လူငယ်များရဲ့ နှလုံးရောဂါဖြစ်စေမှုနှုန်းကိုပိုမြင့်တက်စေတဲ့ Diet အမည်တပ် အအေးများ

Diet အမည်တပ်ထားတဲ့ အအေးများကို နေ့တိုင်းနီးပါး ပုံမှန်သောက်ခြင်းဟာ လူငယ်တွေရဲ့ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် သေစေနိုင်တဲ့အထိ ဖြစ်ပွားမှုနှုန်းမြင့်တက်စေတယ်လို့ ပညာရှင်များက သတိပေးလိုက်ပါတယ်။

pixabay

တစ်နေ့ကို သံဗူးအရွယ်အစား ၂ ဗူးပုံမှန်သောက်ပါက လေဖြတ်ခြင်းနဲ့ နှလုံးရောဂါဖြစ်စေတယ်ဆိုပြီး လေ့လာသိရှိရပါတယ်။ အမေရိကန်နှလုံးနဲ့ လေဖြတ်ခြင်းကျန်းမာရေးအဖွဲ့အစည်းတို့မှ အသစ်ကောက်ယူထားတဲ့ စစ်တမ်းများအရ diet အမည်ခံအအေးများ သောက်သုံးသူများဟာ ပုံမှန်မသောက်သုံးတဲ့လူတွေထက် ရောဂါဖြစ်ပွားပြီး ကွယ်လွန်မှုနှုန်းဟာ ၁၆% အထိ ပိုများနေပါတယ်။

pixabay

ဒီအကြောင်းကိုလည်း CNN သတင်းဌာနမှာ Dr Yasmin Mossavar-Rahmani ရဲ့ ကြီးကြပ်မှုနဲ့ ဖော်ပြထားပြီးဖြစ်ပါတယ်။ အဝလွန်သူများ အအေးသောက်တဲ့အခါ ကယ်လိုရီပိုနည်းမယ်လို့ ယူဆရတဲ့ diet အမည်တပ်အအေးများကို ပိုရွေးချယ်တတ်ကြပါတယ်။ ဒါကြောင့် အအေးတွေကြောင့် ရောဂါအဖြစ်ပွားမှုများတဲ့ထဲ အဝလွန်သူအမျိုးသမီးများ အများဆုံးပါဝင်နေကြပါတယ်။

pixabay
shutterstock

နောက်ပြီး ၂၀၁၈ ရဲ့ သြစတေးလျကင်ဆာကောင်စီမှ ထုတ်ပြန်ချက်အရ ကင်ဆာရောဂါပေါင်း ၁၃ ခုဟာလည်း အအေးတွေနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။

READ
ခရမ်းချဉ်သီးစားသုံးခြင်းကနေရရှိလာမယ့် အကျိုးကျေးဇူးများ

Source: CNN, News AU

Penny

 

SHARE