နာမည်ကြီး ဒါရိုက်တာ Quentin Tarantino လုံးဝအသုံးမပြုတဲ့ နောက်ဆုံးပေါ် နည်းပညာ ၄ ခု

Featureflash Photo Agency/Shutterstock

Quentin Tarantino လို့ပြောရင် ၂၀၁၉ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ Once Upon A Time In Hollywood အပြင် Pulp Fiction, Kill Bill, The Hateful Eight, Sin City စတဲ့ နာမည်ကျော်ရုပ်ရှင်တွေကို ရိုက်ကူးခဲ့ပြီး ဟောလိဝုဒ်လောကမှာ နည်းပညာတွေ မနှစ်သက်တဲ့ဒါရိုက်တာတစ်ယောက်ဆိုပြီး သူတို့ဆီမှာတော့ တန်းသိကြမှာပါ။

ဘာကြောင့်လဲဆိုတော့ သူ့ရိုက်ကွင်းမှာ အလုပ်လုပ်သူမှန်သမျှ အလုပ်ချိန်မှာ ဖုန်းသုံးတာ တွေ့ပြီဆိုတာနဲ့ အလုပ်တန်းဖြုတ်ပစ်တာ ခပ်များများပါပဲတဲ့။ Once Upon A Time In Hollywood မှာ ပါဝင်ခဲ့တဲ့ Brad Pitt ကိုဆိုရင်လည်း အခုခေတ်လူတွေ လွယ်လင့်တကူ ဆက်သွယ်ကြသလိုမျိုး ဖုန်းဆက်တာမျိုး၊ text ပို့တာမျိုး၊ email ပို့တာမျိုး လုပ်လေ့မရှိဘဲနဲ့ အိမ်ဖုန်း-အိမ်ဖုန်းချင်းပဲ စကားပြောချင်တဲ့အကြောင်း အသိပေးလေ့ ရှိပါတယ်တဲ့။ ဒီအကြောင်းကတော့ Once Upon A Time In Hollywood ရိုက်ကွင်းမှာ လူပိုသိပြီး ဟိုးလေးတကျော်ဖြစ်ခဲ့တယ်လို့ Insider မှာ ဖော်ပြထားခဲ့ပါတယ်။

အဓိက ဒါရိုက်တာ Quentin Tarantino အဓိကမသုံးတဲ့ နည်းပညာ ၄ ခုရှိနေပါတယ်။ အဲဒါဘာတွေလဲ။ ဘာကြောင့်မသုံးရသလဲဆိုတာကို ဆက်ဖတ်ရင်း အဖြေရှာကြည့်ကြပါစို့။

READ
အတွင်းခံကြော်ငြာ ရိုက်ကူးခဲ့တဲ့ Jason Statham ရဲ့ ဇနီးချောလေး Rosie
Featureflash Photo Agency/Shutterstock

(၁) စမတ်ဖုန်းများ၊ ဆဲလ်ဖုန်းများ

စမတ်ဖုန်းတွေနဲ့ ဆဲလ်ဖုန်းတွေကတော့ ဒါရိုက်တာ Quentin Tarantino ရဲ့ အဓိကရန်သူတို့တောင်ဆိုနိုင်ပါတယ်။ အပေါ်မှာဖော်ပြခဲ့တဲ့အတိုင်း Once Upon A Time In Hollywood ရိုက်ကွင်းအတွက် Brad Pitt ကို ဆက်သွယ်တာတောင် ဖုန်းမဆက်ဘဲ အိမ်ဖုန်း-အိမ်ဖုန်းချင်း အသံမက်ဆေခ်ျ့ချန်ထားခဲ့တာပဲ ကြည့်ပါတော့။ ရိုက်ကွင်းမှာ ဖုန်းဆက်စရာရှိခဲ့ရင်တောင် ရိုက်ကူးရေးသမားများဟာ သူတို့ဖုန်းတွေကို စုသိမ်းထားတဲ့နေရာတွေဆီကို အရင်ဆုံးပြေး၊ ပြီးရင် ရိုက်ကွင်းအပြင်ဖက်ကိုထွက်၊ လမ်းမဖက်ကိုထွက်ပြီး ခိုးကြောင်ခိုးဝှက် စကားပြောခဲ့ရတယ်လို့လည်း Brad Pitt က အင်တာဗျူးတစ်ခုမှာ ဖြေသွားခဲ့ပါသေးတယ်။

