နားလည်ဖို့ခက်ခဲတဲ့ ဒီဇိုင်နာတွေရဲ့ ထူးထူးဆန်းဆန်း ဒီဇိုင်းဆန်းများ

ပစ္စည်းဒီဇိုင်နာတွေ၊ အင်္ကျီဒီဇိုင်နာတွေဟာ သူ့ထက်ငါ တစ်မူထူးခြားအောင် စိတ်ကူးဥာဏ် ကွန့်မြူးတတ်ကြတာ လူတိုင်းသိကြပါတယ်။ ဒါပေမယ့် အချို့ဒီဇိုင်နာတွေရဲ့ တီထွင်မှုတွေက အရမ်းကို ထူးဆန်းတဲ့ဘက် ရောက်သွားတတ်ပြီး အချို့ဒီဇိုင်နာတွေဆိုရင် အဆန်းထွင်လက်လွန်ပြီး ပစ္စည်းရဲ့ ရည်ရွယ်ချက်တောင် ပျောက်ဆုံးသွားတတ်တာ တွေ့ရပါတယ်။

သင်ဆိုရင်လည်း ကြည့်ရတာ ထူးဆန်းလွန်းတဲ့ ပစ္စည်းတွေကို ဘယ်လောက်တန်ဖိုးကြီးကြီး လိုချင်မှာ မဟုတ်ပါဘူး။ အောက်ဖော်ပြပါတွေကတော့ ဒီဇိုင်နာတွေ လက်စွမ်းပြထားတဲ့ ထူးဆန်းအဝတ်အစားများ အပါအဝင် ပစ္စည်းအသုံးအဆောင်များပဲဖြစ်ပါတယ်။

# နွားနို့ညှစ်တာ ဝါသနာပါတဲ့သူတွေအတွက် အထူးထုတ်ထားတဲ့ လက်ကိုင်အိတ်လို့ ထင်ရလောက်ပါတယ်။

# ဒီအိမ်သာသုံးစက္ကူကို ဖော်ပြနိုင်တဲ့ တစ်ခွန်းသော စကားလုံးကတော့ “ဇိမ်ခံပစ္စည်း” ဖြစ်နိုင်ပါတယ်။

# ဘောင်းဘီရှည်ဝတ်ရမှာလည်း ပူလွန်းပြီး ဘောင်းဘီတိုလည်း မဝတ်ချင်သောသူများအတွက်

# ဒီဖိနပ်ကို ထုတ်လုပ်ခဲ့တဲ့ ဒီဇိုင်နာကတော့ ကျောက်စရစ်ခဲတွေကို ကြည့်ပြီး စိတ်ကူးဥာဏ်ကွန့်မြူးခဲ့ပုံပေါ်ပါတယ်။

# ဒီဝတ်စုံကတော့ နောက်ခံအမည်းရောင်ရှိတဲ့နေရာမှာ လုံးဝမဝတ်သင့်တဲ့ အင်္ကျီဖြစ်ပါတယ်။

READ
ဘာများလဲဆိုပြီး လူကို ရုတ်တရက်အံ့သြမှင်သက်သွားစေနိုင်တဲ့ ပုံရိပ်များ

# အချင်းများမှုတွေရှိလာရင် ဒီဖုန်းလေးနဲ့ ခြိမ်းခြောက်လို့ ရနိုင်ပါတယ်။

# အိမ်သာသွားသူများအတွက် အင်ဂျင်နီယာက ရွှေဥာဏ်တော်ကွန့်မြူးလိုက်ပြန်ပါပြီ။

# အမဲအသားလွှာကြိုက်သူများအတွက် အထူးထုတ်ထားတဲ့ ဂျင်းဘောင်းဘီဖြစ်နိုင်ပါတယ်။

# သွားအကြီးကြီးတွေနဲ့ အကိုက်မခံချင်ရင် ဒီအိမ်သာကိုတော့ သွားလို့မဖြစ်ပါဘူး။

# ဒါဟာ ဂြိုဟ်သားအင်္ကျီလေးများလား

White (Shwemom)

Ref: 9GAG

SHARE