Diet drinks တွေဟာလည်း နှလုံးကျန်းမာရေးကိုဆိုးဝါးစေကြောင်း တွေ့ရှိရ

pexels/Karolina Grabowska

လေ့လာချက်သစ်တစ်ခုအရ ကယ်လိုရီနည်းနည်း သို့မဟုတ် ကယ်လိုရီမပါဝင်တဲ့ သကြားအစားထိုး sweetener တွေပါဝင်တဲ့ အဖျော်ယမကာသောက်သုံးသူတွေဟာ အချိုအရသာရှိတဲ့ အဖျော်ယမကာလုံးဝမသောက်သုံးသူတွေထက်စာရင် နှလုံးရောဂါရနိုင်ခြေပိုများတယ်လို့ သိရပါတယ်။

pexels/Ksenia Chernaya

ဒီအချက်ကိုတော့ American College of Cardiology ကနေထုတ်ပြန်ခဲ့တာပါ။ သုတေသနပညာရှင်တွေဟာ ပြင်သစ်မှာ Nutriet- Santé အဖွဲ့မှာပါဝင်ထားတဲ့ လူဦးရေ ၁၀၄,၇၆၀ ကို လေ့လာပြီးမှ ဆိုခဲ့တာပါ။ ပညာရှင်တွေဟာ ပါဝင်သူတွေရဲ့ နေ့စဉ်စားတဲ့အစားအသောက်၊ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုနဲ့ ကျန်းမာရေးအခြေအနေတွေကို ပုံမှန် အချိန်၆လစီခြားပြီး စစ်ဆေးခဲ့တာပါ။

pexels/Vova Krasilnikov

တွေ့ရှိခဲ့တာကတော့ အချိုဓာတ်များတဲ့ ကော်ဖီနဲ့ အဖျော်ယမကာသောက်သုံးသူတွေမှာ နှလုံးရောဂါဖြစ်ပွားနိုင်ခြေမြင့်တက်နေတာကို တွေ့ရှိရပါတယ်။ ဒါပေမဲ့ အချိုစားသုံးခြင်းဟာ ကျန်းမာရေးပြဿနာတွေနဲ့ဆက်စပ်နေတဲ့အတွက် ဒီအချက်ကတော့ အံ့သြစရာမဟုတ်ပါဘူး။ ဒါပေမဲ့ aspartame, stevia, and sucralose လို ပစ္စည်းတွေပါဝင်ပြီး diet version ပုံစံပြောင်းထားတဲ့ အချိုရည်တွေကိုသောက်သုံးသူတွေမှာလည်း အလားတူပဲ နှလုံးရောဂါဖြစ်ပွားနိုင်ခြေရှိတာကို တွေ့ရှိခဲ့ရပါတယ်။ အန္တရာယ်အကင်းဆုံးကတော့ အချိုရည်လုံးဝမသောက်သုံးသူတွေဖြစ်ပါတယ်။

READ
ညစ်ပတ်တဲ့အတွင်းခံဘောင်းဘီတွေဝတ်ခြင်းက အသက်အန္တာရယ်အထိခြိမ်းခြောက်နိုင်
Nichole Sebastian

“ကျွန်တော်တို့ လေ့လာမှုထဲမှာ အချိုတုနဲ့ပြုပြင်ထားတဲ့ အဖျော်ယမကာတွေဟာ သကြားနေရာမှာအစားထိုးသင့်တဲ့ပစ္စည်းတွေမဟုတ်ပါဘူး။” လို့ သုတေသနခေါင်းဆောင် Eloi Chazelas က ဆိုပါတယ်။ အချိုတုတွေဟာ အစာစားလိုစိတ်ကို တိုးစေတဲ့အပြင် အစာခြေခြင်းကို အနှောင့်အယှက်ပေးခြင်းနဲ့ အချိုပါတဲ့အစားအသောက်တွေကို ပိုမိုစားလိုစိတ်ဖြစ်ကြောင်းလည်း သိရပါတယ်။

အာဟာရပညာရှင်တစ်ဦးဖြစ်သူ Robinson တာ့ အမြဲတမ်းရေသောက်ဖို့ ဒါမှမဟုတ် အရသာမချိုတဲ့အရည်တစ်မျိုးမျိုးကိုသောက်ဖို့ တိုက်တွန်းထားပါတယ်။ သူကတော့ သကြားနေရာမှာ အချိုတုတွေကိုအစားထိုးရုံနဲ့ မကျန်းမာတာက ကျန်းမာမလာဘူးလို့လည်း ဆိုခဲ့တာကို insider သတင်းစာမျက်နှာ အရသိရပါတယ်။

ShweMom

SHARE