
အခုလက်ရှိအချိန်မှာ ဂျပန်နိုင်ငံရဲ့ အအောင်အမြင်ဆုံးနဲ့ လူကြိုက်အများဆုံး ဇာတ်ကားတစ်ကားကို လက်ညှိုးထိုးပြပါလို့ တစ်ယောက်ယောက်က ပြောလာရင် Demon Slayer ဇာတ်ကားကိုပဲ ကျိန်းသေလက်ညှိုးပြရမှာပဲ ဖြစ်ပါတယ်။ အဲဒီလို ပြောရလောက်အောင်ကိုပဲ Demon Slayer ဇာတ်ကားရဲ့ အေင်မြင်မှုက အရှိန်အဝါကြီးတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Anime ဇာတ်ကား (ကာတွန်းကား) ဖြစ်ပေမယ့် ဂျပန်နိုင်ငံရဲ့ ရုပ်ရှင်သမိုင်းမှာ ဝင်ငွေအကောင်းဆုံး ဇာတ်ကားတစ်ကားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အခုဆိုရင်လည်း ၂၀၂၁ အော်စကာဆုပေးပွဲရဲ့ Animated Feature Film ဆု အမျိုးအစားအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်ဖွယ်ရှိနေကြောင်း Geekculture သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
၂၀၂၁ အော်စကာဆုပေးပွဲမှာ ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ ဇာတ်ကားစာရင်းတွေကိုတော့ လာမယ့် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှာ တရားဝင်ထုတ်ပြန်ကြေညာသွားမှာပဲ ဖြစ်ပါတယ်။ တကယ်လို့များ Demon Slayer ဇာတ်ကားသာ အဆိုပါ ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့ရင်တော့ ၂ နှစ်အတွင်း ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ ၆ ကားမြောက် ဂျပန် Anime ဇာတ်ကား ဖြစ်မှာတော့ အမှန်ပါပဲ။ နောက်ဆုံးအကြိမ် အော်စကာဆုပေးပွဲမှာ ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ Anime ဇာတ်ကားကတော့ Studio Chizu က ထုတ်လုပ်ရိုက်ကူးတဲ့ Mirai အမည်ရ Anime ဇာတ်ကားပဲ ဖြစ်ပါတယ်။ အခုလက်ရှိ Demon Slayer ဇာတ်ကားသာ ဆန်ကာတင်စာရင်းဝင်ပြီး အော်စကာဆုရခဲ့ရင်တော့ ပထမဦးဆုံး အော်စကာဆုရရှိတဲ့ Anime ဇာတ်ကားတစ်ကားဖြစ်လာမှာတော့ အမှန်ပါပဲ။
View this post on Instagram
Demon Slayer ကိုတော့ ပရိသတ်အများစုက Manga စာအုပ်တွေမှာဖတ်ပြီး သိရှိလာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Animation စီးရီးအလိုက် ဇာတ်လမ်းတွဲတွေ ထွက်ရှိခဲ့ပြီး အောက်တိုဘာလ ၁၆ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ Demon Slayer: Kimetsu no Yaiba the movie: Mugen Train ကတော့ာ ဂျပန်နိုင်ငံရဲ့ အပေါက်ဆုံး Anime ဇာတ်ကားဖြစ်ပြီး ဂျပန်ရုပ်ရှင်သမိုင်းရဲ့ ဝင်ငွေအများဆုံး ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ အဆိုပါ ဇာတ်ကားကိုတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးဒါရိုက်တာတစ်ဦးဖြစ်သူ Haruo Sotozaki က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
View this post on Instagram
Pyi Hein Kyaw