
Reality stars တွေဖြစ်ကြတဲ့ Demis Sims နဲ့ Francesca Farago တို့ကတော့ ဗြိတိန်နိုင်ငံမှာ လူကြိုက်များပြီး ထင်ပေါ်ကျော်ကြားလှတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်သာရှိသေးတဲ့ Demis ကတော့ The Only Way Is Essex ၊ အသက် ၂၇ နှစ်အရွယ် Francesca ကတော့ Too Hot To Handle လို့ အမည်ရတဲ့ Reality Show တွေ နဲ့ နာမည်ကြီးလာခဲ့တာပါ။ သူတို့နှစ်ယောက်ရဲ့ တူညီတဲ့ အချက်တစ်ချက်ကတော့ နှစ်ယောက်စလုံးဟာ ဗြိတိန် အမျိုးသား အတော်များများ နှစ်သက်တဲ့ အနုပညာရှင်တွေ ဖြစ်နေတာပါပဲ။
View this post on Instagram
View this post on Instagram
အခုလည်း မကြာသေးခင်အချိန်တုန်းက သူတို့နှစ်ယောက်စလုံးဟာ ချစ်သူတွေဖြစ်နေပြီဆိုတဲ့အကြောင်းကို ပရိသတ်တွေသိအောင် IG ကနေတစ်ဆင့် အသိပေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ စနေနေ့(၁၆.၁.၂၀၂၁)တုန်းက Demis ဟာ IG မှာ သူမနဲ့ Francesca တို့နှစ်ယောက် အတူတူ ဓာတ်ပုံတွဲရိုက်ထားတဲ့ ပို့စ်တစ်ခုကို တင်ခဲ့ပါတယ်။ အဆိုပါ ဓာတ်ပုံတွေထဲမှာ နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် ဖက်ထားပြီး အနမ်းချင်းဖလှယ်နေတဲ့ ပုံတစ်ပုံပါ ပါဝင်လာခဲ့ပါတယ်။ ဒါ့အပြင် Demis ဟာ သူမနဲ့ Francesca တို့ဟာ ချစ်သူတွေဖြစ်နေကြပြီဆိုတဲ့ အကြောင်းကိုပါ ပရိသတ်တွေကို အသိပေးခဲ့ကြပါတယ်။
View this post on Instagram
သူတို့နှစ်ယောက်တွဲရိုက်ပြီး အနမ်းချင်း ဖလှယ်နေကြတဲ့ ပုံဟာ ဆိုရှယ်မီဒီယာမှာ တော်တော်လေး ပျံ့နှံ့ခဲ့ပြီး like ပြုလုပ်သူ 143k အထိ ရှိခဲ့ကြပါတယ်။ ပရိသတ်တော်တော်များများကလည်း သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကို တော်တော်လေး အံ့အားသင့်ခဲ့ကြပြီး အမျိုးသားပရိသတ်တွေကတော့ ဝမ်းနည်းနေတဲ့ emoji တွေနဲ့ မှတ်ချက်ပေးခဲ့ကြပါတယ်။ Demis ရဲ့ ပို့စ်အောက်မှာ Francesca ကလည်း သူမဟာ ဒီကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူသားတစ်ယောက်ဖြစ်ကြောင်း မှတ်ချက်ဝင်ပေးခဲ့တယ်လို့ news.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
View this post on Instagram
Pyi Hein Kyaw