နှလုံးသားထဲကချစ်ရသူကိုတွေ့ဆုံရတဲ့အခါ ပျော်ရွှင်ခြင်းတွေကို ဒီလိုမျိုးခံစားရကြပါတယ်

Mihnea Ratte

ချစ်ရသူ.. စကားလုံး ၃ လုံးထဲရှိပေမယ့် သက်ရှိတွေအတွက်ကတော့ တော်တော်လေး ပြီးပြည့်စုံတဲ့စကားစုလေးတစ်ခုပါ။သူတို့တွေကြောင့် ရယ်ရတယ်၊ သူတို့တွေကြောင့်ပဲ ငိုရတယ်၊ သူတို့တွေကြောင့် တစ်ခါတစ်ရံမှာ နွေးထွေးမှုကို ခံစားရပြီး သူတို့တွေကြောင့်ပဲ တစ်ခါတစ်ရံမှာ အသည်းတွေကွဲရတယ်။ ဒါပေမဲ့လည်း ဘယ်သူမဆို ကိုယ်ချစ်ရသူကို မြင်လိုက်တဲ့အခါ ရင်ထဲကနေ လှိုက်ပြီးပျော်ရွှင်ကြည်နူးခြင်းဆိုတဲ့ နွေးထွေးတဲ့ခံစားချက်ကလေးတော့ ဘယ်တော့မဆို ရကြစမြဲပါပဲ။

ပုံမှန်အချိန်နဲ့ ချစ်ရသူကိုတွေ့လိုက်ရတဲ့အခါ ဖြစ်ပေါ်သွားတဲ့ ခံစားချက်တို့ဆိုတာ ဘယ်လောက်သိသာလဲ မသိသာလဲဆိုတာ အပေါ်ကပုံကိုသာကြည့်ပါတော့။ ဒီအချက်ကိုသက်သေပြေဖို့အတွက်ကိုတော့ Sentimente လို့ခေါ်တဲ့ dating website တစ်ခုနဲ့ Mihnea Ratte ဆိုတဲ့ ဓာတ်ပုံဆရာတို့ပူးပေါင်းပြီး အချစ်ဟာ လူတစ်ယောက်ကို ဘယ်လောက်ထိပြောင်းလဲစေနိုင်လဲဆိုတာကို စမ်းသပ်ခဲ့ကြပါတယ်တဲ့။ ဓာတ်ပုံတွေကိုတော့ အားလုံကြည့်ပြီးကြတဲ့အတိုင်း ပုံမှန်အချိန်မှာတစ်ပုံ၊ ချစ်ရသူတစ်ယောက်ယောက်ကို မြင်တွေ့ပြီးပြီးချင်း ရိုက်ကူးထားတဲ့ပုံတစ်ပုံ၊ စုစုပေါင်း ၂ ပုံစီယှဉ်ပြထားခဲ့ကြတာပါ။

READ
ဒီလို ရည်းစားကောင်မလေးမျိုးရထားရင် သင်ဟာ ကံအကောင်းဆုံးယောက်ျားလေးပါ။

ဒါကတော့ အိမ်မှာကျန်ခဲ့တဲ့ သူမရဲ့ကြောင်လေးကို တွေ့လိုက်ရတဲ့ Natalia ပါ။

Mihnea Ratte

ဒီနေရာမှာ ပရော်ဖက်ရှင်နယ် မော်ဒယ်တစ်ယောက်ကိုမှ အသုံးပြုထားခြင်းမရှိပါဘူး။ ပထမဓာတ်ပုံတစ်ပုံရိုက်လိုက်တယ်၊ ပြီးတဲ့အခါမှာတော့ ဗီဒီယိုကောကနေတစ်ဆင့် ဓာတ်ပုံအရိုက်ခံနေသူရဲ့ အချစ်ရဆုံးသောဆိုတဲ့စာရင်းထဲက မိသားစုဝင်တို့၊ မိတ်ဆွေဆို့၊ ချစ်သူ သို့မဟုတ် အိမ်မွေးတိရိစ္ဆာန်လေးတွေအထိ ပါဝင်နေခဲ့တာပါ။ ဗီဒီယိုကော စစဖွင့်လိုက်တာနဲ့တင်ကို Mihnea Ratte က ဓာတ်ပုံအရိုက်ခံနေတဲ့လူတွေ ဖြစ်သွားခဲ့ကြတဲ့ မျက်နှာပုံစံအပြောင်းအလဲတွေကို အမိအရဖမ်းယူရိုက်ကူးခဲ့ပါတော့တယ်။

သားငယ်လေးကိုတွေ့လိုက်ရတဲ့ မိခင်တစ်ယောက်ရဲ့ အေးအေးချမ်းချမ်းအပြုံးလေးနဲ့ Diana

Mihnea Ratte

ဘယ်လိုပုံလေးတွေဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုကြရင်းနဲ့ ချစ်ရသူတစ်ယောက်ကို မြင်လိုက်တဲ့အခါတိုင်း ကျွန်တော်တို့တွေဟာ ဒီလိုနှစ်လိုဖွယ်အပြုံးတွေ ကိုယ်တောင်မသိဘဲဖြစ်လာတတ်တယ်ဆိုတာ..

ချစ်သူကောင်လေးကြောင့် ပြုံခဲ့ရတဲ့ Mauela

Mihnea Ratte

ချစ်ရတဲ့သူငယ်ချင်းရဲ့ သားလေးကိုမြင်ခဲ့ရလို့ ပျော်သွားတဲ့အပျိုကြီးမမ Raluca

Mihnea Ratte

အိမ်မှာထားခဲ့တဲ့ခွေးပေါက်လေးကိုတွေ့လိုက်လို့ဆိုတဲ့ Oana

READ
သူငယ်ချင်းကနေ ချစ်သူအဖြစ်ကို ပြောင်းလဲသွားတဲ့အခါ ခံစားရမယ့်ဆိုးကျိုး(၅)ချက်
Mihnea Ratte

မိသားစုကိုတွေ့လိုက်ရလို့ ပျော်နေတဲ့ Monica

Mihnea Ratte

Sebi ကတော့ အချစ်ဆုံးသူငယ်ချင်းကို တွေ့လိုက်ရလို့ပါတဲ့။

Mihnea Ratte

ချစ်သူကိုတွေ့လိုက်ရတဲ့ အပြုံးလေးနဲ့ Alexandra

Mihnea Ratte

Penny

SHARE