လူတိုင်းသိထားသင့်တဲ့ ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပွားမှုနှုန်း အမြင့်ဆုံး ကူးစက်ရောဂါများ

pixabay

Ebola, ဝက်သက် နဲ့ monkeypox ရောဂါတွေဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ ဖြစ်ပွားမှုနှုန်း အမြင်ဆုံး ကူးစက်ရောဂါတွေရဲ့ အနည်းငယ်သော အမျိုးအစားများသာဖြစ်ပါတယ်။ ဒီရောဂါတွေအပြင် ဖြစ်ပွားနှုန်း အမြင့်ဆုံးကို ရောက်ခဲ့တဲ့ အခြားသော ကူးစက်ရောဂါများလည်း ရှိနေပါသေးတယ်။

Europe မှာ ဖြစ်ပွားမှုနှုန်းအမြင့်ဆုံးအထိ ရောက်ခဲ့ရတဲ့ ဝက်သက်ရာဂါ

CDC

ခန္ဓာကိုယ်မှာ အနီအစက်တွေထကာ ကိုယ်ပူခြင်းတို့ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါဟာကူးစက်တတ်ပြီး ၁၉၆၃ ခုနှစ်မှာတော့ ကြိုတင်ကာကွယ်တဲ့ဆေးနည်းတစ်မျိုး တွေ့ရှိခဲ့ပြီးနောက်မှာတော့ ဝက်သက်ကြောင့်သေဆုံးမှုနှုန်းဟာ သိသိသာသာလျော့ကျခဲ့ပါတယ်။ ၂၀၁၈ မှာတော့ Europe မှာ ဝက်သက်နဲ့ပတ်သက်ပြီး ကူးစက်ပြန့်ပွားနှုန်းဟာ ကာကွယ်ဆေးပေါ်ပြီးနောက် အမြင့်ဆုံးသို့ရောက်ရှိခဲ့ပါတယ်။

သေစေနိုင်တဲ့ အိန္ဒိယမှ Nipah ဗိုင်းရက်စ်ပိုး

WHO

NiV လို့ခေါ်တဲ့ Nipah ဟာ ဖြေဆေး၊ ကုသဆေးလုံးဝမရှိသေးတဲ့ ကူးစက်ရောဂါမျိုးပဲဖြစ်ပါတယ်။ ဖြစ်ပွားမှုနှုန်းရဲ့ ၇၅% လောက်ဟာ အသက်အန္တရာယ်နဲ့ကြုံတွေ့ခဲ့ရပါတယ်။ ရောဂါလက္ခဏာတွေကတော့ အဖျား၊ အော့အန်ခြင်းနဲ့ စိတ်ရှုပ်ထွေးခြင်းတို့ပဲဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ နမိုးနီးယားကိုပါတွဲခေါ်လာနိုင်ပြီး အတက်ရောဂါ၊ ကိုမာစသည်တို့ကို ဖြစ်စေနိုင်တဲ့ ဦးနှောက်ယောင်ယမ်းခြင်းကိုဖြစ်စေနိုင်ပါတယ်။ ၂၀၁၈ မေလမှာတော့ ဒီရောဂါပိုးကို အိန္ဒိ မာလာဘာဆိပ်ကမ်းနားရှိပြည်နယ်ဖြစ်တဲ့ Kerala မှာ စတင်ဖြစ်ပွားခဲ့တာပါ။ (၁၉) ယောက်ဖြစ်ပွားခဲ့ပြီး (၁၇) ယောက်သေဆုံးခဲ့ပါတယ်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ဒုတိယမြောက် ကူးစက်နှုန်းအမြင့်ဆုံးဖြစ်သွားခဲ့တဲ့ အီဘိုလာ 

Y Care International Org

အိဘိုလာကူးစက်ရောဂါဟာ အရင်နှစ်တွေတုန်းက ဟိုးလေးတကျော်ဖြစ်ပွားခဲ့ပြီး ၂၀၁၈ မှာတော့ ကွန်ဂိုမှာ case ပေါင်း (၅၀၅) ခုနှင့် (၂၉၆) ဦးသေဆုံးခဲ့တယ်လို့ WHO အရ သိခဲ့ရပါတယ်။ ဒါဟာ နိုင်ငံအလိုက် အီဘိုလာဖြစ်ပွားမှုနှုန်းမှာ သမိုင်းတစ်လျှောက် ဒုတိယအများဆုံးအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

