မေးခွန်း(၃)ခုကို ဖြေရုံနဲ့ သင့်အကြောင်းကို ပြောပြ ပေးမယ့် စိတ်ဖတ် ဗေဒင်

Image:pixabay /LillyCantabile

SHWEMOM ပရိသတ်တွေ အတွက် အပျင်း ပြေ ဗေဒင် ဂိမ်းလေးတစ်ခုကို ဖော်ပြ ပေးချင်ပါတယ်။မေးခွန်းလေး (၃) ခုကိုပဲ ဖြေ ပေးရမှာပါ။အ ဖြေမှာက ရွေးချယ်စရာ လေးတွေ အများကြီးပါတာမို့ ရော မ သွေား အောင် ဘော ပင် လေးနဲ့ စာရွက်လေးကို ယူပြီး ချ ရေးထားပါ။ပြီးရင်တော့ ကိုယ့်စိတ်ထဲမှာ ရှိတဲ့ အရှိအတိုင်း မှန် မှန် ကန် ကန်  ဖြေ ပေးရုံပါပဲ။

မေးခွန်း(၁)

Image:pixabay/Pexels

အခုသင့်ရဲ့ ရှေ့မှာ တိရစ္ဆာန် (၅)ကောင် ရောက်နေပါတယ်။ရောက်နေတဲ့ ငါး ကောင် ကတော့ နွား၊သိုး၊ကျား၊မြင်း နဲ့ ၀က်ပါ။သင်လုပ်ရမှာက ဒီငါး ကောင်းထဲကမှ သင် သ ဘော အကျဆုံး အကောင် စာရင်းကို နံပါတ် (၁) က နေ (၅) အထိ အစဉ် လိုက်ပြန်စီ ပေးရမှာပါ။ဥပမာ- မြင်းက နံပါတ်(၁)၊၀က် က (၂)……။အဲ့လို မျိုး ကိုယ်အကြိုက် ဆုံး အကောင် က နေ မကြိုက်ဆုံး အကောင်အထိ (၁-၅)အထိ အစဉ်လိုက် စီ လိုက်ပါ။

မေးခွန်း (၂)

ဒီမေးခွန်းကတော့ အောက်မှာ ပေးထားတဲ့ အကောင်တွေ ရဲ့ နောက်မှာ သင် သဘော ကျ တဲ့ အရာလေးတွေ ကို ဖြည့် ပေးရမှာပါ။ဥပမာ- ခွေးက သစ္စာရှိတယ်၊ကြောင်က ချစ်ဖို့ ကောင်းတယ်…အဲ့လို မျိုးလေး ကိုယ် ဖြည့် ချင် တာ လေးကို ဖြည့်ပေးပါ။

(၁)ခွေးက …

(၂)ကြောင်က…

(၃)ကြွက်က ………

(၄)ကော်ဖီက….

READ
ကန်ရာသီဖွား(Aug 23-Sep 22) များ အကြောင်း

(၅)ပင်လယ်က……..

Image:pixabay/dimitrisvetsikas1969

မေးခွန်း (၃)

မေးခွန်းနံပါတ် (၃) အ တွက် ကတော့ သင်မြင်ယောင်ချင်တဲ့ လူ ငါးယောက် ကို မြင် ယောင်လိုက်ပါ။ပြီးရင် တော့ သူတို့ရဲ့ နာမည် တွေ ကို ချ ရေး ပြီး  အောက်မှာ ပေးထားတဲ့ အရောင် လေးတွေ နဲ့  တွဲ ပေးလိုက်ပါ။ဥ ပမာ – မြမြ  – အ၀ါရောင် ၊ ကျော်ကျော် – အစိမ်းရောင်…။ ကိုယ်ကြိုက်တဲ့ အရောင်နဲ့ ကိုယ်မြင်ယောင် လိုက်တဲ့ လူ ငါး ယောက် ကို တွဲ ပေးလိုက်ပါ။

