အငှားယာဉ်တွေကို သတိနဲ့ စီးနင်းအသုံးပြုသင့်ကြောင်း သင်ခန်းစာယူနိုင်တဲ့ ဖြစ်ရပ်

တရုတ်နိုင်ငံ အရှေ့ပိုင်းမြို့တစ်မြို့ဖြစ်တဲ့ ၀မ်ကျိုးမြို့မှာ အမျိုးသမီးတစ်ဦးဟာ စရိတ်မျှပေးတက္ကစီ လိုက်ပါစီးနင်းရာမှာ ယာဉ်မောင်းရဲ့ မတရားပြုကျင့်ပြီး သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ၄င်းတက္ကစီဟာ တရုတ်မှာ အကြီးဆုံးတက္ကစီအငှားဝန်ဆောင်မှုပေးနေတဲ့ Didi Chuxing အမည်ရ ကုမ္ပဏီကြီးတစ်ခုက ဖြစ်ပါတယ်။

Didi Chuxing ဟာ တရုတ်နိုင်ငံထဲတင် မဟုတ်ပဲ ကမ္ဘာအရပ်ရပ်မှာလည်း အငှားယာဉ်ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီကြီးဖြစ်တာကြောင့် အခုလို အဖြစ်အပျက်နဲ့ ကြုံတွေ့ရတာ တကယ့်ကို စိတ်ထိခိုက်ဖွယ်ရာပါပဲ။ အငှားယာဉ်စီးရင်း သေဆုံးသွားတဲ့ မိန်းကလေးဟာ အသက်(၂၀) နှစ်အရွယ် “ရှောင်”အမည်ရ အမျိုးသမီးဖြစ်ပါတယ်။ သူမဟာ သောကြာနေ့ နေ့လည်(၁)နာရီအချိန်လောက်မှာ Didi အငှားယာဉ်စနစ်ကို အသုံးပြုခဲ့ပါတယ်။ အဆက်အသွယ်မပြတ်သွားခင် ရှောင်ဟာ သူငယ်ချင်းဖြစ်သူကို နေ့လည်(၂)နာရီအချိန်မှာ နောက်ဆုံး ဆက်သွယ်ခဲ့ကြောင်း သိရပါတယ်။

READ
လမစေ့ဘဲ မွေးခဲ့တဲ့သားရဲ့အခြေအနေကို သနားစဖွယ်မျှဝေခဲ့တဲ့ စတုတ်တိုက်စစ်မှုး ရိုဒရီဂွက်ဇ်
Weibo

ရှောင်ကို မတရားပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ ယာဉ်မောင်းကတော့ အသက်(၂၇) နှစ်အရွယ် ကျုံးအမည်ရတဲ့ အမျိုးသားတစ်ဦးဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီးနောက်မှာတော့ ကျုံးဟာ မုဒိမ်းမှု၊ လူသတ်မှုတွေအတွက် အပြစ်ဝန်ခံခဲ့ပါတယ်။ Didi ကုမ္ပဏီက လူသတ်သမားဟာ မှုခင်းကင်းရှင်းခဲ့သူ တစ်ဦးဖြစ်ပြီး ကုမ္ပဏီကိုတော့ နာမည်အမှန်နဲ့ပဲ ၀င်လာခဲ့သူဖြစ်ကြောင်း ဆိုပါတယ်။ ဒါပေမယ့် ယာဉ်မောင်းဟာ ခရီးစဉ်မတိုင်ခင်မှာ လိုင်စင်ပုလိပ်ပြားကို လဲလှယ်ထားခဲ့တယ်လို့ သိရပါတယ်။

ယင်းမှုခင်းမတိုင်ခင် တစ်ရက်တုန်းကလည်း ခရီးသည်အမျိုးသမီးတစ်ဦးက Didi ကိုတိုင်တန်းခဲ့ပါသေးတယ်။ တိုင်တန်းရတဲ့ အကြောင်းရင်းက ယာဉ်မောင်းဟာ သူမကို ရှေ့ခုံမှာလာထိုင်ဖို့ ခဏခဏပြောဆိုပြီး မြို့ပြင်ဘက်ဆီ မောင်းသွားခဲ့ကြောင်းနဲ့ သူမကားထဲက ထွက်တဲ့အခါမှာလည်း ခပ်လှမ်းလှမ်းအထိ သူမနောက်က လိုက်လာကြောင်း ပြောပြခဲ့ပါတယ်။ Didi Chuxing ဟာ ဘီလီယံဒေါ်လာသန်းပေါင်း(၅၀) တန်ဖိုးရှိတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ မက္ကစီကို၊ ဘရာဇီးနဲ့ သြစတေးလျတို့မှာ ဈေးကွက်ချဲ့ထွင်ဖို့ စီစဉ်နေပြီး Uber နဲ့ အပြိုင်သွားနေတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ Didi မှာ ခရီးသည်တွေရဲ့ အန္တရာယ်ကင်းကင်းနဲ့ လုံခြုံစိတ်ချစွာသွားလာနိုင်ဖို့ဟာ ပြဿနာတစ်ရပ်ဖြစ်နေတာကို တွေ့ရှိရပါတယ်။

READ
ရွှေချောင်းတွေကို စင်နဲ့ထားရတဲ့ထိအောင် လာဘ်စားကြမ်းခဲ့တဲ့ အစိုးရ အရာရှိကြီး
FMT

လင်းလင်း (ShweMom)

Ref: reuters, asiaone

SHARE