အရုဏ်တက်ချိန်မှာ ပေါ်လာခဲ့တဲ့ နတ်ဆိုးတစ်ကောင်ရဲ့ ဦးချိုသဏ္ဍာန်ဓာတ်ပုံ

facebook/Elias Chasiotis

ဓာတ်ပုံပညာရှင်တစ်ဦးဖြစ်တဲ့ အဲလိယက်စ်ချာစီအိုတစ်စ်ဟာ (၂၀၁၉) ခုနှစ်ရဲ့ နှစ်ကုန်ပိုင်း နောက်ဆုံးရက်တွေကို ကာတာနိုင်ငံမှာ အချိန်ဖြုန်းနေခဲ့ပါတယ်။ ကာတာမှာ နေထိုင်ရင်း တစ်ရက်မှာတော့ သူက ထူးထူးခြားခြားပဲ နေကြတ်တာနဲ့ ကြုံခဲ့ပါတယ်။ မိုးကုတ်စက်ဝိုင်းထက်မှာ နေမင်းကြီးက ထွက်လာတဲ့အခိုက် လမ်းခုလတ်မှာပဲ နေကြတ်တဲ့ဖြစ်စဉ်နဲ့ ကြုံတွေ့ခဲ့တာကို အဲလိယက်စ်ဟာ မှတ်တမ်းတင်နိုင်ခဲ့တာပါ။

Boredpanda အရ ခုလို တွေ့ရခဲတဲ့မြင်ကွင်းကို အဲလိယက်စ်ကိုယ်တိုင် ဓာတ်ပုံရိုက်ယူခဲ့တာပါ။ ရုတ်တရက်ကြည့်ရင် နီရဲနေတဲ့ နေလုံးကြီးကို တစ်စွန်းတစ်စသာ မြင်ရပါလိမ့်မယ်။ မသိရင် နတ်ဆိုးတစ်ကောင်က ရေထဲက ထကြွလာတော့မယ့် ပုံသဏ္ဍာန်မျိုးနဲ့တောင် တူနေပါတယ်။

facebook/Elias Chasiotis

အဲလိယက်စ်က “..ကျွန်တော် ခပ်ငယ်ငယ်ကတည်းက နက္ခတ်ပညာကို စိတ်ဝင်စားခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၁၅) နှစ်လုံးလုံးလည်း ကြယ်တွေ နက္ခတ်တွေကို အပျော်တမ်း ဓာတ်ပုံလိုက်ရိုက်ခဲ့ပါတယ်။ အခု ပုံတွေကိုတော့ ကာတာရဲ့ ကမ်းရိုးတန်း မြို့တစ်မြို့ဖြစ်တဲ့ Al Wakrah မှာ ဓာတ်ပုံရိုက်ထားတာပါ။ (၂၀၁၉) ခုနှစ်ရဲ့ ဒီဇင်ဘာ (၂၆) ရက်နေ့၊ နှစ်တိုင်း ဖြစ်နေကျ နေကြတ်တဲ့အချိန်မှာပေါ့…” လို့ ဆိုပါတယ်။

READ
သတို့သားလောင်း (၈)ဦးဆီကနေ မင်္ဂလာစရိတ်ယူပြီး၊ လစ်ပြေးတဲ့ ထိုင်းအမျိုးသမီး
facebook/Elias Chasiotis

ခုလို ထင်ရှားတဲ့ မြင်ကွင်းမျိုး တွေ့ရဖို့ဟာ အဲလိယက်စ်အနေနဲ့ ကံကောင်းလို့ ဒီအတိုင်း တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒီမြင်ကွင်းမျိုးကို အသေအချာ ချိန်ရွယ်ပြီး နေရာသေချာရွေးပြီးမှ ရိုက်ကူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အစပိုင်းတော့ ရာသီဥတုက သိပ်မကောင်းပါဘူး။ တိမ်တွေနဲ့ မြူတွေ အများကြီး ဆိုင်းနေခဲ့တယ်လို့လည်း အဲလိယက်စ်က ပြောပြပါတယ်။

A quick last minute's visit to Qatar for the annular eclipse of the sun of 26 December 2019. The annular phase was blocked by clouds, but the red crescent sunrise was the most awesome sunrise i've ever seen!

Posted by Elias Chasiotis on Thursday, December 26, 2019

“ကျွန်တော် စိုးရိမ်နေခဲ့တာ။  နေကြတ်တာကို သေချာမရိုက်လိုက်နိုင်မှာ စိုးလို့လေ။ ဒါပေမယ့် နေက ဟိုးမိုးကုတ်စက်ဝိုင်းဆီက တဖြည်းဖြည်းထွက်လာပါတယ်။ နေကြတ်နေတဲ့အတွက် မြင်ရတာတော့ အခုလိုပေါ့လေ။ အနီရောင် အစိတ်ကလေး နှစ်စိတ်ကို  အရင်မြင်ရတာ။ ဒီလိုမြင်ကွင်းတွေကို ဓာတ်ပုံရိုက်နိုင်တာ ကျွန်တော်တော့ တော်တော်ကံကောင်းလွန်းတာပါ။ ဒီလိုတွေ့ရတဲ့ ဖြစ်စဉ်ကို evil sunrise ဆိုပြီးတောင် ကျွန်တော်တို့ နာမည်ပေးထားပါတယ်….” လို့ အဲလိယက်စ်က ပြောပြခဲ့ပါသေးတယ်။

READ
ရေချိုးခန်းထဲမှာဖုန်းအားသွင်းလို့ ဓာတ်လိုက်သေဆုံးခဲ့ရတဲ့ကောင်မလေး
facebook/Elias Chasiotis

လင်းလင်း (ShweMom)

SHARE