ကြိုးကြိုးစားစား ၀ိတ်ချပြီးနောက်ပိုင်း ပျော်နေရပြီဖြစ်တဲ့ အ၀လွန်ခွေးလေး

ဒန်းနစ်စ်အမည်ရတဲ့ ခွေးလေးတစ်ကောင်ဟာ အရင်တုန်းက အလေးချိန်(၅၆) ပေါင်နီးနီး ရှိခဲ့ပါတယ်။ (၅၆) ပေါင်ဆိုတာ သူနဲ့မျိုးတူ အသက်တူခွေး(၄-၅) ကောင်ကို အားလုံးပေါင်းလို့ရတဲ့ ကိုယ်အလေးချိန်နဲ့ ညီမျှပါတယ်။ လူသားတွေလိုပဲ အမေရိကန် အိုဟိုင်းယိုးပြည်နယ်နေ ဒန်းနစ်စ်ဟာလည်း အ၀လွန်ရောဂါရှိခဲ့ပါတယ်။ သူအ၀လွန်ရတဲ့ အကြောင်းရင်းက လူတွေစားတဲ့ အစားအသောက်တွေဖြစ်တဲ့ ပီဇာနဲ့ ဘာဂါလို အမြန်စာတွေကို အစားများလို့ပါ။

Facebook

ဒန်းနစ်စ်ရဲ့ သခင်မကတော့ ဘရုခ်ဘာတန်ဆိုသူ အသက်(၂၆) နှစ်အရွယ် သူနာပြုကျောင်းသူတစ်ဦးပါ။ သူက ဒန်းနစ်စ်ကို ဦးလေးဆီကနေ ခေါ်ယူ မွေးစားထားခဲ့တာ ဖြစ်ပါတယ်။ ပုံမှာမြင်ရတာကတော့ (၂၀၁၃) ခုနှစ် ဂျွန်တုန်းက ရိုက်ကူးထားတဲ့ဒန်းနစ်စ်ရဲ့ ဓာတ်ပုံပါ။ ဘရုခ်က “ဒန်းနစ်စ်ထွက်လာတဲ့အခါ ကိုယ့်မျက်စိတောင် ကိုယ်မယုံနိုင်ဘူး။ ခွေးက အရမ်းကြီးနေတာကြောင့် ဘာအမျိုးအစားဆိုတာတောင် ပြောလို့မရတော့ဘူး။” လို့ ဆိုပါတယ်။

READ
ပိတုန်းတစ်ကောင်ကို အိမ်မွေးတိရိစ္ဆာန်အဖြစ် တယုတယမွေးထားတဲ့အမျိုးသမီး
Facebook

ဘရုခ်ဟာ ဒန်းနစ်စ်ကို တောင်းယူမွေးစားခဲ့ပြီး အ၀လွန်တဲ့ ခွေးလေးကို ပုံမှန်ပြန်ဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ အစားအသောက်တွေကို ရွေးချယ်ကျွေးမွေးပြီး လေ့ကျင့်ခန်းမှန်မှန် လုပ်စေခဲ့ပါတယ်။ မကြာခင်မှာပဲ ဘရုခ်ရဲ့ ကောင်းမှုနဲ့ ဒန်းနစ်စ်ဟာ ကိုယ်အလေးချိန်ကျလာခဲ့ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ဒန်းနစ်စ်ဟာ ၀ိတ်ကျလာခဲ့ပေမယ့် အရင်တုန်းက ၀ထားဖူးတဲ့ ဒဏ်ကြောင့် အရေပြားတွေတွဲကျလာနေတာပါ။ “ဒန်းနစ်စ်က ၀ိတ်ကျလာပေမယ့် ပြေးတောင် မပြေးတော့ဘူး။ အရေပြားတွေက တွဲကျနေတော့ အဲဒါကို ခလုတ်တိုက်ပြီး ခဏခဏချော်လဲနေလို့။” လို့ ဆိုပါတယ်။

Facebook

ဒါကြောင့် ဘရုခ်ဟာ ဒန်းနစ်စ်ကို ခွဲစိတ်မှုခံယူစေပြီး ပိုထွက်နေတဲ့ အရေပြားတွေကို ဖယ်ရှားပေးလိုက်ပါတယ်။ ခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက်မှာ ဒန်းနစ်စ်က အရင်ကနဲ့ မတူတော့ပါဘူး။ သူ့ကိုယ်သူလည်း ယုံကြည်မှုရှိလာပြီး လူတွေနဲ့ နေရာတကာ လိုက်လံရောနှောချင်သူကြီး ဖြစ်နေပါတော့တယ်။ အောက်မှာတွေ့ရတာကတော့ အရင်ကထက် (၇၅) ရာခိုင်နှုန်းလောက် ကိုယ်အလေးချိန်ကျသွားပြီဖြစ်တဲ့ ဒန်းနစ်စ်ရဲ့ လက်ရှိပုံလေးပဲ ဖြစ်ပါတယ်။

READ
သမီးလေးကြောင့် ဆေးသမားအဖြစ်ကနေ ဘ၀တစ်ဆစ်ချိုးပြောင်းလဲခဲ့တဲ့ အမျိုးသမီး
Facebook
Facebook
Facebook

လင်းလင်း (ShweMom)

Ref: elitereaders

SHARE