ယောက်ျားလေးတစ်ယောက် သင့်ကိုအတည်တွဲတာလား၊အပျော်တွဲတာလားသိဖို့

ဒီခေတ်ကြီးထဲမှာ ဦးနှောက်နဲ့နှလုံးသားကို မျှမျှတတချင့်ချိန်ပြီး အချစ်ကိုချဉ်းကပ်တာထက် ဦးနှောက်နဲ့ပဲလိုချင်တဲ့ planတွေ အကောင်အထည်ပေါ်လာအောင်အချစ်ကို အသုံးချနေသူတွေကများပါတယ်။ဒါကြောင့် မိန်းကလေးတွေအနေနဲ့ ကိုယ့်ကို တကယ်ချစ်တဲ့ ယောက်ျားတစ်ယောက်လား၊ါအပျော်တွဲရုံသက်သက်ပဲ ပစ်မှတ်ထားနေလားဆိုတာ သိနိုင်တဲ့အ ချက်လေးတွေကို လေ့လာဆန်းစစ်နိုင်ဖို့ Shwemomကနေ မျှဝေပေးလိုက်ပါတယ်။

(၁)အလေးထားမှု

သင့်ကို အပျော်တွဲရုံသတ်မှတ်ထားတဲ့ ယောက်ျားလေးတစ်ယောက်ကသင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအလေး အနက်သိပ်မထားလေ့ရှိပါဘူး။အရာရာကို အပျော်သဘောအနေနဲ့ပဲသာမန်အနေအထားလောက်ပဲသဘောထားပါလိမ့် မယ်။သင့်ကို လက်ထပ်ဖို့အထိရည်ရွယ်ထားတဲ့ ယောက်ျားလေးကတော့ သင်နဲ့ပတ်သက်ပြီးသိချင်စိတ်ပြင်းပြနေသလို သင်သိချင်တဲ့အကြောင်းအရာတွေကိုလည်း ဦးစားပေးမျှဝေပေးဖို့ဝန်မလေးတတ်ပါဘူး။

(၂)မျှဝေခံစားမှု

အပျော်တွဲတဲ့ ယောက်ျားလေးကတော့ သင့်အတိတ်နဲ့ပတ်သက်ပြီး သင်သိခဲ့တဲ့လူတွေအကြောင်း၊သင့်အကြောင်းတွေ ကိုပြောတဲ့အခါ ပျော်စရာအတိတ်တွေလောက်ကိုပဲလက်ခံပြီးသင်နဲ့အတူမျှဝေခံစားပါလိမ့်မယ်။သက်ဆုံးတိုင်လက်တွဲသွားဖို့ ရည်ရွယ်ထားတဲ့သူဆိုရင်တော့ သင်ဝါသနာပါတဲ့ စာအုပ်တွေအကြောင်း၊ရုပ်ရှင်၊ ဂီတစတဲ့ဗဟုသုတဖြစ်ဖွယ်အကြောင်း အရာတွေကိုသင်နဲ့အတူမျှဝေခံစားရင်း ရေရှည် relationship်တစ်ခုဖြစ်အောင်ထိန်းထားပါလိမ့်မယ်။

(၃)ခံယူချက်

ခံယူချက်တွေမှာလည်း အမျိုးအစားတစ်မျိုးစီ သိသိသာသာကွဲပြားမှုရှိပါတယ်။အပျော်တွဲတဲ့ယောက်ျားတစ်ယောက်က သင့် ကို တောင်းပန်းပါတယ်လို့ပြောတာသင့်ရဲ့အထင်ကြီးလေးစားမှုတွေကိုလိုချင်လို့၊ သင့်ကိုချစ်တယ်လို့ဆိုလာရင်တော့ အရာရာသည်းခံခွင့်လွှတ်ပေးတဲ့သင့်ကိုမဆုံးရှုးံချင်လို့သူ့အတွက်ကာကွယ်ပြောခြင်းဖြစ်ပါတယ်။တကယ်ချစ်တဲ့သူကတော့ တောင်းပန်တယ်ဆိုတဲ့စကားလုံးကို သူ့အမှားကို ရဲရဲဝံ့ဝံ့ ၀န်ခံတဲ့အနေနဲ့ပြောခြင်းဖြစ်ပြီး ချစ်တယ်ဆိုတဲ့စကားလုံးကိုတော့ သင့်ကို မြတ်မြတ်နိုးနိုးနဲ့အမှန်တကယ်ချစ်ကြောင်းသိသာထင်ရှားစေချင်လို့ပြောခြင်းဖြစ်ပါတယ်။

(၄)ဦးစားပေးမှု

ဦးစားပေးမှုမှာလည်း သင့်ကိုတကယ်မချစ်ဘဲ အပျော်တွဲရုံပဲတွဲတဲ့သူဆိုရင် သင်ပြောနေတဲ့အကြောင်းအရာကို ဆုံးအောင် နားမထောင်ဘဲ သူပြောချင်တဲ့အကြောင်းအရာကိုပြောင်းပြီး စကားဝိုင်းခေါင်းစဉ်ပြောင်းလိုက်တဲ့အထိမရင့်ကျက်မှုတွေ ကို တွေ့ရပါတယ်။တကယ်လို့ သင့်ကို တကယ်ချစ်တဲ့သူဆိုရင်တော့ သင်ပြောချင်တဲ့အကြောင်းအရာတွေကို အဆုံးထိ နားထောင်ပေးသလို သင့်ရဲ့ထင်မြင်ယူဆချက်၊အကြံဥာဏ်တွေကိုလည်း သိချင်နေပါလိမ့်မယ်။

READ
ယောက်ျားတစ်ယောက် နားလည်ရန်လိုအပ်တဲ့ ကျင့်ဝတ်များ

(၅)လုံခြုံမှု

သင့်အပ်ါမှာ အပျော်တွဲရုံသဘောထားတဲ့ ယောက်ျားတစ်ယောက်ဆီက လုံခြုံတဲ့ခံစားမှုမျိုးကိုတော့ရ ရှိမှာမဟုတ်ပါ ဘူး။ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ သင့်အတွက်ပေးစရာ ချစ်ခြင်းမေတ္တာ၊နွေးထွေးမှုတွေမရှိလို့ပါပဲ။သင့်ကိုကာ ကွယ်စောင့်ရှောက်ပေးဖို့ထက် သူငယ်ချင်တွေနဲ့ ရှိနေဖို့ကပိုပြီးအရေးကြီးနေတတ်ပါတယ်။သင့်ကို တစ်ဘ၀စာ လက်တွဲဖို့ရည်ရွယ်ထားတဲ့သူကတော့ သူ့အချစ်တွေ၊ ကြင်နာနွေးထွေးမှုတွေကြောင့် သင့်ကို လုံခြုံတဲ့ခံစားမှုမျိုးအမြဲ တမ်းခံစားရစေမှာပါ။

ခူးသစ်နွယ်@Cho ChoThan(Shwemom)

ref:lifehack.org

SHARE