မိမိနဲ့ ထူးထူးခြားခြား သွင်ပြင်တူတဲ့ကြောင်လေးကို တွေ့ရှိခဲ့တဲ့ ကလေးငယ်

ထူးဆန်းတဲ့အသွင်ကြောင့် ကျောင်းမှာ အနိုင်ကျင့်ခံရလေ့ရှိတဲ့ ကလေးငယ်တစ်ယောက်ဟာ နောက်ဆုံးမှာ သူ့ရဲ့ ကိုယ်စောင့်နတ် သတ္တဝါလေးကို တွေ့ရှိခဲ့ပါပြီ။ (၇)နှစ်သားအရွယ် Madden ဆိုတဲ့ Oklahoma က ကောင်လေးဟာ မွေးရာပါ နှုတ်ခမ်းကွဲနေတဲ့အပြင် မျက်လုံးနှစ်ဖက် အရောင်မတူတဲ့ ဗီဇရောဂါလည်းရှိတဲ့အတွက် သူ့သွင်ပြင်ဟာ အချို့ကလေးတွေအတွက် စနောက်စရာ ဖြစ်နေခဲ့တာပါ။

Christina Humphreys

လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က နှုတ်ခမ်းကွဲကလေးများရဲ့ မိခင်တွေ Group မှာ တစ်ဦးက Madden နဲ့ မျက်လုံးအရောင်ရော နှုတ်ခမ်းပါတူတဲ့ ကြောင်လေးပုံကို တင်ခဲ့ပြီး ၎င်းကြောင်လေးက တိရိစ္ဆာန်ကယ်ဆယ်ရေးစခန်းတစ်ခုမှ ဖြစ်ပါတယ်။

“ဒီကြောင်လေးဟာ ကျွန်မတို့မိသားစုဝင်ဖြစ်မယ်လို့ လုံးဝသိခဲ့ပါတယ်။ ကျွန်မတို့ Madden လို နှုတ်ခမ်းလေးကွဲနေရုံသာမက မျက်လုံးအရောင်လည်း တူတာကြောင့် သူတို့ဟာ လုံးဝတူညီတဲ့သူငယ်ချင်းတွေ ဖြစ်လာမှာပါ။ ကျွန်မသားလေးလည်း သိပ်အထီးကျန်တော့မှာ မဟုတ်ပါဘူး” လို့ Madden ရဲ့ မိခင်က ပြောခဲ့ပါတယ်။

Christina Humphreys

မျက်လုံးအရောင်မတူတဲ့ ဗီဇမျိုးဟာ အလွန်ရှားပြီး လူဦးရေရဲ့ (၁)ရာခိုင်နှုန်းမှာသာ ဖြစ်ပွားပါတယ်။ ဒါ့အပြင် နှုတ်ခမ်းကွဲတဲ့ဖြစ်စဉ်ကလည်း ရှားပါးဖြစ်ပါတယ်။ Madden ရဲ့ မိခင်ဟာ “ကျွန်မတို့က အလျင်လိုတတ်သူတွေ မဟုတ်ပေမယ့် ဒီကြောင်လေးကိုတော့ ချက်ချင်း ချစ်သွားကြပါတယ်။ Moon လို့ ခေါ်တဲ့ ကြောင်လေးနဲ့ Madden တို့ဟာ အပြန်အလှန် အသင့်တော်ဆုံး အဖော်တွေပါ။ Moon ဟာ ကျွန်မတို့မိသားစုရဲ့ ဘဝတစ်လျှောက်မှာ ပါဝင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

READ
ဓလေ့သစ်တစ်ခုလို လူအများကြား ပျံ့နှံ့ကုန်တဲ့ ဂျပန်နဲ့ ဆီနီဂေါပရိသတ်တွေရဲ့ စံပြလှုပ်ရှားမှု
Christina Humphreys

White (Shwemom)

Ref: Bored Panda

SHARE