ဘောလုံးပွဲကို စိတ်နှစ်ပြီး အရူးအမူး အားပေးသူတွေ စိတ်ဖီစီးမှု ဝေဒနာ ပိုခံစားရ

Image: shutterstock(By Ivanko80)

ဘောလုံးအားကစားက တော့ ကြည့်ရှုသူကို စိတ်လှုပ်ရှားမှု ပေးစွမ်းနိုင်တဲ့ အားကစား တွေ ထဲက တစ်ခုပါ။ကိုယ်အားပေးတဲ့ အသင်းနိုင်ရင် ကိုယ်ပါ လိုက် ပျော်ပြီး ရှုံး ရင် တော့ ကိုယ်ပါ လိုက်ပြီး ၀မ်းနည်းကြေကွဲရပါတယ်။ဒီကြားထဲ အလောင်းအစားတွေ ပါ လာရင် ပဲ ဖြစ်ဖြစ်၊ကိုယ်က အသင်းစွဲကြီးလွန်းသူ ဆိုရင် တော့  ဘော လုံးပွဲကို ကြည့်တာဟာ အပျော် သဘော ထက်ပိုသွားပြီး ကြည့်ရှုသူရဲ့ ကျန်းမာရေးကိုပါ ထိခိုက်တာမျိုးတွေ ဖြစ်လာ နိုင်ပါတယ်။ ဘောလုံးကို စိတ်နှစ်ပြီး အရမ်း အားပေးလွန်းရင် လူကို အန္တရာယ်ပေးနိုင်လောက်တဲ့ အထိ စိတ် ဖိစီးမှု ဖြစ်နိုင်တယ်လို့  လေ့လာ တွေ့ရှိခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Image: Shutterstock(By Vasyl Shulga)

Oxford တက္ကသိုလ် က ဒီအချက်ကို သေချာ လေ့လာ ခဲ့တာပါ။(၂၀၁၄) ကမ္ဘာ့ဖလားပွဲတုန်းက ဂျာမန် ကို ရှုံးခဲ့တဲ့ ဘရာဇီး ဘောလုံး ပရိသတ်တွေရဲ့ တံထွေးကို ရယူပြီး စမ်းသပ်ခဲ့တာပါ။(7-1) နဲ့ ရှုံးနိမ့်တဲ့ အခါ မှာ Cortisol  ဆိုတဲ့ ခန္ဓာကိုယ်က အလိုလျောက်ထုတ်ပေးတဲ့ဓါတု ဒြပ် ပေါင်း ရဲ့ Level ဟာ မြင့် တက် သွားခဲ့တာကို တွေ့ခဲ့ပါတယ်။ဒါက အရမ်းကို အန္တာရယ်များပါတယ်။သွေးပေါင်ချိန် ရုတ်တရက်  ဆောင့်တက်ပြီး နှလုံး ကို ထိခိုက်စေနိုင်ပါတယ်။ပရိသတ်တွေက အသင်းစွဲနဲ့ အားပေးတဲ့ အခါ မျိုးတွေမှာ သူတို့နဲ့ အသင်းက တစ်သားတည်းဖြစ်သွားပြီး ပွဲ ကြည့်တဲ့ အခါ မှာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို ခံစားရတယ်လို့  Oxford တက္ကသိုလ်က ဒေါက်တာ Martha Newson က ပြောခဲ့ပါတယ်။

READ
ဒီအချက်တွေကိုမသိသေးဘူးဆိုရင် သင်ဟာ စကားပြောတတ်သူမဟုတ်သေးဘူး
Image : shutterstock (By daykung)

ပုံမှန် အ ပျော်တမ်း အားပေးတဲ့ ပရိသတ်တွေ မှာလည်း စိတ်ဖီဆီးမှု ခံစားရတာမျိုး ရှိပေမယ့်  သူတို့ ခံစားရတဲ့ စိတ်ဖိစီးမှု က အရမ်းကြီး မပြင်းထန်ပါဘူး။ဘောလုံးပွဲကို အရမ်းတွေ စိတ်နှစ် အားပေးရင် Cortisol  မြင့်တက်သွားတာပါတယ်။အဲ့ဒီလို မြင့်တက်မှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကတော့  သွေားကြောကျဉ်းတာ၊သွေး ပေါင်ချိန် ရုတ်တရက် ဆောင့်တက်တာ၊နှလုံးကို ထိခိုက် ပျက်စီးစေတာ မျိုးတွေ ဖြစ်နိုင်ပါတယ်။ အရေးကြီးတဲ့ ပွဲ မျိုးတွေ မှာဆိုရင် အားပေးတဲ့ ပရိသတ်တွေမှာ Heart Attack ဖြစ်နိုင်ချေ မြင့်တက်စေတယ်လို့ အရင်တုန်းက လည်း လေ့လာတွေ့ရှိ ခဲ့ဖူးပါတယ်။

SHARE