“လရဲ့အောက်ဘက် မိုင်အဝေးမှာ” ထဲမှာ နေရောင်ခန့်အဖြစ် တွေ့ရမယ့် ဒေါင်း

ဒါရိုက်တာ ထူးပိုင်ဇော်ဦးကတော့ သရုပ်ဆောင်သစ်တွေကို ပွဲထုတ်ပြီး “ည” ဆိုတဲ့ ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ လူငယ်ဒါရိုက်တာ တစ်ယောက်ပါ။ “ည” ဇာတ်ကားကလည်း ပရိသတ်အားပေးမှု ရခဲ့ပြီး အဲ့ဒီအထဲမှာ ပါဝင်ခဲ့တဲ့  သရုပ်ဆောင်တွေဟာဆိုရင် လက်ရှိမှာလည်း အနုပညာနေရာတစ်နေရာ အခိုင်အမာရပြီး ရပ်တည်နေကြပါပြီ။ “ည” ဇာတ်ကားနဲ့ ပရိသတ်ရင်ထဲကို ၀င်ရောက်နိုင်ခဲ့တဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး စာရေးဆရာမ ဂျူးရဲ့ ၀တ္ထုကို မကြာခင်မှာ ပုံဖော်ရိုက်ကူးတော့မှာပါ။

ဝတ္ထုထဲက ဇာတ်ကောင် ဒေါ်ခင်သန့်စင်နဲ့ နေရောင်ခန့် နေရာအတွက် လက်ရှိ နာမည်ရ သရုပ်ဆောင်များထဲမှ ရွေးသွားမှာဖြစ်ပြီး သိဒ္ဓိ ၊ ဒီပါ ၊ ကစ်ကစ် ၊ မြတ်ကောင်း၊ တော်ဝင် ၊ ဝါလဲ့ အစရှိတဲ့ ဆယ်ကျော်သက်ဇာတ်ကောင်နေရာများအတွက် သရုပ်ဆောင်သစ်များကို ရွေးချယ်ပြီး Training , Rehearsal ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကာ ရိုက်ကူးသွားမယ်လို့ အရင်တုန်းက ပရိသတ်တွေကို အသိပေး ကြေညာခဲ့ဖူးပါတယ်။ သိဒ္ဓိ နဲ့ ဒီပါ ဆိုတဲ့ အဓိကဇာတ်ေ ကာင်နှစ်ယောက် နေရာမှာ စိတ်ပါဝင်စား တဲ့ သူတွေကိုတော့ လျှောက်လွှာ ခေါ်ယူခဲ့ဖူးပါတယ်။အားလုံး သိချင်နေကြ တဲ့ နေရောင်ခန့်ဆိုတဲ့ ဇာတ်ကောင်နေရာ အတွက် သူရွေးချယ်ထားတဲ့ မင်းသားကိုတော့ ဖေဖော်ဝါရီ (၅)ရက်နေ့က  ကြေညာလိုက်ပါပြီ။သားပျောက်လို့ ပူဆွေးနေတဲ့ ဒေါ်ခင်သန့်ဇင်အပေါ်မှာ စိတ်ဝင်စားမိမယ့် နေရောင်ခန့် ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်မယ့်သူကတော့  ဒေါင်းပါ။

READ
ယောက္ခမကြီးလို့ခေါ်သံတွေနဲ့ ပွဲစည်နေတဲ့ စိုင်းစိုင်းရဲ့ FB Post

“လရဲ့အောက်ဘက် မိုင်အဝေးမှာ ဝတ္ထု ကို ရုပ်ရှင်အဖြစ် ရိုက်ကူးဖို့ ဆရာမဂျူး နဲ့ သဘောတူညီချက်ရခဲ့တဲ့ အချိန်ကတည်းက နေရောင်ခန့် ဇာတ်ကောင်နေရာကို ” ဒေါင်း ” တစ်ယောက်တည်းကို ပဲ မြင်ယောင်ထားတာ။
အခုတော့ ကျတော်တို့ တကယ်ကို အတူတကွ ပုံဖော်ဖန်တီးဖို့ ဖြစ်လာပါပြီ။
🌃နေရောင်ခန့် အဖြစ် DAUNG – ဒေါင်း🌃#လရဲ့အောက်ဘက်မိုင်အဝေးမှာရုပ်ရှင်

ဆိုပြီး သူ့ရဲ့ fb မှာ အသိပေးကြေညာခဲ့ပါတယ်။

Source: ဒါရိုက်တာ ထူးပိုင်ဇော်ဦး

SHARE