Sexyဖြစ်တဲ့အမျိုးသားများနဲ့ Cuteဖြစ်တဲ့အမျိုးသားများရဲ့ကွားခြားချက်များ

အခြေခံအားဖြင့်တော့ Sexy ဆိုတာက ဆန့်ကျင်ဘက်လိင်ကို စွဲဆောင်နိုင်မှု ညှို့ဓာတ်ပြင်းတာကို ခေါ်ပါတယ်။ Cute ကျတော့ ပြုမူပြောဆိုပုံတွေက အပြစ်ကင်းပြီး ချစ်စရာကောင်းနေတာကို ဆိုလိုပါတယ်။ ဒါပေမယ့် အမျိုးသားတွေကိုတော့ Cute ဖြစ်တယ်လို့ သိပ်သုံးလေ့မရှိပါဘူး။ သို့သော် အခြေအနေအရဆိုရင်တော့ Cute နဲ့ Sexy ရဲ့ ကွဲပြားမှုတွေက ဘာလဲဆိုတာ Shwemom ရဲ့ အမျိုးသား ပရိသတ်ကြီးအတွက် မြင်သာစေတဲ့ ဥပမာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Cute ဖြစ်တယ်ဆိုတာ …

(၁) ကြင်နာမှု

အမျိုးသားတွေဟာ စိတ်ဓာတ်နူးညံ့သူတွေဖြစ်ကြောင်းကို ဘယ်လိုအချင်းအရာနဲ့ ပြနိုင်သလဲဆိုရင် တစ်ဖက်သားအပေါ်
ကို ဘယ်လိုကြင်နာစွာဆက်ဆံတဲ့ အမူအယာနဲ့ ပြလေ့ရှိပါတယ်။ ဒါဟာ အမျိုးသမီးတို့စိတ်မှာ လှုပ်ရှားစေပြီး ချစ်ခင်ကြင်
နာမှုကို ဖြစ်စေပါတယ်။

(၂) အပြောအဆိုညင်သာခြင်း

အပြောအဆို ညင်သာတဲ့ အမျိုးသားတွေကလည်း တစ်မျိုးလေး ချစ်စရာကောင်းနေပါလိမ့်မယ်။ အရမ်းကြီး ချွဲချွဲပစ်ပစ်ကြီး
ညင်သာစရာတော့ မလိုပါဘူး။ စိတ်ရဲ့နူးညံမှုကို ဖော်ပြရုံလောက်ကလေးသာ လိုအပ်ပါတယ်။ ဒါကလည်း Cute ဖြစ်စေပါ
တယ်။

READ
သင်နှစ်သက်နေတဲ့ကောင်မလေးကို ပြောသင့်သောချစ်စရာစကားလေးများ

(၃) အခြားလုပ်ရိုးလုပ်စဉ်မဟုတ်တဲ့ အပြုအမူလေးတွေ

အခြားလုပ်ရိုးလုပ်စဉ်မဟုတ်တဲ့ အပြုအမူလေးတွေဆိုတာကတော့ ကောင်မလေးတွေကို မျက်လုံးမှိတ်ပြတာတို့၊ နှာခေါးရှုံ့
ပြတာတို့၊ ပြုံးပြတာတို့တစ်တွေဟာ မိန်းကလေးတွေကို စွဲဆောင်မှုလေးတွေ ဖြစ်စေပါတယ်။ အမျိုးသားအချင်းချင်းက
တော့ အမြင်ကပ်ချင် ကပ်မှာပေါ့လေ။

Saxy ဖြစ်တယ်ဆိုတာ …

(၁) မျက်နှာပြင်ပေါ်မှာ အမွှေးအမျှင်တွေ

အမျိုးသားတွေမှာ ရှိတတ်တဲ့ မျက်နှာပြင်ပေါ်က နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး စတာတွေဟာ ဆန့်ကျင်ဘက် အမျိုးသမီး
တွေကို Sexy နည်းအရ စွဲဆောင်မှုတွေ ပေးပါတယ်။ ဒါဟာ ယောက်ျားပီသခြင်းရဲ့ သွင်ပြင်လက္ခဏာတစ်ခုလို့လည်း အ
များက လက်ခံထားပါတယ်။

(၂) စိတ်လှုပ်ရှားဖွယ်ရာ Pant တွေဝတ်တဲ့အခါ

အမျိုးသားတွေ Sexy အကျဆုံး ဖတ်ရှင်ကို ပြောပါဆိုရင် အမျိုးသမီးတော်တော်များများကတော့ Pant ၀တ်ထားတဲ့အချိန်
ကို ညွှန်းဆိုပါလိမ့်မယ်။ အင်း … စိတ်ထဲကအမှန်တရားအတိုင်း ပြောတတ်ဖို့တော့ လိုတာပေါ့လေ။

READ
ယောက်ျားလေးတစ်ယောက် သင့်ကိုအတည်တွဲတာလား၊အပျော်တွဲတာလားသိဖို့

(၃) ကြီးမားကျယ်ပြန့်တဲ့ ရင်အုပ်အစုံ

အမျိုးသားတွေမှာ အ၀တ်အစားဖုံးအုပ်လျှက် ကြည့်အကောင်းဆုံးကတော့ ကြီးမားကျယ်ပြန့်တဲ့ ရင်အုပ်အစုံပဲ ဖြစ်ပါလိမ့်
မယ်။ အဲဒီရင်အုပ်အစုံကိုသာ အမျိုးသမီးတို့ မိမွေးတိုင်း ဖမွေးတိုင်းတွေကလိုက်ရရင်ဖြင့် လက်သီးစုပ်နဲ့ ထုရိုက်ကျီစယ်လို
စိတ် ပေါက်မိကြမှာပါ။

(၄) ကြွက်သားအဖုအထစ်

အမျိုးသားတွေရဲ့ အကောင်းဆုံးသော စွဲဆောင်မှုတွေထဲမှာ အဖုလိုက်အထစ်လိုက် အမြှောင်းမြှောင်းထနေတဲ့ ကြွက်သား
စိုင်ကြီးတွေ ပါဝင်ပါတယ်။ အမျိုးသမီးတွေကို ရင်ခုန်စိတ်လှုပ်ရှားမှု အပေးနိုင်ဆုံးဖြစ်ပြီး ယောက်ျားတစ်ယောက်ကို Sexy
ကျတဲ့ ဆွဲဆောင်မှုကို ပေးစွမ်းနိုင်ပါတယ်။

နတ်စည်တော် (Shwemom)

shwemom post photo

source : lovepanky.com

SHARE