Fantastic Beats ထဲက Johnny Depp ထွက်ရတဲ့အကြောင်း ပြောလာတဲ့ Jude Law

instagram/angel_060563 instagram/johnnydeppofficial

Fantastic Beats 3 ရုပ်ရှင်ဇာတ်ကားထဲ Johnny Depp ဆက်လက် မပါဝင်တော့မယ့်အကြောင်းနဲ့ပတ်သက်လို့ Jude Law က အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ပါတယ်။ Depp ဟာ JK Rowling ရဲ့ စိတ်ကူးယဉ်သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲ Fantastic Beats ထဲ Gellert Grindelwald အဖြစ် ပါဝင်သရုပ်ဆောင်ဖို့အစီအစဉ်ကို ပယ်ဖျက်ခဲ့ပြီ ဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by Johnny Depp (@johnnydeppofficial)


အသက် ၅၇ နှစ်အရွယ် Depp ဟာ The Sun သတင်းစာစောင်က သူနဲ့ ဇနီးဟောင်း Amber Heard တို့ရဲ့အိမ်ထောင်ရေးကိုရေးသားဖော်ပြခဲ့ရာ မိန်းမကိုရိုက်တဲ့သူဆိုပြီး သုံးနှုန်းကာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့အတွက် Depp ဟာ သတင်းစာကို တရားရုံးထိယူသွားပြီး တိုင်ကြားခဲ့တာဖြစ်ပါတယ်။ Entertainment Tonight နဲ့ အင်တာဗျူးမှာတော့ Law က အသစ်ထွက်မယ့်ရုပ်ရှင်ဟာ ကဏ္ဍတွေခွဲပြီးသရုပ်ဆောင်ရမှာတွေ များတယ်လို့ဆိုပါတယ်။ Law ဟာ Fantastic Beats ထဲမှာတော့ Albus Dumbledore အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

READ
ဘိုမရုပ်လေးလားလို့ အထင်မှားရလောက်အောင် လှနေတဲ့ နေခြည်ဦး

Law က “ဒါ ကျွန်တော့်အတွက် ထူးခြားတယ်။ ဘာလို့လဲဆိုတော့ ဒီဇာတ်ကောင်နဲ့ Depp က တစ်ရက်ပဲ ရုပ်ရှင်ရိုက်ရသေးတယ်။ အခုလိုမျိုးမှာ ကုမ္ပဏီနဲ့ စတူဒီယိုကပဲ ဆုံးဖြတ်ချက်တွေချရတာပါ။ ဒါကို ခင်ဗျားအနေနဲ့ လိုက်လျောညီထွေလက်ခံဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က အဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ဝင်တွေဖြစ်နေလို့ပဲ။”

 

View this post on Instagram

 

A post shared by Jude Law (@d.judelaw)

Depp ကိုယ်တိုင်ဟာလည်း တရားရုံးက အမိန့်စာထွက်ပြီးပြီးချင်း Warner Bros နဲ့ အလုပ်ဆက်မလုပ်တော့ဘူးလို့ ကြေညာခဲ့တာပါ။ Depp ဟာ သူ့ကို wife beater လို့ရေးသားခဲ့တဲ့ The Sun သတင်းစာမျက်နှာကို တရားစွဲခဲ့ရာမှာ တရားရုံးက သူ့တိုင်ကြားချက်ကိုပယ်ချခဲ့တာဖြစ်ပြီး သတင်းကရေးသားတာအမှန်ဆိုပြီး ဆုံးဖြတ်ပေးခဲ့တာပါ။

READ
MODA Magazine အတွက် ဓါတ်ပုံရိုက်ကူးပေးခဲ့ကြတဲ့ မော်ဒယ်များ

Depp ကတော့ အင်စတာဂရမ်ပေါ်မှာ “အရင်ဆုံး ကျွန်တော့်ကိုအားပေး ပံ့ပိုးပေးကြတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ဒုတိယအနေနဲ့ ကျွန်တော်ဟာ Fantastic Beats ထဲမှာ ဇာတ်ကောင် Grindelwald အဖြစ် ဆက်ပြီး သရုပ်မဆောင်တော့ပါဘူး။ Warner Bros က ကျွန်တော့်ကို နှုတ်ထွက်ခိုင်းပါတယ်။ ကျွန်တော်လည်း သူတို့တောင်းဆိုတာကို လက်ခံခဲ့ပါတယ်။ နောက်ဆုံးပြောချင်တာက တရားရုံးက အခုလိုဆုံးဖြတ်လို့လည်း ကျွန်တော့်သဘောထား မပြောင်းလဲပါဘူး။ အမှန်တရားအတွက် တိုက်ခိုက်နေမယ်။ ကျွန်တော်အသနားခံစာတင်ဦးမယ်။ ကျွန်တော့်အပေါ်စွပ်စွဲထားတဲ့ စွပ်စွဲချက်တွေက မှားတယ်ဆိုတာ သက်သေပြရဦးမယ်။” လို့လည်း အခုလိုရေးသားခဲ့တာကို harpersbazaar  အရသိရပါတယ်။

 

View this post on Instagram

 

A post shared by Johnny Depp (@johnnydeppofficial)

CeleNow

SHARE