နာမည်ကျော် Deutsche ဘဏ်မှ Work From Home တွေကို အခွန်ကောက်ဖို့ တိုက်တွန်း

pexels/ Vlada Karpovich

Deutsche ဘဏ်ဟာ သုတေသနတစ်ခုလုပ်ခဲ့ပါတယ်။ ဒီသုတေသနထဲမှာတော့ အိမ်မှာနေပြီးအလုပ်လုပ်ရတဲ့ WFH လုပ်သားတွေရဲ့လစာ ၅ရာခိုင်နှုန်းကို အလုပ်ရှင်ဘက်က အခွန်ပေးသွင်းဖို့ဖြစ်ပါတယ်။ ရလာတဲ့အခွန်ငွေတွေကိုတော့ အိမ်မှာနေပြီးအလုပ်လုပ်လို့မရတဲ့ လုပ်သားတွေအတွက်အသုံးပြုသင့်တယ်ဆိုပြီး သုတေသနက တိုက်တွန်းထားတာပါ။

Deutsche ဘဏ်ကတော့ တကယ်လို့သာ ဒီစနစ်ကို အမေရိကန်မှာကျင့်သုံးရင် ဒေါ်လာ ၃၆ဘီလီယံတန်ဖိုးရရှိမှာဖြစ်ပြီး ဒီငွေတွေဟာ လုပ်သားတွေရဲ့မမျှတတဲ့ဝင်ငွေအချိုးကို ချိန်ဆပေးဖို့ အထောက်အကူပြုလိမ့်မယ်လို့ ဆိုခဲ့တာပါ။ ဒါပေမဲ့လည်း WFH အခွန်ဟာ လစာနည်းပါးသူတွေနဲ့ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေအတွက်တော့ အကျုံးမဝင်ပါဘူး။

pexels/Ekaterina Bolovtsova

အင်္ဂလန်မှာတော့ WFH အခွန်ဟာ တစ်နှစ်ကို စုစုပေါင်းပေါင်၆.၉ အခွန်ငွေရရှိလိမ့်မယ်လို့ Deutsche ဘဏ်က တွက်ချက်ထားပါတယ်။ ဒီအခွန်ငွေတွေနဲ့ဆိုရင် ဝင်ငွေနည်းတဲ့လုပ်သားတွေ ဒါမှမဟုတ် အလုပ်လက်မဲ့ဖြစ်နိုင်ခြေရှိတဲ့လုပ်သားတွေကို တစ်နှစ် ပေါင် ၂,၀၀၀ ခန့်ထောက်ပံ့နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

READ
မုန်တိုင်းအလယ် ရင်သွေးငယ်ကို ကာကွယ်ပေးရင်း ဒဏ်ရာများစွာ ရခဲ့ရှာတဲ့ မိခင်

ဘဏ်ရဲ့ ဗျူဟာရှင် Luke Templeman ကတော့ “အဝေးစနစ်နဲ့ အလုပ်လုပ်နိုင်သူတွေကို ကျွန်တော်တို့အခွန်ကောက်ဖို့လိုနေတာ နှစ်ပေါင်းများစွာကြာနေပါပြီ။ ဒီအချက်က ကိုဗစ်ကြောင့် ပိုထင်ရှားလာပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် ကျွန်တော်တို့ရဲ့ စီးပွားရေးစနစ်ဟာ လူတွေနဲ့ တိုက်ရိုက်ထိတွေ့မဆက်ဆံရတဲ့ လုပ်သားတွေအတွက်တော့ မကာမိသေးပါဘူး။ WFH လုပ်သားတွေဟာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ ငွေကြေးအကျိုးအမြတ်တွေကို ရရှိကြပါတယ်။ ဒါကြောင့် ရုတ်တရက် အလုပ်လက်မဲ့ဖြစ်သွားတဲ့သူတွေအတွက် ငွေရေးကြေးရေး လွယ်ကူချောမွေ့ရအောင် သူတို့ဆီကလည်း အခွန်ကောက်သင့်တယ်။” လို့ဆိုပါတယ်။

pexels/Andrea Piacquadio

ကိုဗစ်ကူးစက်ပြန့်နှံ့မှုကြောင့် လုပ်သားတော်တော်များများဟာ အလုပ်ခွင်တွေပိတ်ပြီး အိမ်မှာပဲအလုပ်လုပ်နေရတာဖြစ်ပါတယ်။ အချို့အလုပ်ရှင်တွေဆိုရင်လည်း ကိုဗစ်ပြီးသွားရင်တောင် ဝန်ထမ်းအချို့ကို အမြဲတမ်းဖြစ်စေ အချိန်ပိုင်းဖြစ်စေ WFH နဲ့ပဲ အလုပ်ဆက်လုပ်ခိုင်းဖို့ ဆွေးနွေးနေကြတာပါ။ ဒါပေမဲ့လည်း လက်တွေ့မှာတော့ အိမ်မှာနေထိုင်ပြီး အလုပ်လုပ်လို့မရတဲ့ လုပ်သားတွေ ဥပမာ သူနာပြုတွေနဲ့ စက်ရုံလုပ်သားဦးရေဟာ သန်းနဲ့ချီရှိနေတာကြောင့် ဒီလိုလုပ်သားတွေအတွက် အထောက်အကူဖြစ်အောင် WFH အခွန်နဲ့ ပံ့ပိုးပေးသင့်တယ်လို့ ဘဏ်က တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

READ
ဝလို့နောက်ပြောင်ခံနေရတဲ့ချစ်သူဘက်ကနေ မားမားမတ်မတ်ရပ်ပေးခဲ့တဲ့ ချစ်သူအမျိုးသား

ShweMom

SHARE