ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီဆုကို ရရှိသွားခဲ့တဲ့ “မုန်းစွဲ” ဒါရိုက်တာ သြရသ

ဒီကနေ့မှာတော့ ရုပ်ရှင်ချစ်ပရိသတ်တွေတိုင်း ရင်ခုန်စိတ်လှုပ်ရှားရတဲ့ အကယ်ဒမီဆုပေးပွဲကြီးကို ကျင်းပနေတာဖြစ်ပါတယ်။ ရုပ်ရှင်ဖန်တီးရာမှာ အဓိက ကျတဲ့ ဆုတစ်ခုဖြစ်တဲ့ ရုပ်ရှင် ဒါရိုက်တာဆုကို ဖွင့်ဖောက်ကြေငြာလိုက်ပြီဖြစ်ပါတယ်။

ရုပ်ရှင်ဒါရိုက်တာဆုကိုတော့ ပရိသတ်တွေရဲ့ တခဲနက် အားပေမှုကို ရရှိခဲ့တဲ့ “မုန်းစွဲ” ရုပ်ရှင်ကားကြီးရဲ့ ဒါရိုက်တာ သြရသက ရရှိသွားခဲ့တာဖြစ်ပါတယ်။ကြည့်ရှုသူတွေကို သည်းထိတ်ရင်ဖိုအောင်သာမက ဂရုဏာရသကိုပါ ခံစားရအောင် ရိုက်ကူးတင်ဆက် နိုင်ခဲ့တာကြောင့် ဒါရိုက်တာ သြရသကတော့ အကယ်ဒမီဆုကြီးကို ရရှိခဲ့တာဖြစ်ပါတယ်။

ဒါရိုက်တာသြရသရဲ့ ပထမဆုံး အကယ်ဒမီဆုလည်းဖြစ်တယ်လို့ သိရပါတယ်။ အကယ်ဒမီ ဒါရိုက်တာ သြရသအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

Source:

SHARE