ဒီလက်တာ လီယော့တာ ဆိုတဲ့ ချစ်စရာ အမျိုးသမီးလေးက နာမည်ကျော် အားကစားသတင်းဌာန တစ်ခုဖြစ်တဲ့ Sky Sports ရဲ့ အစီအစဉ်တင်ဆက်သူဟောင်း တစ်ယောက်ပါ။ သူမက စီးရီးအေပြိုင်ပွဲတွေရဲ့ အစီအစဉ်တင်ဆက်သူလည်းဖြစ်ပြီး သူမရဲ့ အင်စတာဂရမ်ပရိသတ်တွေကို နေအိမ်ကနေပဲ အလုပ်လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
View this post on Instagram
Dopo l’allenamento non poteva mancare la crostata di mandarini #worldbakingday
အသက် (၂၈)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဒီလက်တာ ဟာ Covid-19 အန္တရာယ်ကြောင့် အပြင်မထွက်ကြဖို့နဲ့ တတ်နိုင်သလောက် နေအိမ်ကနေသာ အလုပ်လုပ်ကြဖို့ သူ့ရဲ့ အင်စတာဂရမ်ပရိသတ် (၆)သန်းကျော်ကို အမှာတော်ပါးလိုက်ပါတယ်။
သူမက နေအိမ်မှာ အလုပ်လုပ်နေတဲ့ ဓာတ်ပုံလေးတွေကို အင်စတာဂရမ်ကနေ မျှဝေရင်း နေအိမ်မှာအလုပ်လုပ်တာက ရောဂါပိုးတွေကို ကာကွယ်ပြီးသား ဖြစ်ကြောင်းနဲ့ လူတွေကြားထဲ တတ်နိုင်သလောက် မသွားကြဖို့ လိုအပ်ကြောင်း တိုက်တွန်းလိုက်တာပါ။
ဒီလက်တာ ရဲ့ ဓာတ်ပုံတွေမှာတော့ ပေါ့ပေါ့ပါးပါး ဘောင်းဘီတိုလေးတွေနဲ့ အလုပ်လုပ်ဖို့ ကြိုးစားနေတာကို တွေ့ရမှာဖြစ်ပြီး သူမရဲ့ စားပွဲပေါ်မှာ လက်ပ်တော့ တစ်လုံးနဲ့အတူ စာရွက်စာတမ်းတွေကိုလည်း တွေ့ခဲ့ရပါတယ်။
လက်ရှိအချိန်မှာ DAZN ရုပ်သံလိုင်းအတွက် အလုပ်လုပ်နေပြီဖြစ်တဲ့ ဒီလက်တာရဲ့ ဓာတ်ပုံတွေကို ပရိသတ် (၇)သိန်းကျော်လောက်က ကြိုက်နှစ်သက်ကြောင်း ပြသခဲ့ကြပြီး ဒီလက်တာ ရဲ့ ချစ်စရာကောင်းမှုကို အသိအမှတ်ပြုခဲ့ကြပါတယ်။
ဒီလက်တာ ကို အရမ်းလှတဲ့မိန်းကလေးပဲ လို့ တချို့တွေက ချီးကျူးထားကြပြီး သူမရဲ့ ဖက်ရှင်နဲ့ပတ်သက်တဲ့ ချီးကျုးမှုတွေကိုလည်း ဓာတ်ပုံအောက်မှာ တော်တော်များများတွေ့ခဲ့ရပါတယ်။
အီတလီနိုင်ငံတွင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ (၄၁၀၃၅)ဦးရှိပြီး သေဆုံးသူဦးရေ (၃၄၀၅)အထိ တိုးမြင့်လာခဲ့တာကြောင့် ပြည်သူတွေအနေနဲ့ ပိုပြီး သတိထားကြဖို့နဲ့ တတ်နိုင်သလောက် အိမ်အပြင်မထွက်ပဲ ကျန်းမာအောင်နေကြဖို့ ဒီလက်တာ က တိုက်တွန်းသွားခဲ့ပါတယ်။
View this post on Instagram
Colazione e… presto incontrerò un nuovo numero 1⃣0⃣! ✅ @xiaomi.italia #adv
Linn