စိတ်ဓာတ်ကျခြင်းနဲ့ ပတ်သက်ပြီး လူတိုင်း သိထားသင့်တဲ့ အချက် (၇) ချက်

စိတ်ဓာတ်ကျ၊ အားငယ်ခြင်းဟာ အလွန်ဖြစ်နိုင်ချေများပြီး ကုသလို့မရတဲ့ နာတာရှည်ရောဂါတစ်မျိုးလိုပါပဲ။ သင့်ရဲ့ အသက်တာကို ကယ်တယ်နိုင်ဖို့ ဆိုရင်တော့ အခုဖော်ပြမယ့် အချက်တွေက သိထားသင့်တဲ့ အချက်တွေပဲဖြစ်တယ်။ တနည်းအားဖြင့် လူတိုင်း သိထားသင့်တဲ့ အချက် (၇) ချက်ဖြစ်ပါတယ်။

၁။ ခံစားရတာ အကြောင်းပြချက်ရှိတယ်…. ဟိုး ရပ်!!!
pixabay

တစ်ခါတစ်ရံမှာ လူတွေက စိတ်ဓာတ်ကျတာတွေ ဖြစ်ရတာဟာ ခိုင်လုံတဲ့ အကြောင်းအရင်းတစ်ခု ရှိလို့ဆိုပြီး ပြောကြတယ်။ အလုပ်မရှိတော့တာ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက် ဆုံးပါးသွားတာ စသဖြင့်ပေါ့…။ ဒါပေမယ့် စိတ်ကျရောဂါကုသရေးမှာ သင် ဘယ်လို ခံစားနေရလဲဆိုတာအတွက် အကြောင်းပြချက်ဆိုတာ သေချာပေါက်မရှိဘူး။ သင့် ဦးနှောက်ထဲက စိတ်ခံစားမှုတွေကို ထိန်းချုပ်တဲ့ ဓာတုပစ္စည်းတွေ မမျှမတဖြစ်တာကြောင့် ဘ၀ကြီးက အဆင်ပြေနေတာတောင် ခံစားမှုတွေ မကောင်းရှိစေတာဖြစ်ပါတယ်။

 

၂။ ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကလည်း ခပ်များများ
pixabay

စိတ်ကျ၊ အားငယ်ခြင်းတွေကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေဟာ အပြည့်အစုံကြီး သိဖို့ဆို အင်မတန်ခက်ခဲပါတယ်။ ဒါတွေဟာ အကြောင်းအားလုံး ပေါင်းစုံသွားတာကြောင့် ဖြစ်နိုင်တယ်ဆိုတာကို အကောင်းဆုံးဖြေရှင်းချက်အနေနဲ့ လက်ခံထားကြပါတယ်။ ကွက်ကွက်ထင်ထင် ဖြစ်ပျက်နေတဲ့ အခြေအနေတွေ၊ ပတ်ဝန်းကျင်တွေ အကြောင်းတရားတွေမှာ ဖုံးငုပ်နေတဲ့ မျိုးရိုဗီဇီဆိုင်ရာ ဆိုင်ရာတွေက ယိမ်းယိုင်မှုဖြစ်တာကြောင့်နဲ့ ဖြစ်ပေါ်လာတာလို့လည်း ဆိုနိုင်ပါတယ်။

READ
အကြွေးမတင်အောင်သင့်ကိုကူညီနိုင်မယ့်နည်းလမ်းများ
၃။ သာမန် ၀မ်းနည်မှုထက် ပိုတဲ့အရာ….
pixabay

လူဖြစ်တည်မှုမှာ ၀မ်းနည်းမှုဆိုတာက တစ်စိတ်တစ်ဒေသပါဝင်နေပြီး နာကျင်ဖွယ် အခြေအနေ အချိန်အခါတွေကြောင့် ထင်ဟပ်လာတဲ့  သဘာဝတန့်ပြန်မှုတစ်ခုဖြစ်တယ်။ လူသားတွေရဲ့ ဘ၀ထဲရှိ အချိုးအကွေးတစ်စုံတစ်ရာတိုင်းမှာ အားလုံးပဲ ၀မ်းနည်မှုဆိုတဲ့ အတွေ့အကြုံတစ်ခုကို ရရှိကြပါတယ်။ စိတ်ဓာတ်ကျခြင်းကျတော့ စိတ်ထောင်းလို့ ကိုယ်ကြေဆိုသလိုပဲ မပျော်ရွှင်မှုထက်ပိုတဲ့ လက္ခဏာရပ်တွေများတဲ့ ရုပ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်မှုတွေကိုပါ ပေးစွမ်းလာတတ်ပါတယ်။

