အက်ရှင်ကားကောင်းရှားပါးနေတဲ့ မြန်မာရုပ်ရှင်လောကအတွက် Dimensions ရုပ်ရှင်ကား

ဖေဖော်ဝါရီလ 9ရက်နေ့မှာ ရုံတင်မယ့် Dimensions(မျက်နှာပြင်များ) ရုပ်ရှင်ကားကြီးဟာဆိုရင် အက်ရှင်ဇာတ်ကားကောင်းရှားပါးနေတဲ့ မြန်မာ့ရုပ်ရှင်လောကအတွက် အကောင်းဆုံးဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ Bonanza Production နဲ့ Shutter Production တို့မှ ပူးပေါင်းတင်ဆက်ထားတာဖြစ်ပြီး ဦးဝင်းမြိုင်အပြင် တက်သစ်စ လူငယ်အနုပညာရှင်တွေဖြစ်တဲ့ ခါရာ၊ အဲလစ်အုန်း၊ ဂျာဆိုင်းအိန်၊ မင်းမြတ်စိုးစံ၊ ကောင်းစစ်သွေး၊ ဆုရွှေရည်ထူး၊ သီဟ၊ ဟန်ထူးနိုင်၊ ရဲမွန်တို့အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဒီဇာတ်ကားဟာဆိုရင် သူ့ကိုယ်သူလူသတ်သမားပါဆိုပြီး ရဲစခန်းကို လာရောက်အဖမ်းခံတဲ့လူတစ်ယောက်၊ သူသတ်ခဲ့တဲ့သူတွေကိုလည်း မမှတ်မိ။ အတိတ်မေ့ဝေဒနာသည်တစ်ယောက်လား၊ လူတွေကိုရောဘာကြောင့်လိုက်သတ်နေရတာလဲ၊ သူ့ရဲ့နောက်ကြောင်းက ဘယ်လိုဖြစ်မလဲ၊ ဘာကြောင့်မို့လို့ ဒီလိုအတိတ်မေ့နေတဲ့သူတစ်ယောက်ကို ဘယ်သူတွေက လုပ်ကြံချင်နေရတာလဲ။ ဇာတ်ဆောင်က အတိတ်မေ့ဝေဒနာသည်လား၊ လူသတ်သမားအစစ်အမှန်ပဲလားဆိုတာ စီးမျောလိုက်ပါရင်း အဖြေရှာကြည့်ရမယ့် ဇာတ်ကားကောင်းလေးပါ။

ဒီရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးဖို့အတွက် Pre Production ပိုင်းမှာအချိန် ၆ လကျော်၊ ရိုက်ကူးချိန် ၃ လကျော်နဲ့ Editing, coloring Grading, Music Composing နဲ့ Sound Design စတဲ့ Post Production ပိုင်းကိုလည်း တစ်နှစ်ကျော် အသေးစိတ်ပြင်ဆင်ထားတာဖြစ်ပါတယ်။

READ
တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ ပရိသတ်အချစ်တော် မင်းသမီးလေး ယွန်းယွန်း

ဒီဇာတ်ကားလေးဟာ စကြည့်ကတည်းက ဆုံးတဲ့အထိ ဘာများဖြစ်မလဲ ဆိုပြီးရင်တထိတ်ထိတ်နဲ့ ကြည့်နေရတဲ့ကားမျိုးပါ။ အက်ရှင်တွေကလည်း လုံးဝကြမ်းတဲ့အပြင်ကို၊ သရုပ်ဆောင်တွေအားလုံးကလည်း ကျရာဇာတ်ရုပ်ကနေ ပီပီပြင်ပြင် သရုပ်ဆောင်ထားကြလို့ လုံးဝကိုခံစားသက်ဝင်လို့ကောင်းတဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။

မင်းသားဇာတ်ဖြစ်တာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့အသည်းနှလုံးကို ခါရာတစ်ယောက် ဆွဲယူသိမ်းပိုက်နိုင်မယ်ဆိုတာကိုလည်း ယုံကြည်ပါတယ်။ အသံပိုင်းဆိုင်ရာ၊ ရိုက်ကွက်တွေအရမ်းကိုမိုက်ပြီး သရုပ်ဆောင်လည်း အရမ်းပီပြင်ကြတာကြောင့် ကြည့်နေကျကားတွေနဲ့ လုံးဝကွဲထွက်ပြီး ရသအသစ်နဲ့ စိတ်ကျေနပ်မှုအပြည့်ရစေမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရှားရှားပါးပါး အက်ရှင်ဇာတ်ကြမ်းကားကောင်း တစ်ခုဖြစ်တာကြောင့် ရုံတင်တဲ့အခါမလွတ်တမ်းသွားကြည့်ဖို့ အကြံပေးပါရစေနော်။

Em Em(Shwemom)

SHARE