Charlie’s Angels ရုပ်ရှင် Fail ခဲ့ပြီးနောက် အငြင်းပွားစရာစကားဆိုလာတဲ့ ဒါရိုက်တာ

Imdb/CharliesAngel

တစ်ချိန်တစ်ခါက အောင်မြင်ခဲ့တဲ့ Charlie’s Angels ရုပ်ရှင်ကို ပြန်ဆန်းသစ်ရိုက်ကူးထားတဲ့ ၂၀၁၉ ထွက် Charlie’s Angels ရုပ်ရှင်ဟာ ရုံတင်ပြသခဲ့တာပါ။ ရုံတင်စဉ် ပထမတစ်ပတ်မှာပဲ အခြေအနေ မကောင်းခဲ့ပါဘူး။ ရုံဝင်ငွေကောင်းကောင်း မရခဲ့တဲ့ အပြင် လူစိတ်ဝင်စားခြင်းလည်း မခံခဲ့ရပါဘူး။ ဒ့ါအပြင် Rating တွေလည်း အခြေအနေ မကောင်းခဲ့ပါဘူး

Charlie’s Angels ကို ရိုက်ကူးတဲ့ ဒါရိုက်တာဖြစ်သူ Elizabeth Banks ကတော့ သူ(မ)ရဲ့ ရုပ်ရှင် မအောင်မြင်ရတဲ့အပေါ်မှာ အငြင်းပွားစရာစကားတွေ ဆိုလာခဲ့တာပါ။

 

READ
အရင်ကထက်ပိုပြီးတော့ လှလာတဲ့ ဆုအိမ့်စံရဲ့ ပုံရိပ်လေးများ
Twitter/ElizebathBanks

တကယ်တော့ Elizabeth Banks ဟာ ဒီ ရုပ်ရှင်ရဲ့ တာဝန်အရှိဆုံး လူတစ်ယောက်ပါ။ ဒီ ရုပ်ရှင်ကို သူ(မ) ကိုယ်တိုင်ပဲ ဇာတ်လမ်းရေးပါတယ်၊ ဒါရိုက်တာ အဖြစ်ရော၊ ပရိုဂျုဆာအဖြစ်ရော တာဝန်ယူထားပြီး ရုပ်ရှင်ထဲမှာလည်း သူ(မ)ကိုယ်တိုင် အရေးကြီးတဲ့ နေရာမှာ ပါဝင်သရုပ်ဆောင်ထားတာပါ။

တစ်ပတ်အတွင်းမှာပဲ ရုံဝင်ငွေအခြေအနေ မကောင်းခဲ့တဲ့ Charlie’s Angels ရုပ်ရှင်အပေါ်ကို သူ(မ)က အခုလို တွစ်တာမှာ ရေးသားခဲ့ပါတယ်။

“တကယ်လို့ မင်း သေချာပေါက် အရှုံးနဲ့တွေ့ရတော့မယ်ဆိုရင် အနည်းဆုံး လေးဆလောက် မင်း နာမည်ကို ပါအေအာင် လုပ်ပါ။ ကျွန်မကတော့ Charlie’s Angels အတွက် ပျော်ပါတယ်။ ဂုဏ်လည်းယူပါတယ်”လို့ ရေးသားထားပါတယ်။

ဒါ့အပြင် Charlie’s Angels ရှုံးနိမ့်ရခြင်းရဲ့ နောက်အကြောင်းအရင်းတစ်ခုကို အခုလို ပြောခဲ့တာပါ။

“ယောက်ျားတွေက မိန်းကလေးတွေ အက်ရှင်ကား ရိုက်တာကို အားမပေးကြပါဘူး။ အထူးသဖြင့် မိန်းမဇာတ်ရုပ်ကို အလေးပေးထားတဲ့ ရုပ်ရှင်တွေကို ယောက်ျားလေး အများစုက ရုပ်ရှင်ရုံမှာ မကြည့်ကြပါဘူး။”

Amazon.com

ဒါ့အပြင် ဒါရိုက်တာဟာ အောင်မြင်ခဲ့တဲ့ စူပါဟီးရိုးရုပ်ရှင်တွေ Captain Marvel နဲ့  Wonder Women နဲ့ နှိုင်းယှဉ်ပြီး အခုလိုပြောခဲ့တာပါ။

“Wonder Woman တို့ Captain Marvel တို့ကို ယောက်ျားလေးတွေက သွားကြည့်ကြတယ်။ ဘာလို့လဲဆိုတော့ အဲဒီ ရုပ်ရှင်တွေဟာ မိန်းမတစ်ယောက်အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်တွေပေမယ့်လို့ ယောက်ျားလေးအမျိုးအစား ရုပ်ရှင်တွေ မို့လို့ပဲ။ အဲဒီရုပ်ရှင်တွေဟာ အမျိုးသမီးတွေရဲ့ ရုပ်ရှင်တွေဖြစ်နေတာတောင်မှပဲ Comic စာအုပ်တွေကို အခြေခံထားလို့ပါပဲ”လို့ ဆိုပါတယ်။

Charlie’s Angels ရုပ်ရှင်မှာ Kristen Stewart၊ Naomi Scott၊ Ella Balinska တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Ye Yint Kyaw

SHARE