
Hollywood ရုပ်ရှင်လောကရဲ့ နာမည်ကျော်မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ Denzel Washington ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တိုင်း သိရှိကြမယ်ထင်ပါတယ်။ အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ အော်စကာဆုရှင် Denzel ဟာ The Equalizer, Training Day, Fences, American Gangster အစရှိတဲ့ နာမည်ကြီး Hollywood ရုပ်ရှင်ဇာတ်ကားတိုင်းမှာ ပြောင်မြောက်လှတဲ့ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ပြသခဲ့တဲ့ မင်းသားကြီးတစ်ယောက်ပါ။ ဒါ့အပြင် Denzel ဟာ လာမယ့် ဇန်နဝါရီလ ၂၉ ရပက်နေ့မှာ The Little Things လို့ အမည်ရတဲ့ ရဲစုံထောက်ဇာတ်ကားသစ်တစ်ကား ထွက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။
ဒီဇာတ်ကားကိုတော့ နာမည်ကြီး ဒါရိုက်တာ John Lee Hancock က ရိုက်ကူးခဲ့ပြီး အက်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ Denzel ဟာ ကွင်းဆက်လူသတ်သမားတစ်ယောက်ကို လိုက်လံဖမ်းဆီးနေတဲ့ ရဲအရာရှိတစ်ယောက်ရဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီလိုမျိုး Denzel တစ်ယောက် ဇာတ်ကားအတော်များများမှာ ရဲအရာရှိနေရာက ပါဝင်သရုပ်ဆောင်တာ ဒီဇာတ်ကားနဲ့ဆိုရင် ၁၃ ကားရှိနေပြီပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ရဲနေရာက သရုပ်ဆောင်နေရတာ Denzel အတွက် ဘယ်လိုခံစားမှုရှိကြောင်း yahoo သတင်းဌာနက မေးမြန်းခဲ့တဲ့ အပေါ်မှာ Denzel အနေနဲ့ သူဟာ ရဲတွေနဲ့ စစ်သားတွေကို အမြဲတမ်းလေးစားတဲ့ လူတစ်ဦးသာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
View this post on Instagram
“ သူတို့ရဲ့ အသက်နဲ့ရင်းပြီး ကျွန်တော်တို့လို ပြည်သူတွေကို ကာကွယ်စောင့်ရှောက်နေတဲ့ ရဲတိုင်း ၊ စစ်သားတိုင်းကို ကျွန်တော် လေးစားမှုအပြည့် ရှိပါတယ်။ သူတို့လိုမျိုး နိုင်ငံ့ဝန်ထမ်းတွေကို သေးသိမ်အောင် သိက္ခာချနေတဲ့ လူတစ်ချို့ရဲ့ လုပ်ရပ်တွေကို ကျွန်တော် လုံးဝ လက်မခံပါဘူး။ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်နေတဲ့ ရဲတွေသာ မရှိခဲ့ဘူးဆိုရင် ရဲတွေကို မကျေနပ်ကြောင်း စိတ်ကြိုက် ပြောလို့ရမယ့် ၊ ကိုယ့်ထင်မြင်ယူဆချက်ကို ထုတ်ဖော်ပြောလို့ရမယ့် လွတ်လပ်ခွင့်ဆိုတာလည်း ရှိလာနိုင်မှာ မဟုတ်ပါဘူး ”လို့ Denzel က Yahoon Entertainment နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
View this post on Instagram
Pyi Hein Kyaw