ကမ္ဘာ့အထူးဆန်းဆုံးဒိုင်ဗင်ဆိုပြီး အွန်လိုင်းပေါ်မှာ အဟားခံနေရတဲ့ နာမည်ကျော် ရက်ပ်ပါကြီး

[email protected] diddy

အမေရိကန်နိုင်ငံရဲ့ နာမည်ကြီး ရက်ပ်ပါတစ်ဦးဖြစ်တဲ့ Diddy ကိုတော့ Hiphop ပရိသတ်တွေနဲ့ လူငယ်တော်တော်များများ သိရှိကြမှာပါ။ Diddy ရဲ့ နာမည်အရင်းကတော့ Sean Combs ဖြစ်ပြီး ပရိသတ်တော်တော်များများကတော့ Puff Daddy, Diddy, P.Diddy အစရှိသဖြင့် သိကြသလို East Coast ရဲ့ ထိပ်သီး Old Skool ရက်ပ်ပါကြီး တစ်ယောက်လည်း ဖြစ်ပါတယ်။ အခုလည်း မကြာသေးခင်အချိန်တုန်းက သူ့ရဲ့ နေအိမ်က ရေကူးကန်ထဲ ဒိုင်ဗင်ပစ်ထိုးခဲ့တဲ့ ဗီဒီယိုဖိုင်ကြောင့် Diddy ဟာ ဆိုရှယ်မီဒီယာမှာ တော်တော်လေးနာမည်ကြီးနေပြီး ပရိသတ်တော်တော်များများရဲ့ ဟာသဆန်ဆန် Troll ခြင်းကိုလည်း ခံခဲ့ရကြောင်း Billboard သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

A post shared by Diddy (@diddy)

လူတော်တော်များများက ရေကူးကန်ထဲ ဒိုင်ဗင်ပစ်ရင် သေသေချာချာ ဦးခေါင်းကို အောက်စိုက်ပြီး ထိုးချလေ့ ရှိသလို ရေကူးကန်ထဲ အပျော်သဘောနဲ့ ခုန်ချမယ်ဆိုရင်လည်း အပြေးတစ်ပိုင်းနဲ့ ခုန်ချတတ်ပါတယ်။ ဒါပေမယ့် အပေါ်က ဗီဒီယိုထဲမှာ တွေ့ရတဲ့ Diddy ကတော့ ဆန့်ကျင်ဖက်ပါပဲ။ ဗီဒီယို အစမှာတော့ ရေကူးမျက်မှန်တွေတပ်၊ ရုပ်တည်ကြီးနဲ့ ရေထဲကို အမိုက်စား ဒိုင်ဗင်ပစ်တော့မယ့် ပုံစံပါပဲ။ ဒါပေမယ့် တစ်ကယ်တမ်းခုန်ချတဲ့ အခါမှာတော့ ခြေကားယား လက်ကားယားကြီးနဲ့ကို ရေကန်ထဲ ဒိုင်ဗင် ပစ်ချသွားခဲ့တာ ဖြစ်ပါတယ်။

READ
ကိုယ့်ထက် အကောင်ကြီးတဲ့ ခွေးတွေပေါ် တက်အိပ်ပြီး ဇိမ်ယူလေ့ရှိတဲ့ ခွေးမလေး Edna

 

 

View this post on Instagram

 

A post shared by Diddy (@diddy)

Diddy ဟာ အဆိုပါ ဗီဒီယိုဖိုင်ကို သူ့ရဲ့ IG မှာ “Practicing my dive”ဆိုတဲ့ caption နဲ့ ဟာသဆန်ဆန် ပို့စ်တင်ခဲ့ပါတယ်။ အဆိုပါ ပို့စ်ရဲ့အောက်မှာတော့ Justin Bieber, Usher, Ty Dolla $ign, Naomi Campbell အစရှိတဲ့ အနုပညာရှင်တွေက Diddy ကို စနောက်ကာ comment တွေ ပေးခဲ့ကြသလို Diddy ရဲ့ ပရိသတ်တွေကလည်း ဗီဒီယိုတွေ၊ ဓာတ်ပုံတွေနဲ့ Diddy ကို ဟာသဆန်ဆန် troll ခဲ့ပါတယ်။

READ
အိမ်မှာ မွေးထားတဲ့ ကြောင်က အဝတ်တွေ လိုက်ခိုးနေလို့ တောင်းပန်နေရတဲ့ အိမ်ပိုင်ရှင်

 

 

 

Pyi Hein Kyaw

SHARE