
ဂျပန်နိုင်ငံရဲ့ အအောင်အမြင်ဆုံးနဲ့ လူကြိုက်အများဆုံး ဇာတ်ကားတစ်ကားပြောပါဆိုရင်တော့ Demon Slayer ဇာတ်ကားကိုပဲ ပြောရမှာပါ။ Demon Slayer ဇာတ်ကားဟာ Animation ဇာတ်ကားအမျိုးအစားဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဂျပန်နိုင်ငံရဲ့ လူကြည့်အများဆုံး Animation ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ အခုလည်း Demon Slayer ဇာတ်ကားဟာ ဂျပန်နိုင်ငံရဲ့ ရုပ်ရှင်သမိုင်းမှာ ဝင်ငွေအများဆုံးသော ဇာတ်ကားတစ်ကားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ကြောင်း Hollywoodreporter သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
Demon Slayer ကိုတော့ တော်တော်များများက Manga စာအုပ်တွေမှာဖတ်ပြီး သိလာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Animation စီးရီးအလိုက် ဇာတ်လမ်းတွဲတွေ ထွက်ရှိခဲ့ပြီး အောက်တိုဘာလ ၁၆ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ Demon Slayer: Kimetsu no Yaiba the movie: Mugen Train လို့ အမည်ရတဲ့ Animation ဇာတ်ကားကတော့ လက်ရှိအချိန်မှာ ဂျပန်နိုင်ငံရဲ့ အပေါက်ဆုံး Animation ဇာတ်ကားတစ်ကားအဖြစ် နာမည်ကြီးလျက်ရှိနေပါတယ်။ အဆိုပါ ဇာတ်ကားကိုတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးဒါရိုက်တာတစ်ဦးဖြစ်သူ Haruo Sotozaki က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
View this post on Instagram
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်တမ်းအရဆိုရင် ဒီဇာတ်ကားဟာ ဝင်ငွေ ယန်း ၃၀.၂၈ ဘီလီယံ အထိ ဝင်ငွေရှိခဲ့ပြီး ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Spirited Away အမည်ရ Animation ဇာတ်ကားကတော့ ဝင်ငွေ ယန်း ၃၁.၆၈ ဘီလီယံနဲ့ ဦးဆောင်နေခဲ့တာပါ။ အခုဆိုရင်တော့ Demon Slayer ဇာတ်ကားဟာ စုစုပေါင်းဝင်ငွေ ယန်း ၃၂.၄၇ ဘီလီယံနဲ့ ဂျပန်ရုပ်ရှင်သမိုင်းရဲ့ ဝင်ငွေအများဆုံးသော ဇာတ်ကားတစ်ကားအဖြစ် မှတ်တမ်း ဝင်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။
Cinemas in Japan for Demon Slayer movie pic.twitter.com/4wQCNV9zYC
— Demon Slayer (@DemonSlayerSc) October 17, 2020
View this post on Instagram
Demon Slayer ဟာ ရုပ်ရှင် နယ်ပယ်တစ်ခုတည်းမှာတင် အောင်မြင်တာ မဟုတ်ပဲ Manga စာအုပ်တွေမှာပါ ရောင်းအားကောင်းခဲ့တာပါ။ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ အထိ Volume 22 အထိ ထွက်ရှိခဲ့ပြီး Manga အုပ်ရေ သန်း ၁၀၀ ကျော်အထိ ရောင်းအားကောင်းခဲ့တာပါ။ ဒီလထဲမှာ ထွက်ရှိမယ့် Volume 23 ကိုလည်း စောင့်မျှော်နေသူပရိသတ်တွေ၊ ကြိုတင်အော်ဒါမှာထားသူတွေ မြောက်မြားစွာရှိနေသေးကြောင်းလည်း သိရပါတယ်။
Pyi Hein Kyaw