လက်တလောအချိန်ဟာ Johnny Depp အနေနဲ့ Amber Heard နဲ့ ကိစ္စတွေကြောင့် ရိုက်ကူးလက်စဖြစ်နေတဲ့ Fantastics Beasts ရုပ်ရှင်ထဲက နှုတ်ထွက်ဖို့ ဖိအားပေးခြင်းကို ခံခဲ့ရသလိုပဲ တစ်ဖက်မှာလည်း ရင်ဆိုင်နေရတဲ့ အမှုဟာ အရှုံးဖက်ကိုသွားနေခဲ့ပါတယ်။ Johnny Depp ကို မိန်းမနှိပ်စက်တဲ့လူ၊ အိမ်တွင်းအကြမ်းဖက်တဲ့လူအဖြစ် တစ်ချို့တွေကပြောနေခဲ့ကြတဲ့အတွက် သူ့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာတွေဟာ အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ အနုပညာလုပ်ငန်းမှာပါ ထိခိုက်မှုတွေဖြစ်လာခဲ့ပါတယ်။
View this post on Instagram
ဒီလိုပြဿနာတွေဖြစ်နေတဲ့ အနုပညာရှင်ဆိုရင် အားလုံးက ဝိုင်းရှောင်ကြပေမယ့်လို့ Dior ကတော့ အဲဒီအတွေးအခေါ်တွေကြားထဲက ထိုးထွက်ခဲ့ပါတယ်။ အဲဒါကတော့ အခုလိုအချိန်ကောင်းကြီးကျမှ ကြော်ငြာဟောင်းတစ်ခုကို ပြန်လွှင့်လိုက်ခဲ့တာပါ။

ကြော်ငြာကတော့ Dior ရဲ့ Sauvage ရေမွှေးကြော်ငြာပါ။ Johnny Depp နဲ့ ရိုက်ထားတဲ့ ကြော်ငြာဟောင်းဖြစ်ပါတယ်။ ဒါကို “The Great British Bake Off” ဆိုတဲ့ အစီအစဉ်နားချိန်မှာ ပြန်လွှင့်လာခဲ့တာပါတဲ့။ Johnny Depp တစ်ယောက် electric guitar တီးပြီးတော့ ကြော်ငြာထားတဲ့ဟာလေးပေါ့။
ဒါပေမဲ့ ကြောငြာကို ပြန်လွှင့်လွှင့်ပြီးချင်းမှာပဲ ယူကေရဲ့ Advertising Standards Authority ဌာနကို တိုင်စာစုစုပေါင်း ၁၁ ခုတောင် တစ်ပြိုင်နက်ထဲ ပြုံပြီးရောက်လာခဲ့ပါတယ်။ Amber Heard နဲ့ ဖြစ်နေတဲ့ ကိစ္စတွေအပေါ်မှာ ဒီလိုကြော်ငြာမျိုးကို Dior အနေနဲ့ မလွှင့်သင့်ဘူးဆိုတာပါပဲ။
ဒါပေမဲ့လည်း Johnny Depp ဟာ Dior ရေမွှေးတွေရဲ့ ပင်တိုင်မော်ဒယ်အဖြစ် ၂၀၁၅ ခုနှစ်ကတည်းကိုက တာဝန်ယူလာခဲ့တာဖြစ်ပြီးတော့ Dior ရဲ့ အအောင်မြင်ဆုံးသော မော်ဒယ်တစ်ဦးလည်းဖြစ်နေပါတယ်။ Dior ဖက်ကရော Johnny Depp ဖက်ကအပြင် ကြော်ငြာအစည်းအရုံးဖက်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှကို မပြောခဲ့ကြပါဘူး။ Johnny Depp ရဲ့ ပရိတ်သတ်တွေကတော့ Johnny Depp ဖက်က ရပ်တည်ပေးလို့ဆိုပြီး Dior ကို ချီးကျူးကျေးဇူးတင်နေခဲ့ကြပါတယ်။
View this post on Instagram
penny