Despacito သီချင်း ရိုက်ကွင်းတည်ထားတဲ့ ပွာတိုရီကိုနိုင်ငံက သမိုင်းဝင်ရပ်ကွက်ကြီး အကြောင်း

ပွာတိုရီကိုနိုင်ငံက La Perla ဟာ တခြား ကမ္ဘာလှည့် နေရာဒေသတွေနဲ့ မတူဘဲ ထူးခြားတယ်။ လွန်ခဲ့တဲ့ အတိတ်က အရိပ်ဆိုးတွေကြောင့် ဒီနေရာကို လေ့လာချင်တဲ့သူတွေရှိခဲ့သလို သွားဖို့လည်း ပူပန်စိုးရိမ်ခဲ့ကြရတယ်။ အခုတော့ အေးအေးချမ်းချမ်းဖြစ်နေပြီဖြစ်တဲ့အတွက် စိတ်ချလက်ချသွားရောက်နိုင်ပါပြီ။ La Perla မှာရှိတဲ့ လူ့မှု့ ပတ်ဝန်းကျင်က မြူးမြူးကြွကြွ စိုစိုပြေပြေရှိတယ်၊ များစွာသော သမိုင်းတွေနဲ့ လှပတဲ့ နေရာဒေသဖြစ်ပါတယ်။ ကျွန်းပေါ်မှာ အထူးခြားဆုံး ရပ်ကွက်တစ်ခုဖြစ်ပြီး Despacito သီချင်းနဲ့ အခုနောက်ပိုင်းမှာ ပိုပြီး နာမည်ကြီးလာခဲ့ပါတယ်။

View this post on Instagram

Puerto Rico from the air – La Perla

A post shared by Emilio Colón (@colon_emilio) on

La Perla ဟာ Louis Fonsi ရဲ့ လူသိများတဲ့ သီချင်း Despacito သီချင်း ဗီဒီယိုထဲက နေရာဖြစ်ပါတယ်။ အဲ့ဒီ့နေရာဒေသဟာ ဗီဒီယိုထဲမှာ မြင်ရတဲ့အတိုင်းပဲ စိုစိုလွင်လွင်ရှိတယ်။

သမိုင်းဝင် Old San Juan ဆိုတဲ့ စီရင်နယ်အတွင်းမှာ တည်ရှိတယ်။ လှပတဲ့ Santa Maria Magdalena de Pazzis ဆိုတဲ့ သင်္ချိုင်းရဲ့ အရှေ့ပိုင်းမှာ ရှိတယ်။ ရပ်ကွက်ဟာ San Cristobal နဲ့ El Morro ခံတပ်နှစ်ခုကြားမှာ ရှိတဲ့နေတဲ့အတွက် အလည်အပတ်လာရောက်ကြတဲ့သူတွေကို မြင်ကွင်းကောင်းတွေ ရရှိစေတယ်။

အရင်တုန်းက ပြစ်မှု ဒုစရိုက်တွေ ကြီးစိုးနေခဲ့တာကြောင့် စီးပွားရေးနဲ့ လူမှုရေး ပြဿနယတွေရှိခဲ့တယ်။ ဒါကြောင့် နာမည်သိပ်မကြီးခဲ့ပေမယ့် အခု Despacito သီချင်းရဲ့ အောင်မြင်မှုနဲ့အတူ အရာရာ ပိုကောင်းမွန်တိုးတက်လာပြီး ကမ္ဘာလှည့် ခရီးသွားဒေသတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒေသရဲ့ နဂိုရှိရင်းစွဲ အလှအပရှုခင်းတွေ၊ ရပ်ကွက်ကြီးရဲ့ မြူးကြွစိုပြေနေမှုတွေက ဆွဲဆောင်မှုတွေဖြစ်နေပါတယ်။ အခုဆို ရင်နှီးမြုပ်နှံမယ့်သူတွေ၊ မြေယာလုပ်ငန်းရှင်တွေ မျက်စိကျ ဦးစားပေးရာ နေရာဖြစ်နေတယ်။ အဲ့ဒီ့က အိမ်တွေကို ဒေါ်လာအမြောက်အမြားပေးပြီး အပြိုင်အဆိုင် ၀ယ်ယူနေတဲ့ သူတွေ အများကြီးရှိလာခဲ့တယ်။ ဒါပေမယ့် လုံးဝမရောင်းတဲ့ ဒေသခံတွေလည်းရှိတယ်။

