ခြေထောက်နဲ့ သေနတ်ကိုင်ပြီး ဓားပြတိုက်ခဲ့တဲ့ မသန်စွမ်းကောင်လေး

Youtube-Paralyzed deaf-mute teenager tried to rob a jewelry shop in Brazil

ကမ္ဘာပေါ်မှာ ဓားပြတိုက်ပုံတိုက်နည်းအမျိုးမျိုးတွေ ကြားဖူးကြမှာပါ။ သေနတ်နဲ့ ပြဓားပြတိုက်တဲ့လူတိုင်း သေနတ်ကို လက်ကကိုင်ပြီး ဓားပြတိုက်တာတော့ ကြားဖူးကြပေမယ့် သေနတ်ကို ခြေထောက်နဲ့ကိုင်ပြီး ဓားပြတိုက်တာတော့ ကြားဖူးကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုတော့ ကြားဖူးပါပြီ။ မသန်စွမ်းဖြစ်နေတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ ရတနာပစ္စည်းဆိုင်ထဲကို ဝင်ပြီး ခြေထောက်နဲ့ သေနတ်ချိန်ကာ ဓားပြတိုက်ခဲ့ကြောင်း Metro သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Youtube-Paralyzed deaf-mute teenager tried to rob a jewelry shop in Brazil

Brazil နိုင်ငံမှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ်ရှိတဲ့ ကောင်လေးတစ်ယောက်ဟာ ရတနာပစ္စည်းဆိုင်တစ်ဆိုင်ထဲကို ဓားပြဝင်တိုက်ခဲ့ပါတယ်။ အဆိုပါကောင်လေးဟာ ဆိုင်ထဲကို ဝှီးချဲလ်နဲ့ ဝင်လာပြီး ဆိုင်ထဲမှာ လျှောက်ပတ်ကြည့်နေခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကောင်လေးဟာ ဆိုင်ဝန်ထမ်းကို ခြေထောက်တစ်ဖက်နဲ့ သေနတ်ချိန်ထားပြီး ဓားပြတိုက်ခဲ့ပါတယ်။

Youtube-Paralyzed deaf-mute teenager tried to rob a jewelry shop in Brazil

တကယ်တော့ ကောင်လေးရဲ့ သေနတ်ဟာ ကစားစရာသေနတ်ပါပဲ။ ဒါပေမယ့် သေနတ်အစစ်နဲ့ တူလွန်းတာကြောင့် ဆိုင်ဝန်ထမ်းဟာ တကယ်ဓားပြတိုက်နေတယ်ထင်ပြီး ကြောက်လန့်ခဲ့ပါတယ်။ အစပိုင်း ကောင်လေး ဆိုင်ထဲဝင်လာတဲ့အချိန်ကတည်းက ဆိုင်ဝန်ထမ်းဟာ ပိုက်ဆံတောင်းတဲ့ သာမန်ကလေးတစ်ယောက်လို့သာ ထင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆိုင်ထဲမှာရှိတဲ့ customer တစ်ဦးက အဆိုပါကောင်လေးကို ပါသမျှပိုက်ဆံ အကုန်ပေးခဲ့ကြောင်း သိရပါတယ်။

READ
သောင်းကျန်းနေတဲ့ ကြမ်းပိုးတွေကို အပြတ်နှိမ်နင်းနိုင်မဲ့ နည်းလမ်းများ

ဒါပေမယ့် ကောင်လေးဓားပြတိုက်တိုက်ချင်း ဆိုင်ထဲမှာ ရှိနေတဲ့ customer တစ်ဦးက ရဲ့ကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့တာကြောင့် သိပ်မကြာခင်အချိန်အတွင်းမှာပဲ အဲဒီကောင်လေးအဖမ်းခံခဲ့ရပါတယ်။ ကံကောင်းတာက အဆိုပါဓားပြတိုက်မှုမှာ ဘယ်သူမှထိခိုက်ဒဏ်ရာရရှိခဲ့တာတော့ မရှိပါဘူး။ လက်ရှိအချိန်မှာတော့ ရဲ့တေါဟာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဆဲပါလို့ သတင်းရရှိပါတယ်။

Pyi Hein Kyaw

SHARE