လမ်းပေါ်က လူတစ်ယောက်ရဲ့ဘဝကို ကယ်တင်နိုင်ခဲ့တဲ့ မင်းသားကြီး Denzel Washington

[email protected]

လက်ရှိ COVID 19 ဖြစ်ပွားနေတဲ့အချိန် လူတိုင်းနီးပါး အိမ်မှာပဲနေဖို့ နိုင်ငံတော်တော်များများရဲ့ အစိုးရတွေက အမိန့်ထုတ်ပြန်ထားပါတယ်။ တကယ်လို့ မဖြစ်မနေ အပြင်ထွက်ခဲ့ရရင်လည်း Face Mask တပ်ထားဖို့ လိုအပ်ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ လက်ရှိ COVID 19 ရောဂါတွေ ဖြစ်ပွားနေတဲ့အပြင် George Floyd ရဲ့ သေဆုံးမှုကြောင့် ဆန္ဒပြမှုတွေ၊ ဆူပူမှုတွေ ဖြစ်ပွားနေဆဲပါပဲ။ Los Angeles က ဆန္ဒပြပွဲတစ်ခုရဲ့ လမ်းမပေါ်မှာ ယောင်ချာယောင်ချာဖြစ်နေတဲ့ လူမည်းအမျိုးစားတစ်ဦးကိုတော့ Hollywood ရုပ်ရှင်မင်းသားကြီး Denzel Washington က ရဲတွေလက်ကနေ သီသီလေး ကယ်တင်နိုင်ခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Denzel ဆိုတာကကတော့ The Equalizer, American Gangster, The Book of Eli အစရှိတဲ့ နာမည်ကြီးဇာတ်ကားတွေမှာ အဓိကမင်းသားနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီး ရုပ်ရှင်မင်းသားကြီးပါပဲ။ Denzel ဟာ ပြီးခဲ့တဲ့အပတ် သောကြာနေ့(၂၉.၅.၂၀၂၀)တုန်းက Los Angeles မြို့ရဲ့ လမ်းမပေါ်မှာ တစ်ယောက်တည်း ယောင်ချာယောင်ချာဖြစ်နေတဲ့ အမျိုးသားတစ်ယောက်ကို ရဲတွေ ဖမ်းဆီးခါနီးမှာ သူကိုယ်တိုင်ရဲအရာရှိတွေကို ကားပေါ်ကနေဆင်းပြီး အကျိုးအကြောင်းရှင်းပြကာ ကူညီခဲ့ပါတယ်။

READ
ရောင်စုံပန်းတွေနဲ့အပြိုင်လှလွန်းနေတဲ့ သင်ဇာဝင့်ကျော်

 

ရဲတွေက အဆိုပါ လူမည်းအမျိုးသားကို စစ်ဆေးမေးမြန်းနေတဲ့ အကြောင်းအရင်းကတော့ လမ်းမပေါ်ထွက်တဲ့အချိန် Mask မတပ်ထားလို့ပါပဲ။ အဲဒီနောက် ရဲတွေဟာ အဆိုပါအမျိုးသားကို လက်ထိပ်ခတ်လိုက်တဲ့အချိန်မှာတော့ Denzel ဟာ ကားပေါ်ကနေဆင်းသွားပြီး ရဲအရာရှိတွေကို အကျိုးသင့်အကြောင်းသင့် မေးမြန်းခဲ့ပါတယ်။

READ
MTV VMAs 2018 ဆုပေးပွဲရဲ့ အဆိုးရွားဆုံးဝတ်စုံများ

https://www.instagram.com/p/CAVJrCenfcp/

အဲဒီအချိန်ရဲတွေကလည်း အဆိုပါအမျိုးသားကို ဖမ်းဆီးရခြင်းအကြောင်းအရင်းကို ပြန်လည်ရှင်းပြခဲ့ပြီးနောက် Denzel ဟာ အဆိုပါအမျိုးသားဟာ အိမ်ခြေရာမဲ့တစ်ဦးဖြစ်ကြောင်း ရဲတွေကို ကောင်းမွန်စွာရှင်းပြပြီး ပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ နောက်ဆုံးမှတြော့ ရဲတွေဟာ Denzel စကားကို လက်ခံခဲ့ပြီး ဖမ်းထားတဲ့ အမျိုးသားကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Denzel ဟာ အဆိုပါအိမ်ခြေရာမဲ့အမျိုးသားကို Mask နဲ့ ပိုက်ဆံတစ်ချို့ ပေးခဲ့ကြောင်း သိရပါတယ်။

 

Pyi Hein Kyaw

SHARE