သွားရောက်လည်ပတ်သင့်တဲ့ ကမ္ဘာတစ်ဝှမ်းမှ အကောင်းဆုံးစားသောက်ဆိုင်များ

စာဖတ်သူဟာ အစားကောင်းလည်း ကြိုက်နှစ်သက်သူတစ်ဦးဖြစ်တယ်၊ ကိုယ်စားမယ့် စားသောက်ဆိုင်အခင်းအကျင်းအပြင်အဆင်ကိုလည်း ထူးထူးခြားခြားလေးမှ ကြိုက်နှစ်သက်တတ်သူဆိုရင်တော့ ကမ္ဘာတစ်လွှားမှာရှိတဲ့ ထင်ရှားတဲ့ စားသောက်ဆိုင်တွေကို forbes မဂ္ဂဇင်းကနေတဆင့် ကိုးကား ဖော်ပြပေးလိုက်ပါတယ်။

Tree By Naked

 

View this post on Instagram

 

【TREE by NAKED × 香道志野流】 . 香りを「聴く」文化として日本古来より伝わる香道。室町時代より500年続く香道志野流が監修する香木を焚く香りに包まれ、『TREE by NAKED yoyogi park』のディナーコースは始まります。 . At the beginning of the dinner course at NAKED’s restaurant TREE by NAKED yoyogi park, guests will experience the traditional Japanese incense ceremony “Kodo”. . #instafoodie #wp_delicious_jp #デジタルアート #digitalart #プロジェクションマッピング #projectionmapping #instaart #installation #interactiveart#artexhibition #immersiveart #ilovejapan #instajapan #traveljapan#tokyotravel #tokyojapan #ig_japan #igersjp #Instagramjapan#instagood #nakedinc#ryotaromuramatsu #日本美食 #東京旅行 #東京観光 #date #specialday

A post shared by TREE by NAKED yoyogi park (@treebynaked) on

Tree By Naked အမည်ရတဲ့ စားသောက်ဆိုင်ဟာ တိုကျိုမြို့က ယိုယိုဂီဥယျာဉ်မှာ တည်ရှိပါတယ်။ ဇူလိုင်လ(၂၀၁၇) ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တဲ့ ၄င်းစားသောက်ဆိုင်ဟာ VR (Virtual Reality) နည်းပညာကို သုံးထားပါတယ်။ ဆိုင်တွင်းက ဂီတသံ၊ မီးအလင်းအမှောင်၊ ရနံ့တွေနဲ့ အနုပညာတွေကို VR နည်းနဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဆိုင်ထဲမှာ “Scenes of Life” လို့အမည်ပေးထားတဲ့ အပင်တစ်ပင် ကြီးထွားဖြစ်ပေါ်လာပုံကို ဖော်ပြထားပါတယ်။ ၄င်းထဲမှာ အပင်တွေမှာ တဆင့်ပြီးတစ်ဆင့် ပြောင်းလဲဖြစ်ပေါ်လာပုံ(၈) ဆင့်ကို ဟင်းအမယ်တွေနဲ့တကွ စားသုံးရင်း ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ တစ်ဦးကို (၂၀၇) ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

READ
အင်ဒိုနီးရှားမှာ လည်ပတ်စရာတွေ

Singapore Flyer Sky Dining Capsule

 

View this post on Instagram

 

