ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံဖြစ်တဲ့ ဒိန်းမတ်နိုင်ငံအကြောင်း

ပျော်ရွှင်ခြင်းကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်တဲ့ မိုက်ခ်ဝီကင်းက ဒိန်းမတ်ဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ဆိုပါတယ်။ မိုက်ခ်ဟာ အသစ်စက်စက် ထုတ်ဝေထားတဲ့ ၄င်းရဲ့စာအုပ် “The Little Book of Hygge” ထဲမှာ ပျော်ရွှင်ခြင်းရဲ့ အရေးပါပုံနဲ့ ဒိန်းမတ်နိုင်ငံသားတွေအကြောင်းကို အခုလို ပြောပြထားပါတယ်။

independent

၇. မိသားစုကို အချိန်ပေးခြင်း

ညနေ(၅း၃၀) ခွဲထိနောက်ကျပြီး အလုပ်လုပ်ရတာဟာ ရင်ခွဲရုံတစ်ခုမှာ အလုပ်လုပ်တာနဲ့ တူတယ်လို့ ဒိန်းမတ်လူမျိုးတွေက ယူဆပါတယ်။ စနေ၊တနင်္ဂနွေမှာ အလုပ်လုပ်ရသူဆိုရင် ရူးနေတယ်လို့ သူတို့က ယူဆပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒိန်းမတ်လူမျိုးတွေရဲ့ အတွေးက နေ့စဉ်နေ့တိုင်း လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်သလို မိသားစုအတွက်လည်း ထိုက်သင့်တဲ့အချိန်ပေးရမယ်လို့ ယူဆတာဖြစ်ပါတယ်။

၆. အစားအသောက်

မိုက်ခ်ဟာ သူ့ရဲ့စာအုပ်ထဲမှာ အသားစားသုံးမှု ပမာဏများပြားခြင်း၊ မုန့်အချိုစားသုံးခြင်းနဲ့ ကော်ဖီသောက်သုံးခြင်းတို့ဟာ  ပျော်ရွှင်မှုပမာဏနဲ့ ဆက်စပ်နေတယ်လို့ ရေးသားထားပါတယ်။ ဒိန်းမတ်တွေဟာ ကြိုက်နှစ်သက်တဲ့ အစားအသောက်ကို စားသောက်ပြီး မိမိကိုယ်ကို ပျော်ရွှင်အောင် ထားကြောင်း မိုက်ခ်က ဆိုထားတာပါ။

READ
ထိုင်းကိုသွားမယ်ဆိုရင် ဒါတွေရှောင်ပါ။
independent

၅. အိမ်

အိမ်ဟာ ပျော်ရွှင်မှုတွေ စုဝေးရာနေရာတစ်နေရာ ဖြစ်ပါတယ်။ တစ်နေ့တာ ပင်ပန်းနွမ်းနယ်သမျှကို ဖြေလျော့ပေးတဲ့ နေရာလည်းဖြစ်ပါတယ်။ ဒိန်းမတ်တွေဟာ အိမ်ဒီဇိုင်းကောင်းကောင်းကို နှစ်သက်ကြပြီး သူတို့အိမ်တွေကို ထူးထူးခြားခြား ပြင်ဆင်ထားလေ့ ရှိပါတယ်။

၎. ခရစ္စမတ်

ခရစ္စမတ်ကာလဟာ ဒိန်းမတ်တွေရဲ့ တစ်နှစ်တာအတွင်း ပျော်စရာအကောင်းဆုံးအချိန် ဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံရဲ့ ရိုးရာခရစ္စမတ်ပွဲတော်ဟာ အမေရိကန်၊ အင်္ဂလန်နိုင်ငံတွေနဲ့ သိပ်မထူးခြားပါဘူး။ ဒါပေမယ့် ကွာခြားချက်က ဒိန်းမတ်တွေရဲ့ ခရစ္စမတ်ဟာ အချင်းချင်း ပျော်ရွှင်မှု၊ နွေးထွေးမှုတွေ မျှဝေဖို့ ကြိုတင် ပြင်ဆင်ရကြောင်း သိရပါတယ်။

independent

၃. မီးအလင်းရောင်

ဒိန်းမတ်ဟာ အလင်းရောင်ကြိုက်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ မီးအိမ်တွေက စလို့ ဖယောင်းတိုင်တွေအဆုံး တွင်တွင်ကျယ်ကျယ် အသုံးပြုပါတယ်။ ပျော်ရွှင်မှု သုတေသနတစ်ခုမှာ တွေ့ရတာကတော့ (၈၅) ရာခိုင်နှုန်းသော ဒိန်းမတ်တွေဟာ ဖယောင်းတိုင်မီးကို မြင်တဲ့အခါ ပျော်ရွှင်ကြကြောင်း တွေ့ရပြီး ဒိန်းမတ်လူမျိုး (၂၈) ရာခိုင်နှုန်းဟာ နေ့စဉ် ဖယောင်းတိုင်ထွန်းလေ့ရှိတယ်လို့ သိရပါတယ်။

READ
(၂၀၁၉) ခုနှစ်အတွက် ခရီးသွားလာရန်မသင့်တဲ့ ကမ္ဘာ့အန္တရာယ်အများဆုံးနိုင်ငံများ

၂. ကိုပင်ဟေဂင်

ကိုပင်ဟေဂင်မြို့ဟာ ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံထဲက တစ်နိုင်ငံပဲဖြစ်ပါတယ်။ စားသောက်ဆိုင်တွေပေါများပြီး လည်ပတ်စရာတွေ များတဲ့အပြင် ခရစ္စမတ်တိုင်းမှာလည်း မီးထွန်းပွဲတော်ကျင်းပတာကြောင့် ကိုပင်ဟေဂင်သားတွေဟာ မြို့မှာ နေထိုင်ရတာ ပျော်ရွှင်ကြပါတယ်။

၁. လူမှုဖူလုံရေး

ဒိန်းမတ်နိုင်ငံသားတွေ အပျော်ရွှင်ဆုံး အပိုင်းက နိုင်ငံရဲ့ လူမှုဖူလုံရေး စီမံချက်တွေ ကောင်းမွန်လို့ ဖြစ်ပါတယ်။ အခွန်ပမာဏ မြင့်ပေမယ့် လူမှုလုံခြုံရေးစနစ်တွေ ကောင်းမွန်တဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှု၊ ပင်စင်စရိတ် စတာတွေကိုလည်း နိုင်ငံသားတွေ ပူပင်စရာမလိုလောက်အောင် စီမံပေးထားတာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: independent

SHARE