အိမ်ကို ဖောက်ဝင်တဲ့အပြင် အိမ်ရှင်ကို အတည်ပေါက်နဲ့ သွားလိုရာ လိုက်ပို့ခိုင်းခဲ့တဲ့ သူခိုး

အမေရိကန်နိုင်ငံ Maine ပြည်နယ် Waterboro မြို့မှာနေထိုင်တဲ့ လူတစ်ယောက်ဟာ  ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ နေ့လည်က သူ့အိမ်သူပြန်လာချိန် အိမ်မှာ လူစိမ်းတစ်ယောက် ရောက်နေတာကို မထင်မှတ်ဘဲ တွေ့လိုက်ရပါတယ်။ သေချာတာ ဒါ ဆန်တာကလော့စ်တော့ မဟုတ်ဘူး။

အမျိုးသားဟာ အိမ်တံခါးဖွင့်လိုက်တာနဲ့ လူစိမ်းတစ်ယောက်က ကျူးကျူးကျော်ကျော် အိမ်ထဲရောက်နေပြီး သူ့ အ၀တ်အစားတွေလည်း ၀တ်ထားလို ၀တ်ထားနဲ့ တီဗီထိုင်ကြည့်နေတာကို တွေ့လိုက်ရပါတယ်။

ဒီ့အပြင် အိမ်ရှင်ရဲ့ စားစရာတစ်ချို့ကို စားထားပြီး ရေတောင်ချိုးထားပါသေးလို့ News Center Maine ရဲ့ ဖော်ပြချက်တွေမှာ တွေ့ရပါတယ်။

NYtimepost

ကျူးကျော်ဝင်ရောက်ခဲ့တဲ့ အမျိုးသားရဲ့ နာမည်ဟာ Derek Tarbox လို့သိရပြီး သူဟာ အိမ်ရှင်ကို သူငယ်ချင်းအိမ်နဲ့ မှားဝင်ခဲ့တာပါဆိုပြီး အယုံသွင်းခဲ့ပါတယ်။ အဲ့ဒီ့နောက် Hollis မြို့မှာရှိတဲ့ နောက်ထပ်အိမ်တစ်အိမ်ကိုတောင် ရုပ်တည်နဲ့လိုက်ပို့ခိုင်းခဲ့ပါသေးတယ်။

READ
ဟယ်ရီပေါ်တာမှော်လောကအသွင် ပြောင်းလဲလိုက်မယ့် အိုဟိုင်းယိုးက မြို့လေးတစ်မြို့
Pressherald
Pressherald

အခုအဖြစ်အပျက်က သိပ်တော့ မူမမှန်ဘူးဆိုတာကို ခံစားမိခဲ့ပေမယ့် ဟုတ်မှာပါဆိုတဲ့ အတွေးနဲ့ အိမ်ရှင်က သဘောတူပြီး လိုက်ပို့ခဲ့တယ်လို့ York ပြည်နယ်ရဲ့ ငြိမ်ဝပ်ပိပြားရေး အရာရှိ Bill King က Portland သတင်းဌာနကို ပြောပြထားတာတွေ့ရပါတယ်။

အိမ်ရှင်အမျိုးသားကလည်း အိမ်က မြန်မြန်ထွက်သွား စေချင်ဇောနဲ့ လုပ်ခဲ့တာဖြစ်ကြောင်း၊ အိမ်ကို ပြန်ရောက်မှ နောက်ဖေးတံခါး ဖျက်ခံထားရတာကို တွေ့ပြီး ပစ္စည်းတစ်ချို့ ပျောက်ဆုံးနေတာကို တွေ့ခဲ့ကြောင်း Bangor Daily News မှာလည်း ဖော်ပြထားတာတွေ့ရပါတယ်။

နောက်မှ Maine State Police ရဲ့ အကြောင်းကြားချက်အရ Tarbox က Portland မြို့ကနေ ကားခိုးပြီး ထွက်ပြေးလာပြီး Hollis မြို့မှာ ဂတ်စ်ကုန်သွားခဲ့ပါတယ်။ အဲ့ဒီ့နောက် တခြားတစ်စီးကို ထပ်ခိုးပြီး သစ်တောထဲမှာ မတိုက်မိခင်အထိ မောင်းနှင်ခဲ့ကြောင်း သိခဲ့ရတယ်။

READ
နီကိုတင်းဓာတ်စွဲနေပြီးစီးကရက်မသောက်ရမနေနိုင်ဖြစ်နေတဲ့သိုး

အဲ့လိုဖြစ်ပျက်ပြီးကာမှ ခုနက အိမ်ရှင်ရဲ့ အိမ်ကိုရောက်လာခဲ့ပြီး ဖျက်ဝင်၊ ရေချိုး၊ စားသောက်ပြီး၊ တီဗီထိုင်ကြည့်နေခဲ့တာဖြစ်ကြောင်း ရှင်းလင်းချက်ထုတ်ထားပါတယ်။ Tarobox ရဲ့ ဆွေမျိုးထဲက တစ်ယောက်ရဲ့ သတင်းပေးမှုနဲ့အတူ အာဏာပိုင်တွေက သူ့ကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

Ref: Huffington post

Matthew (ShweMOM)

 

SHARE