းတွေ ကိုလည်း မကြာခဏ တင်ပေး လေ့ရှိပါတယ်။

Image:IG/Demi Rose
Image:IG/Demi Rose

အခုဆိုရင်တော့ သူမရဲ့ IG မှာ Follower အရေ အတွက် (၁၀.၄)သန်း အထိ ရှိလာခဲ့ပါပြီ။ဒါ့အပြင် IG Star တစ်ေ ယာက် အဖြစ်ကနေ ဗြိတိန်ရဲ့ နာမည်အကြီးဆုံး မော်ဒယ် တွေ က တစ်ယောက် အဖြစ် အောင်မြင်လာ ခဲ့ပါတယ်။အမျိုးသမီး အတွင်းခံ မော်ဒယ်အလုပ်တွေကို အများဆုံး လက်ခံလုပ်ကိုင် ပေး နေသူပါ။ကမ္ဘာပတ်ပြီး အတွင်း ခံ ကြော်ငြာ ရိုက်ကူးတာတွေကိုလည်း လုပ်ခဲ့ပါတယ်။ဒါ့အပြင် ‘Nuts,’ ‘FHM’  ‘Zoo’ အစရှိတဲ့ မဂ္ဂဇင်း တွေ မှာပါ ပါဝင် ပေးခဲ့ဖူးသူပါ။ငယ်ငယ်တည်းက ထိပ်တန်းမော်ဒယ် တစ်ယောက် ဖြစ်ချင်ခဲ့ပြီး ကင်မရာ ရှေ့မှာ Pose ပေး ရတာကို ကြိုက်တယ်လို့  Demi Rose  က ပြောခဲ့ဖူးပါတယ်။ဒါပေမယ့် အရပ် (၅)ပေ (၂) လက်မပဲ ရှိတာမို့ မော်ဒယ် တစ်ယောက် ဖြစ်ချင်တဲ့ အိမ်မက်ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုပြီး လက်လျှာ့ ခဲ့ဖူးပေမယ့် မိသားစုနဲ့ သူငယ်ချင်းတွေ ရဲ့ အားပေးမှုကြောင့် အခုလို ဖြစ်လာခဲ့တာပါ။

READ
ကစ်ကစ်ဆီကို ကိုယ်တိုင်သွားအားပေးပြီး အလှူငွေလှူဒါန်းခဲ့တဲ့ ရွှေပိုးအိမ်
Image:IG/Demi Rose
Image:IG/Demi Rose

(၁၈)နှစ်သမီးတည်းက အနုပညာလမ်းကြောင်းပေါ်ကို ရောက်လာခဲ့တာပါ။မြင်သူတကာ ငေးရတဲ့ ကောက် ကြောင်း အလှ အတ်ွကကတော့  Diet နဲ့ လေ့ကျင့်ခန်း ရဲ့ အကူအညီကို ယူတယ်လို့ ဆိုပါတယ်။အစားအသောက်ကို သေချာ ချင့်ချိန် စားသောက်သလို တစ်ဖက်မှာလည်း  လေ့ကျင့်ခန်း သေချာ လုပ်ပြီး Body အလှကို ထိန်း တာပါ။

Image:IG/Demi Rose
Image:IG/Demi Rose

သူမမှာ ကိုယ်ပိုင် Trainer ငှားထားပြီး လေ့ကျင့်ခန်းတွေ လုပ်ပါတယ်။သူမ အများဆုံး လုပ်ဖြစ်တဲ့ လေ့ကျင့်ခန်းတွေက တော့ ဗိုက် (Abs ) လေ့ကျင့်ခန်း လို့  ဆိုပါတယ်။ပရိုတင်းဓါတ်ပါတဲ့ အစားအစာတွေကို များများစားတယ် လို့လည်း ပြောခဲ့ပါတယ်။ကြက်သား၊ငါး၊မြေပဲ၊ချောကလက် …အစရှိတာတွေကို စားဖြစ်တယ်လို့ အင်တာဗျူး တစ်ခုမှာ ဖြေ ခဲ့ဖူးပါတယ်။

(

)

Source:famouspeople/the sun

SHARE