(၁)အ၀ါရောင်

(၂) လိမ္မော်ရောင်

(၃)အနီရောင်

(၄) အဖြူရောင်

(၅) အစိမ်းရောင်

Image:pixabay/KELLEPICS

မေးခွန်းလေးတွေ ကို အကုန် ဖြေပြီးရင်တော့ အောက်မှာ အဲ့ဒီ မေးခွန်း လေးတွေ က ဘာအဓိပ္ပါယ်ကို ဆောင် လဲ ဆိုတာ ရှင်းပြမယ့် အဖြေ လေးတွေ ကို ဖော်ပြ ပေးပါတော့မယ်။

မေးခွန်းနံပါတ် (၁)  ကတော့ သင့်ဘ၀ မှာ ဘာ က အရေးကြီးဆုံးလဲ ဆိုတာကို မေးထားတာပါ။နွား က အလုပ်၊ ကျားက သင့်ကိုယ်သင် တန်ဖိုးထားမှု၊သိုးက အချစ် ၊မြင်း က မိသားစု၊၀က်က ပိုက်ဆံ ပါ။သင်က ဘယ် အကောင်ကို နံပါတ် ဘယ်လောက် နေရာမှာ ထားလဲ ဆိုတဲ့ အပေါ် မှာ မူတည်ပြီး သင့်ဘ၀ မှာ သင် တန်ဖိုး အထားဆုံး အရာတွေ က ဘာ တွေ လဲ ဆိုတာကို ဖော်ပြ ထားတာပါ။

READ
နေ့နာမ်အလိုက် တစ်ပတ်အတွင်း ထူးထူးခြားခြား ကြုံတွေ့ရမယ့် အရာများ

မေးခွန်းနံပါတ် (၂) ကတော့ သင့်ရဲ့ စိတ် နေစိတ်ထားပါ။ခွေးက  တော့ သင့်ရဲ့ personality  ကို ကိုယ်စားပြု ပါတယ်။ကြောင် ကတော့ သင့်ဘ၀ လက်တွဲ ဖော်ရဲ့ personality  ၊ ကြွက် ကတော့ သင့်ရန်သူရဲ့ personality ၊ ကော်ဖီ ဆိုတာ ကတော့  Sex အပေါ် ထားတဲ့ သင့်ရဲ့ အမြင် ၊ ပင်လယ်ဆိုတာ ကတော့ ဘ၀ အပေါ် သင့်ရဲ့ ခြုံ ငုံ မြင် တဲ့ အမြင်ပါ။

မေးခွန်း နံပါတ် (၃) ကတော့ သင်ရွေးလိုက်တဲ့ လူတွေ အ ပေါ် ထားတဲ့ သင့်ရဲ့ စိတ် နေ စိတ်ထားပါ။ အ၀ါ ရောင်  ကတော့ အဲ့ဒီလူ ဟာ သင့်ဘ၀ အတွက် အများကြီး သက်ရောက်မှုရှိစေတဲ့ လူ ၊ လိမ္မော် က တော့ သင့်ရဲ့ မိတ် ဆွေ စစ်လို့ သင်သတ်မှတ်ထားတဲ့ လူ၊ အနီ ကတော့ သင်နှလုံးသားတစ်ခုလုံးနဲ့ ချစ်ရတဲ့ လူ၊ အဖြူ ကတော့ သင်နဲ့ စိတ် ထားချင်းနီးစပ်တဲ့သူ ၊ အစိမ်း ကတော့ သင့်ဘ၀ မှာ ဘယ်တော့မှ မေ့လို့ မရတဲ့သူ .. လို့ အဓ္ပိပါယ် ရပါတယ်။သင်က မြမြ ကို အစိမ်း ဆိုရင် မြမြ က သင့်ဘ၀မှာ ဘယ်တော့မှ မေ့ပစ်လို့ မရတဲ့ လူမျိုး.. ဆိုပြီး အဓ္ပိပါယ် ရပါတယ်။

Ref;storylife

SHARE