၎။ ကလေးတွေလည်း စိတ်ဓာတ်ကျ၊ အားငယ်တာတွေ ဖြစ်တာပဲ….
pixabay

ငယ်ဘ၀က အသက်တာမှာ အလွတ်လပ်ဆုံးနဲ့ ပျော်ရွှင်စရာအကောင်းဆုံး ဘ၀အခိုက်တန့်လို့ ပြောတာကြားဖူးပါတယ်။ လူကြီးတွေလို အလုပ်တွေနဲ့ ဆက်စပ်ပြီး ရလာတဲ့  ပူပန်ကြောင့်ကြမှုတွေ စီးပွားရေး ဖိစီးမှုတွေအတိုင်း ငယ်ရွယ်တုန်းမှာ မခံစားရပေမယ့် အနိုင်ကျင့်ခံရတာမျိုး၊ အပေါင်းအသင်းတွေရဲ့ သဘောကျလက်ခံမှုတွေရဖို့ လှုပ်ရှားရတာ စတာတွေနဲ့ စိုးရိမ်သောကဖြစ်ရတာပါပဲ။

၅။ စိတ်ကျတာဟာ တကယ့် ဝေဒနာတစ်ရပ်လိုပါ….
pixabay

ဒီစာတွေကို ဖတ်နေတဲ့ သင်က ပျော့ညံ့နေတဲ့ (သို့) ရူးနှမ်းနေတဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ စိတ်ဓာတ်ကျတာ၊ အားငယ်တာကို သိပ္ပံပညာရှင်တစ်ချို့က ဒါဟာ နျူထရွန်ထရန်စအခုမစ်တာ လိုခေါ်တဲ့ ဦးနှောက်ထဲအတွင်းမှာ ရှိတဲ့ ဓာတုပစ္စည်းတစ်မျိုးမှာ မမျှတလို့ မတည်ငြိမ်လို့ ဖြစ်တာဖြစ်ကြောင်း လက်ခံယုံကြည်ထားကြပါတယ်။ အဲဒီ နျူထရွန်ထရန်စမစ်တာတွေက လူ့ စိတ်ခံစားမှု လည်ပတ်တဲ့ အခန်းကဏ္ဍနဲ့ ခန္ဓာကိုယ်တစ်ခုလုံးရှိ တခြားသော ဖန်ရှင်တွေမှာပါ ပါဝင်နေပါတယ်။

READ
ငယ်ချစ်နဲ့လက်ထပ်ရင် ဖြစ်လာနိုင်တဲ့ဆိုးကျိုးများ
၆။ တကယ်တမ်း ဒါဟာ ကုသလို့ ရပါတယ်….
pixabay

သင့်မှာ တကယ်လို့များ စိတ်ဓာတ်ကျ၊ အားငယ်မှုတွေရှိနေရင် ဒါကို ဝေဒနာတစ်ခုလို ခံစားဖို့မလိုအပ်ပါဘူး။ အခုဆို အလွန်ထိရောက်မှုရှိတဲ့ ကုထုံးတွေ များစွာရှိနေဖြစ်ပြီး တရားရှုမှတ်တာနဲ့ စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေလည်း ပါဝင်တယ်။ ဒီ့အပြင်မှာ ကုထုံးအသစ်တွေလည်း အချိန်တိုင်း တိုးတက်ပေါ်ပေါက်လာနေပြီး တခြားကုထုံးတွေနဲ့ မအောင်မြင်တဲ့ ကိစ္စတွေမှာ ထိရောက်မှုရှိရှိနဲ့ အထောက်အကူပေးလျက်ရှိနေပါတယ်။

၇။ သေကြောင်းကြံမှုတွေဖြစ်စေတဲ့ အဓိကအချက်ကတော့ ကုမရတဲ့ စိတ်ကျဝေဒနာပါပဲ
pixabay

စိတ်ဓာတ်ကျခြင်းရဲ့ တကယ့် ချို့ယွင်မှုတွေ့ရှိချက်တွေနဲ့ ကုသမှုတွေက  သေကြောင်းကြံမှုတွေကို တားဆီးရာမှ လွန်စွာမှ အရေးပါနေပါတယ်။ သတ်သေတဲ့သူတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က တစ်ချို့သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမျိုးတွေကနေ ဆင်းရဲဒုက္ခ ခံစားရပြီး ကျူးလွန်ကြတာဖြစ်ကြောင်း Substance Abuse and Mental Health Services Association (SAMHSA) ရဲ့ အဆိုအရ သိရပါတယ်။ ကုသနေဆဲ၊ မကုသတဲ့၊ မတွေ့ရှိသေးတဲ့  အားငယ်၊ စိတ်ဓာတ်ကျခြင်းတွေဟာ သေကြောင်းကြံတဲ့ လူတော်တော်များများမှာ စွဲကပ်နေတာတွေ့ရပါတယ်။

 

Ref: Very Well Mind

Matty (ShweMOM)
SHARE