Freelance တစ်ယောက်အဖြစ် ရပ်တည်ခြင်းကနေ ရရှိနိုင်တဲ့ ဆိုးကျိုးများ

pressfoto/Freepik

အလွတ်တမ်းပညာရှင်လို့ခေါ်တဲ့ freelancer တွေဟာ လုပ်ငန်းနယ်ပယ်တိုင်းမှာ ဆိုင်ရာဆိုင်ရာအသီးသီးရှိနေခဲ့ကြပေမယ့်လို့ မြန်မာနိုင်ငံမှာတော့ ကျွန်တော်သိသလောက် ၂၀၁၀ နောက်ပိုင်းလောက်ကစပြီး တွင်တွင်ကျယ်ကျယ်ဖြစ်လာခဲ့ကြတယ်လို့ ဆိုရမှာပါပဲ။ သင်ဟာ freelancer တစ်ယောက်အဖြစ် ရပ်တည်မယ်ဆိုရင် လုံးဝမထင်မှတ်ထားတဲ့ရှုထောင့်ဖက်တွေက အကျိုးကျေးဇူးကောင်းတွေ အများကြီးရနိုင်သလိုပဲ တစ်ဖက်မှာလည်း freelance လုပ်ခြင်းရဲ့ ဆိုးကျိုးတွေဆိုတာ ရှိနေသေးပြန်ပါတယ်။

(၁) သီးခြားဖြစ်နေခြင်း

Freelance လုပ်ခြင်းဟာ တော်ရုံရုံးမထိုင်ဘူးဆိုတာကြောင့် လမ်းစရိတ်တွေ၊ ကားပိတ်တဲ့ဒဏ်ကြောင့် လမ်းမမှာပဲ အချိန်ကုန်တာမျိုးတွေ မရှိနိုင်ဘူးဆိုပေမယ့်လို့ ရုံးထိုင်သမားတွေလိုမျိုး လူတွေအများကြီးနဲ့ တစ်နေ့တစ်နေ့ မဆက်ဆံနေရတဲ့အတွက်ကြောင့် ကိုယ့်အနေနဲ့ တသီးတသန့်ကြီးဖြစ်နေနိုင်ပါတယ်။ အမြဲတမ်းတော့မဟုတ်ပေမယ့် တစ်ယောက်တည်း သီးသန့်ကြီး အလုပ်လုပ်နေရတဲ့အခါမျိုးကျ အထီးကျန်ဆန်သလိုပဲ တစ်ခါတစ်ခါ အလုပ်တွေပိနေလို့ မိုးလင်းကနေ သန်းခေါင်အထိ ရေတောင်ထမချိုးနိုင်ဘဲ အလုပ်တွေချည်းဖိလုပ်နေရတဲ့အခေါက်မျိုးလည်း ရှိနိုင်တာကြောင့် စဉ်းစားစရာတစ်ခုဖြစ်လာစေပါတယ်။

rawpixel,com/Freepik

(၂) အာမခံမှုမရှိခြင်း

သင်သာ freelancer တစ်ယောက်ဆိုရင် ဒီအချက်ကို နားလည်မှာပါ။ ဒီတစ်လမှာ ငွေတွေစွတ်ဝင်နေပြီး နောက်ထပ် ၂လ၊ ၃လလောက် လုပ်ရမယ့် project ရှာမရတာမျိုး။ ကျွန်တော်တို့ရုံးအလုပ်ကျတော့ စာချုပ်ချုပ်ထားတဲ့အတိုင်း ကုမ္ပဏီမပျက်သ၍၊ ကိုယ့်ဖက်ကအလုပ်မထွက်သ၍ ပုံမှန်လစာလေးရနေမှာဖြစ်ပေမယ့်လို့ freelancer တွေအနေနဲ့ကျတော့ လုပ်ငန်းရှင်တွေကလာအပ်လာတဲ့ project လေးကို လုပ်ပေးလိုက်၊ project ပြီးသွားရင် နောက် project ထပ်ရှာလိုက်နဲ့ လုံးလည်ချာလည်လိုက်နေတတ်ပါတယ်။ တစ်ခါတစ်လေ ကံမကောင်းရင် တကယ်လနဲ့ချီထမင်းငတ်မယ့်အရေးလည်း တွေးပူရမှာပါပဲ။

READ
ရယ်စရာဟာသ အမြဲလုပ်တတ်သူတွေဟာ သာမန်လူတွေထက် ပိုတော်ဟု သိပ္ပံပညာရှင်များဆို
ilixe48/Freepik

(၃) အလုပ်ပိတဲ့ဒဏ်

၉-၆ ရုံးသမားတွေတော်တော်များများကတော့ ရုံးဆင်းတာနဲ့ အလုပ်တွေမပြီးရင်တောင် အိမ်မှာ ဆက်မလုပ်ကြတာ များပါတယ်။ ဒါပေမဲ့ freelancer တွေရဲ့အလုပ်ချိန်ကတော့ ရုံးတက်ချိန်၊ ရုံးဆင်းချိန်ရယ်လို့ အတိအကျမရှိတာကြောင့် တစ်ခါတစ်လေ ကိုယ်ယူထားတဲ့အလုပ်တွေများနေတဲ့အခါ၊ အလုပ်အပ်သူဖက်က လောတဲ့အခါမျိုးတွေမှာ ညမအိပ်ရတာမျိုးတွေရှိသလိုပဲ ၁ ပတ်၊ ၁၀ ရက်လောက်အလုပ်ပိပြီး လူကလုံးပါးပါးလာတတ်တာ freelancer အချင်းချင်းပဲ နားလည်ကြမှာပါ။

yanalya/Freepik

(၄) တာဝန်ယူမှု

အလွတ်တန်းပညာရှင်ဆိုတာ ဘယ်သူ့ရဲ့လက်အောက်မှာမှ ရှိမနေတဲ့အတွက် အလွတ်တမ်းပညာရှင်လို့ ခေါ်ရတာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဟာကိုယ့်ကိုအလုပ်လာအပ်သူတွေနဲ့ ကိုယ်ပိုင်လုပ်ငန်းရှင်သဖွယ် ပြုမူဆက်ဆံရမှာဖြစ်တဲ့အတွက်ကြောင့် အလုပ်မှာအတိမ်းအစောင်းတစ်ခုခုဖြစ်လာတဲ့အခါမှာလည်း ရုံးထိုင်တွေ third party တွေနဲ့ ပြဿနာတက်တဲ့အခါလိုမျိုး ကိုယ့်ကိုကာကွယ်ပေးမယ့်အထက်လူကြီးတို့၊ ကုမ္ပဏီတိှု့ဆိုတာ လုံးဝရှိမှာမဟုတ်ပါဘူး။ ကိုယ်တိုင်တာဝန်ယူရမှာပါ။

senivpetro/Freepik

(၅) အကျိုးခံစားခွင့်မရှိခြင်း

READ
အိပ်ငိုက်တဲ့အချိန်ပ်ါမူတည်ပြီး တင်စားခေါ်ဝေါ်တတ်ကြတဲ့ နာမည် ၆ မျိုးအကြောင်း

နေမကောင်းလို့ ခွင့်တိုင်းပါရစေတို့၊ annual leave တို့၊ bonus တို့၊ စာမေးပွဲရှိလို့ဆိုပြီး နားရက်ယူမယ်ဆိုရင်လည်း ကိုယ်တာဝန်ယူထားတဲ့အလုပ်ဟာ အရေးပေါ်ဖြစ်လာခဲ့မယ်ဆိုရင် ရုံးတွေမှာလို လူအစားထိုးပြီး လုပ်ပေးလို့လည်း freelance လောကမှ အဆင်မပြေပါဘူး။ နောက်ဆုံးကုန်ကုန အပြင်မှာအလုပ်ထုတ်ခံရလို့ ၃ လစာရချင်ရမယ်၊ freelance သမားတွေဟာ client ဖက်က အလုပ်ဆက်မပေးတော့ဘူးဆိုရင် ဘာရပိုင်ခွင့်မှ မရှိကြတော့ပါဘူး။

katemangostar/Freepik

ပုဂ္ဂိုလ်ရေးအမြင်နဲ့ပြောရမယ်ဆိုရရင်တော့ လေးစားမှုမရှိတာကိုလည်း freelancer တွေဖို့ ခံစားရတဲ့ဆိုးကျိုးထဲ ထပ်ထည့်ချင်ပါတယ်။ နိုင်ငံအခြေအနေအရရော၊ အလွတ်တမ်းပညာရှင်တွေနဲ့ သိပ်မနီးစပ်တဲ့လောကထဲကဆိုရင် ကျွန်တော်တို့အနေနဲ့ ဘယ်ကုမ္ပဏီမှာ ဘယ်လိုရာထူးမျိုးကို freelance လုပ်ပေးနေရနေရ ” ဟင်..ရုံးထိုင်မဟုတ်ဘူးလား၊ ဘယ်သူကဖြင့် ဘယ်ကုမ္ပဏီမှာ ဘယ်ရာထူးရနေပြီလေ” ဆိုပြီး ဘုမသိဘမသိအချိုးခံရဖူးတယ်မဟုတ်လား ကိုယ့်ဝင်ငွေဘယ်လောက်များများ။

Penny

SHARE