#birthdaydinner #singaporeflyer #ferriswheel #お誕生日ディナー #シンガポールフライヤー #観覧車

A post shared by KB (@kb_____2) on

အမြင့်မကြောက်တတ်သူဆိုရင်တော့ သွားသင့်တဲ့နေရာတစ်ခုပါ။ စားသောက်ဆိုင်ခန်းဟာ အခန်းငယ်လေးသဏ္ဍာန်ဖြစ်ပြီး လူ(၂) ယောက်ကနေ (၁၀) ယောက်အထိ ၀င်ဆန့်ပါတယ်။ သတ်သတ်လွတ်၊ အနောက်တိုင်းနဲ့ တရုတ်အစားအစာတွေကို ညစာမှာစားနိုင်ပါတယ်။ ကုန်ကျစရိတ်ကတော့ တစ်ဦးကို ဒေါ်လာ(၁,၅၅၁) လောက်ရှိနိုင်ပါတယ်။ ထမင်းစားချိန်တစ်နာရီအတွင်း အပြင်ကိုကြည့်တဲ့မြင်ကွင်းပြောင်းအောင် capsule ခန်းကို နှစ်ခါလောက်လှည့်ပေးမှာ ဖြစ်ပါတယ်။ စားသောက်ဆိုင်မီနူးတွေကတော့ (၆) လတစ်ကြိမ်ပြောင်းပါတယ်။

Soneva Kiri 


သဘာဝတရားကို ချစ်မြတ်နိုးသူတွေအတွက်တော့ ထိုင်းနိုင်ငံ Koh Kood ကျွန်းပေါ်မှာ တည်ဆောက်ထားတဲ့ Soneva Kiri မှာ ညစာစားနိုင်ပါတယ်။ Soneva Kiri ဟာ ဘန်ကောက်မြို့ကနေဆိုရင် လေယာဉ်နဲ့ တစ်နာရီကြာ ခရီးသွားရပါတယ်။ အဲဒီစားသောက်ဆိုင်ကတော့ ညစာကို သစ်ပင်ထိပ်ဖျားမှာ ငှက်သိုက်ပုံစံ အိမ်ကလေးတွေနဲ့ တည်ခင်းဧည့်ခံတာ ဖြစ်ပါတယ်။ လူ(၂) ယောက်ကနေ (၄) ယောက်ထိ ၀င်ဆန့်ပါတယ်။ အပေါ်ဆီးကနေ ထိုင်းနိုင်ငံရဲ့ မိုးသစ်တောကို တွေ့မြင်ခံစားရမှာ ဖြစ်သလို ဒေသရင်းထိုင်းအစားအသောက်တွေကိုလည်း အရသာရှိစွာ စားသုံးနိုင်မှာ ဖြစ်ပါတယ်။

READ
သဘာဝတရားကို ချစ်မြတ်နိုးသူတွေဖို့ သွားသင့်တယ်လို့ မြင်မိတဲ့ အမေရိကကနေရာများ

Labasin Waterfall Restaurant 

 

View this post on Instagram

 

#lunchtime

A post shared by Travelbuff Vpp (@travelbuffvpp) on


တွေ့ရတဲ့ ရေတံခွန်စားသောက်ဆိုင်လေးကတော့ ဖိလစ်ပိုင်နိုင်ငံ San Pablo မြို့မှာ တည်ရှိပါတယ်။ စားသောက်ဆိုင်နာမည်ကတော့ The Labasin Waterfalls Restaurant အမည်ရပါတယ်။ ဆိုင်မှာ စားသုံးသူဧည့်သည်တွေအနေနဲ့ ကိုယ့်ခြေထောက်ကို စီးဆင်းနေတဲ့ရေထဲမှာ (၁) လက်မကနေ (၅) လက်မလောက်အထိ နှစ်စိမ်ထားနိုင်ပါတယ်။ ခြေထောက်အောက်မှာ တသွင်သွင်စီးနေတဲ့ ရေရဲ့ အရသာကို ခံစားရင်း ဖိလစ်ပိုင်ဒေသထွက် အစားအစာတွေကို ဇွန်း၊ခရင်းမသုံးပဲ လက်ချည်းသက်သက်နဲ့ စားသုံးနိုင်ပါတယ်။ စားသောက်ဆိုင်ဟာ ညနေ(၄) နာရီအထိ ဖွင့်ပါတယ်။ သွားရောက်စားသုံးသင့်တဲ့ အကောင်းဆုံးအချိန်တွေကတော့ မနက်(၁၁) နာရီကတော့ နေ့လည်(၂) နာရီအထိ ရနိုင်တဲ့ ဘူဖေးနေ့လည်စာချိန်ဖြစ်တယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE