ဒစ်ဂျစ်တယ်ဆယ်လီတွေက လူ့အဖွဲ့အစည်းကို ဘယ်လိုသက်ရောက်မှု ရှိလာနေလဲ

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စလို့ အမေရိကန်နိုင်ငံမှာ ဒစ်ဂျစ်တယ်ဆယ်လီတွေ ပေါ်ပေါက်လာခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ ဆိုရှယ်မီဒီယာတွေ၊ ကြော်ငြာတွေ၊ ရုပ်ရှင်တွေ၊ ဖက်ရှင်လောကတွေမှာ လူအစစ်တွေသဖွယ် ထိုးဖောက်ဝင်ရောက်လာခဲ့ကြပါတယ်။ ဒီလို တဖြည်းဖြည်း ခေတ်စားလာတဲ့ ဒစ်ဂျစ်တယ်ဆယ်လီတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

Bermuda (left) & Miquela (right) are both created by Brud

ဒစ်ဂျစ်တယ်ဆယ်လီဆိုတာ ဖျော်ဖြေရေးအတွက် ရည်ရွယ်ပြီး ဒစ်ဂျစ်တယ်နည်းပညာနဲ့ ဖန်တီးထားတဲ့ ကာရိုက်တာတွေ ဖြစ်ပါတယ်။ သူတို့ကို ဆယ်လီအတုလို့လည်း ခေါ်လို့ရပါသေးတယ်။ ဒီလိုကာရိုက်တာတွေထဲက အများစုဟာ ဆယ်လီတစ်ယောက်လို ဆိုရှယ်မီဒီယာအကောင့်တွေ ဖွင့်ထားတယ်၊ သူတို့ရဲ့ နေ့စဉ်ဘဝတွေကို လူတွေဆီ ချပြတယ်။ အဲ့ထဲကမှ နာမည်ကျော်တစ်ယောက်ကတော့ Miquela ဖြစ်ပါတယ်။ သူဟာ ကြော်ငြာတွေ ရိုက်တယ်၊ သီချင်းတွေ ထုတ်တယ်၊ တခြားဆယ်လီတွေနဲ့ ပူးပေါင်းပြီး အလုပ်လုပ်တယ် စသဖြင့်ပါ။

medium

ဂျပန်မှာဆိုရင်တော့ ဒီလိုဒစ်ဂျစ်တယ်ဆယ်လီဟာ အန်နီးမေးရှင်းသဏ္ဍာန်နဲ့ ၂၀၀၇ လောက်ကတည်းက ရှိခဲ့တာပါ။ ဟုဆုနဲ မိခု လို့ ခေါ်ပါတယ်။ ပေါ့ပ်အဆိုတော်တစ်ဦးပါ။ သူမရဲ့ ကာရိုက်တာနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ရောင်းချရင်း ဒေါ်လာ ဘီလီယံနဲ့ ချီပြီးကို ဝင်ငွေရတာပါ။ အချို့ ဒစ်ဂျစ်တယ်ဆယ်လီတွေက social media influencer တွေအတိုင်း လှုပ်ရှားကြတာပါ။ အကောင့်ကနေ အစားအသောက် ကြော်ငြာတာမျိုးတွေတောင် လုပ်ကြပါတယ်။ ဥပမာ Melissa Cohen ဆို နာမည်ကြီးပါတယ်။

READ
Gamer တွေအတွက် ထုတ်ထားတဲ့ စမတ်ဖုန်း (သို့မဟုတ်) Razer Phone 2
Hatsune Miku

ဒစ်ဂျစ်တယ်ဆယ်လီဆိုတဲ့အတိုင်း မော်ဒယ်ပိုင်းမှာပါ ထိုးဖောက်ဝင်ရောက်လာနေကြပါပြီ။ လန်ဒန်က ဖက်ရှင် ဓာတ်ပုံဆရာ Cameron-James Wilson ဆိုရင် The Diigitals ဆိုတဲ့ မော်ဒယ်အေဂျင်စီကိုတောင် တည်ထောင်ထားပါပြီ။ ထိုအေဂျင်စီက မော်ဒယ်တွေ အကုန်လုံးက ကွန်ပြူတာနဲ့ ဖန်တီးထားတဲ့ ဒစ်ဂျစ်တယ် ကာရိုက်တာသက်သက်တွေချည်းပါပဲ။  စမတ်ဖုန်းတွေမှာဆိုလည်း Samsung ရဲ့ AR Emoji တွေနဲ့ Apple ရဲ့ Memojis တွေပါ ပေါ်ပေါက်လာပါပြီ။ အသံနဲ့ ထိန်းချုပ်ရုံနဲ့ ဖုန်းနဲ့တင် ကာရိုက်တာတွေကို ဖန်တီးနိုင်လာတာပါ။

Samsung AR Emoji (left) vs. Apple’s Memoji (right)

စီးပွားရေးနယ်ပယ်မှာ ဆိုရင်တော့ ဒစ်ဂျစ်တယ်နဲ့ လူသားတွေ အပြိုင်ဖြစ်လာတော့မယ်လို့ သုံးသပ်ထားကြပါတယ်။ ဒစ်ဂျစ်တယ် ကာရိုက်တာတွေဟာ လူသားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကိုပါ သိမ်းပိုက်လာနိုင်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်က လုပ်ငန်းတွေလည်း ဒစ်ဂျစ်တယ် ကာရိုက်တာတွေကြောင့် ပျက်စီးမှုတွေ ဖြစ်လာနိုင်ပါတယ်။

READ
ကလေးဆော့စရာ အရုပ်ကားပုံစံတီထွင်ထားတဲ့ ရာသီဥတုဒဏ်ခံ PodRide လျှပ်စစ်ကား
Perl

Ref: Medium

SHARE