(၂) အီးမေးလ်

ဒါရိုက်တာဟာ စမတ်ဖုန်းတွေ၊ ဆဲလ်ဖုန်းတွေမသုံးသလို အီးမေးလ်ကိုလည်း အသုံးပြုခြင်းမရှိပါဘူးတဲ့။ ဟန်းဖုန်းလည်းမသုံး၊ အီးမေးလ်လည်းမသုံးဘူးဆိုတော့ ရိုက်ကွင်းရှိရင် ဘယ်လိုဆက်သွယ်မလဲဆိုတာ သိချင်နေကြမှာပေါ့နော်။ အပေါ်မှာဖော်ပြခဲ့တဲ့အတိုင်းပဲ အိမ်ဖုန်းတွေကို ဖုန်းဆက်ပြီး အသံမက်ဆေခ်ျ့ပို့ကာ ဆက်သွယ်ပါတယ်တဲ့။ ဒီနေရာမှာလည်း အခုခေတ်ကနည်းပညာတွေနဲ့ အသံမက်ဆေခ်ျ့ပို့တာမျိုးမဟုတ်ဘဲနဲ့ ရှေးရှေးတုန်းက answering machine ဆိုတဲ့ စက်တွေကို အသုံးပြုခဲ့တာပါတဲ့။

Wiki Common

(၃) Netflix

ရုပ်ရှင်တွေ streaming platform လောကကို စတင်ထိုးဖောက်ခဲ့သူလို့ သတ်မှတ်လို့ရနိုင်တဲ့ Netfllix ကိုလည်း ဒါရိုက်တာ Quentin Tarantino က လုံးဝမကြည့်ဖူးဘူးလို့ဆိုပါတယ်။ မကြည့်တဲ့အပြင် သဘောပါမကျတာပါတဲ့ဗျာ။ Netflix မှမဟုတ်ဘူး ဘယ် streaming service ကိုမှ မကြိုက်တာပါတဲ့။ သူ့အနေနဲ့ laptop နဲ့ ရုပ်ရှင်ကြည့်ဖို့ဆိုတာ စိတ်တောင်မကူးမိသလို၊ streaming service တွေပေါ်ပေါက်လာတဲ့ အချိန်ကစလို့ ပျော်ကွယ်သွားခဲ့ကြတဲ့ တိတ်ခွေနဲ့ DVD အခွေလောကကိုလည်း နှမြောမိတာကြောင့်ပါတဲ့။ အခွေဆိုင်လေးတွေ အရင်းပြုတ်လို့ ပိတ်ကုန်တုန်းကလည်း သူ့ဖက်ကနေပြီး တတ်နိုင်တဲ့ဖက်က အခွေတွေလိုက်သိမ်းဝယ်ပေးခဲ့တာ အခုဆိုအိမ်မှာ တိတ်ခွေနဲ့ DVD အခွေပေါင်း ၈ ထောင်ကျော်လောက်ရှိနေပါတယ်တဲ့။

READ
People Magazine အတွက် ဓါတ်ပုံတွေရိုက်နေတဲ့ နေမင်းအိမ်

(၄) ဒစ်ဂျစ်တယ်နည်းဖြင့်ရုပ်ရှင်ရိုက်ကူးခြင်း

၂၀၁၄ ခုနှ်တုန်းက ဒါရိုက်တာ Quentin Tarantino ဟာ Cannes Film Festival မှာ 35mm ဖလင်အသုံးပြုနေခြင်းအပေါ် ဆန့်ကျင်တယ်ဆိုပြီး အတိအလင်းပြောကြားခဲ့ပါတယ်။ အဲဒီတုန်းက ပွဲမှာ သူရိုက်ကူးခဲ့တဲ့ Pulp Fiction ကို ရုပ်ရှင်ရဲ့နှစ် ၂၀ ပြည့်အမှတ်တရအဖြစ် ပြန်လည်ပြသနေခဲ့တာပါ။ သူ့အနေနဲ့ digital filmmaking ကို လုံးဝ အားမပေးခဲ့ဘဲ သူ့ရုပ်ရှင်တွေကိုလည်း ဖခင်နဲ့ရိုက်ကူးကာ ပရိုဂျက်တာစက်တွေနဲ့မဟုတ်ဘဲ ဖလင်ထိုးပြသတဲ့ပုံစံကို ပိုပြီး သဘောကျနှစ်သက်သူတစ်ဦးပါ။ နောက်ဆုံးထွက်ခဲ့တဲ့ Once Upon A Time In Hollywood ကိုလည်း ဖလင်နဲ့သာ တစ်ကားလုံးရိုက်ကူးခဲ့တာပါတဲ့။

Penny

SHARE