အစိုးရက ဒေသဧရိယာကို လှပအောင်ပြုလုပ်ဖို့ အစီအစဉ်တွေရှိနေပြီး ပြောင်းရွှေ့ခိုင်းဖို့ ကြိုးစားနေတာတောင် မဖယ်ပေးတဲ့ အိမ်ထောင်စုတွေရှိနေတယ်။ La Perla ရဲ့ ထူးခြားတဲ့ လူနေမှုအသိုင်းအ၀ိုင်းက နောင် မျိုးဆက်တွေပြန်ကြည့်နိုင်တဲ့ သမိုင်းတွေရှိနေပါတယ်။

READ
တစ်အိမ်လုံး ချောကလက်တွေနဲ့ချည်း ဆောက်လုပ်ထားတဲ့ သွားရည်ယိုဖွယ် အိမ်လေး
instagram/la_perla

 အရင်တုန်းကတော့ သွားလာဖို့ စိတ်မချရပေမယ့် အခုဆို ကြိုက်တဲ့နေရာကို ယုံယုံကြည်ကြည် စိတ်ချလက်ချ သွားရောက်လည်ပတ်နိုင်ပြီးလို့ သိရပါတယ်။ ဒေသခံတွေကလည်း နွေးထွေး ပျူငှာကြတယ်.. ဒါပေမယ့် ၄င်းတို့အပေါ်မှာလည်း လေးစာသမှုရှိဖို့တော့လိုတယ်။ ဂီတကို ခံစား၊ အစားအသောက်တွေကို မြည်းစမ်းပြီး အနားယူနိုင်မယ့် နာမည်ကြီးနေရာ ဒေသတွေကိုလည်း ၄င်းတို့က လမ်းညွှန်ပေးကြပါတယ်။ La Perla ရဲ့ အလှပတွေကို လေးစားသမှုရှိရှိနဲ့ ခံစားဖို့ သတိရပါ။

ဗီဒီယိုထဲမှာ ပါတဲ့ အပြင် တခြား နေရာအမိုက်တွေလည်း La Perla ရပ်ကွက်အတွင်းမှာ ရှိနေပါတယ်။ တစ်ခါတစ်ရံမှာ ရေကူးကန် တစ်ခါတစ်ရံမှာ စကိတ်ကွင်းအဖြစ် ပြောင်းလဲနေတဲ့နေရာတွေရှိတယ်၊ ခံတပ် နံရံတွေ ၀န်းရံထားတဲ့ ဘတ်စကတ်ဘောကွင်းတွေရှိတယ်။

READ
Mayonnaise ကို ဖန်တီးခဲ့တဲ့ မနော်ရီကာကျွန်းလေးရဲ့ သင်မသိသေးတဲ့ အချက် (၆) ချက်

https://www.instagram.com/p/Bx791OanbaU/

View this post on Instagram

#laperlapuertorico IVGA

A post shared by @ ileeanne on

တကယ်ကို လှပတဲ့ သမုဒ္ဒရာနဲ့ ခံတပ်မြင်ကွင်းက ရင်သပ်ရှုမောစရာ အလွန်ကောင်းပါတယ်။ ဒေသထွက် အစားအစာတွေနဲ့ ဘီယာကို တွဲဖက် သုံးဆောင်ရင်း လိုက်ဖ်မြူးဇစ်တွေကို ခံစားနိုင်တဲ့ စားသောက်ဆိုင်တွေရှိတယ်။ Louis Fonsi အပြင် တခြားသော အရည်အချင်းရှိတဲ့ ဂီတသမားများစွာထွက်တဲ့ နေရာဒေသဖြစ်တယ်။ နံရံဆေးပန်းချီတွေ၊ အိမ်တွေ၊ အလံတွေနဲ့ Graffti တွေကို တစ်ကျွန်လုံးအနှံ့တွေ့ရမယ်။ ပျူတိုရီကို နိုင်ငံသားတွေဟာ လွန်စွာမှ အမွေအနှစ်တွေကို ဂုဏ်ယူ ထိန်းသိမ်းခြင်းရှိတဲ့ သူတွေဖြစ်ပါတယ်။

instagram/Suzette Fernandez

Matthew (ShweMOM)

SHARE