ကိုယ်အင်္ဂါမသန်စွမ်းပေမယ့် စိတ်ဓာတ်သန်စွမ်းကြောင်း သက်သေပြခဲ့တဲ့ အမျိုးသား

အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်နေ အသက်(၆၃)နှစ်အရွယ် Melethuveettil Sasi ဆိုသူဟာ ခန္ဓာကိုယ် မသန်စွမ်းပေမယ့် စိတ်ဓာတ်ပြင်းထန်သန်စွမ်းသူ အမျိုးသားတစ်ဦး ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူနေထိုင်ရာ အိမ်နားမှာရှိတဲ့ တောင်ကုန်းလေးတစ်ခုကို ကိုယ်တိုင် လူသွားလမ်းဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။ အခြားအကူအညီမယူပဲ သူ့မှာ ရှိတဲ့ အခြေခံဆောက်လုပ်ရေး ပစ္စည်းတွေသာသုံးပြီး (၃)နှစ်တာလုံးလုံး ဇွဲနပဲနဲ့ လမ်းဖောက်ခဲ့တာပါ။

Sreekesh Raveendran Nair

Sasi လိုမျိုး တောင်ကိုစူး၊ ဆောက်တွေနဲ့ ထွင်းပြီး လမ်းဖောက်လုပ်ခဲ့တဲ့ တောင်လူသားလို့ အမည်တွင်တဲ့ ဘီဟာနယ်သား တစ်ယောက်လည်း ရှိပါသေးတယ်။ Dashrath Manjhi လို့ အမည်ရတဲ့ ထိုသူကတော့ အနှစ်(၂၀) ကြာ ကိုယ်ပိုင်လုပ်အားနဲ့ တောင်ကို လမ်းဖြစ်အောင် ဖောက်လုပ်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် Sasi ကတော့ Manjhi အကြောင်း မသိဘူးလို့ ဆိုပါတယ်။

Sreekesh Raveendran Nair

Sasi ဟာ လွန်ခဲ့တဲ့(၁၈) နှစ်တုန်းက အုန်းပင်တက်သမား တစ်ဦးဖြစ်ပါတယ်။ တစ်နေ့ အုန်းပင်တက်ပြီး အကျမတော်ရာကနေ ခန္ဓာကိုယ် ညာဘက်တစ်ခြမ်းလုံး အကြောသေသွားခဲ့ရပါတယ်။ လပေါင်းများစွာ ကြာတဲ့အခါမှာတော့ Sasi ဟာ ခြေချောင်းလေးတွေ အနည်းငယ်လှုပ်ရှားနိုင်လာပြီး ဆေးကုသမှုကြောင့် လမ်းဖြည်းဖြည်းချင်း လျှောက်လာနိုင်ခဲ့ပါတယ်။ အကြောသေနေတဲ့ ညာဘက်လက်ကိုလည်း အနည်းငယ် ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ အရင် ကျန်းမာစဉ်တုန်းကလို ကောင်းကောင်းမလှုပ်ရှားနိုင်ပေမယ့် Sasi ရဲ့ မိသားစုအတွက် အလုပ်လုပ်ချင်တဲ့စိတ်ဓာတ်ဟာ မလျော့ကျသွားခဲ့ပါဘူး။

READ
အသက် ၆၈ နှစ်အရွယ်မှာ အထက်တန်းကျောင်းသို့ ကျောင်းသွားအပ်ခဲ့တဲ့အဖိုးအို
Sreekesh Raveendran Nair

ဒီလိုနဲ့ Sasi ဟာ ထီလက်မှတ်တွေ လိုက်ရောင်းဖို့ စိတ်ကူးရလာခဲ့ပါတယ်။ ဒါပေမယ့် ထီလက်မှတ်လိုက်ရောင်းဖို့က သုံးဘီးတစ်စီး လိုအပ်ပါတယ်။ Sasi ဟာ ဆိုင်ကယ်ဝယ်ဖို့ ငွေရေးကြေးရေးပြဿနာအတွက် ဒေသခံအာဏာပိုင်တွေကို အကူအညီတောင်းပေမယ့် မရပါဘူး။ “ဆယ်နှစ်နီးပါးလောက် ကျွန်တော် အိမ်ပေါက်စေ့ တံခါးလိုက်ခေါက်ပြီး ကျွန်တော့အိမ်ရှေ့ဆီ လမ်းလေးတစ်လမ်း လုပ်ပေးဖို့လည်း တောင်းဆိုတယ်။ အာဏာပိုင်တွေဆီ အသနားခံစာလည်း တင်တယ်။ မရပါဘူးဗျာ။”

Sreekesh Raveendran Nair

ထိုအခါ Sasi ဟာ တူ၊ ဆောက်တွေယူပြီး သူ့အိမ်ရှေ့မှာရှိနေတဲ့ တောင်ကုန်းကို ကိုယ်တိုင် လမ်းဖောက်ဖို့ ပြင်ဆင်ပါတော့တယ်။ Sasi ဟာ လမ်းဖောက်ဖို့ တစ်နေ့ကို (၆)နာရီနီးပါး အချိန်ပေးခဲ့ပါတယ်။ ရွာနေလူတွေက ဘယ်လိုပြောင်လှောင်ပြောဆိုပေမယ့် အလုပ်ကို ကြိုးစားလုပ်ရင်း လမ်းဖောက်လုပ်ခဲ့တဲ့ Sasi ရဲ့ အကြောင်းဟာ လူတွေဆီ ပြန့်နှံ့ရောက်ရှိသွားခဲ့ပါပြီ။ Sasi ရဲ့ အဖြစ်ကို ဂရုဏာသက်ကြတဲ့ သူတွေကတော့ Sasi အတွက် သုံးဘီးဆိုင်ကယ်တစ်စီး လက်ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

READ
ဖုန်စုပ်စက်တွေကို စွဲလမ်းလွန်းလို့ စက်ပေါင်း (၁၅၀)လောက်စုဆောင်းထားတဲ့ကောင်လေး

Sreekesh Raveendran Nair

လင်းလင်း (ShweMom)

Ref: elitereaders

SHARE