READ
လေလည်တဲ့အခါ အနံ့အသက်မဆိုးရွားစေဖို့ စားသင့်တဲ့အစားအစာများ

တောင်ကိုရီးယားအိုလံပစ်ပွဲအတွင်း ပါဝင်သူများကို ကူးစက်ခဲ့တဲ့ Norovirus

pinterest

၂၀၁၈ အိုလံပစ်ပွဲဟာ တောင်ကိုရီးယား၊ Pyeoncyang မှာ ဖေဖော်ဝါရီလတုန်းက ကျင်းပခဲ့ပါတယ်။ အိုခံပစ်ပွဲကြောင့် တောင်ကိုရီးယားသို့ ကမ္ဘာအနှံ့နှံ့မှ လာရောက်သူများပြားခဲပါတယ်။ ဒီကနေမှ Norovirus လည်း ပါလာခဲ့ပါတယ်။ လက္ခာဏာတွေကတော့ အစာအိမ်နှင့်အူလမ်းကြောင်းတို့ယောင်ယမ်းပြီး ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းသွားခြင်းတို့ဖြစ်စေပါတယ်။ အိုလံပစ်ပွဲမှာ တာဝန်ကျတဲ့ လုံခြုံရေးဝန်ထမ်းတစ်ဦးနှင့် အားကစားသမားအချို့တို့ ရောဂါကူးစက်ခံခဲ့ရပါတယ်။

နိုက်ဂျေးရီးယားမှ UK အထိ ပြန့်နှံ့ခဲ့တဲ့ monkeypox အရေပြားရောဂါ

endtimes headline

ကျောက်ရောဂါနှင့်အမျိုးအစားအတူတူဖြစ်ပေမယ့် monkeypox ကတော့ အင်အားအရ သိပ်မပြင်းထန်လှပါဘူး။ ၂၀၁၇ စက်တင်ဘာလမှ ၂၀၁၈ စက်တင်ဘာလအထိ ကူးစက်မှုပေါင်း (၃၇) ခုရှိခဲ့ပြီး ၂၀၁၈ အတွင်းမှာတော့ (၂) ဦးသေဆုံးခဲ့ပါတယ်။ နိုက်ဂျီးရီးယားမှ UK သို့ပြန်လာခဲ့တဲ့ လူ (၂) ဦးမှာ monkeypox ဖြစ်ပွားတာကို တွေ့ရပြီး နောက်ထပ်တစ်ဦးကတော့ ကျန်းမာရေးဝန်ထမ်းဖြစ်ပါတယ်။ ဒီကူးစက်ရောဂါဟာ အာဖရိက အနောက်ပိုင်းနဲ့ အလယ်ပိုင်းတို့မှ စတင်ဖြစ်ပွားခဲ့ပြီး US တို့ နိုက်ဂျီးရီးယားတို့မှာ ဖြစ်ပွားတတ်ပေမယ့် UK ကိုတော့ ၂၀၁၈ မှ ဝင်ရောက်သွားတာပဲဖြစ်ပါတယ်။

ဆလပ်ရွက်မှာပါတဲ့ E.coli ဗိုင်းရပ်စ်ကြောင့် အမေရိကပြည်နယ်နှစ်ခုမှာ လူ (၅) ဦးသေဆုံးခဲ့ရ

pixabay

အမေရိကန်ပြည်နယ် (၁၅) ခုမှာ ဆလပ်ရွက်မှာပါတဲ့ E.coli ပိုးကူးစက်သူဟာ အအောက်တိုဘာလမှာ (၅၂) ယောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်အစောပိုင်းတုန်းက ပထမတစ်ကြိမ်ဖြစ်ပွားခဲ့တဲ့ လူအယောက် (၂၀၀) ကျော်ကူးစက်ခံရတုန်းကတော့ (၅) ယောက်ဟာ သေဆုံးသွားခဲ့ပါတယ်။ Escherichia coli တွေဟာ လူတွေနှင့် တိရိစ္ဆာန်များရဲ့ အစာချေလမ်းကြောင်းမှာ တွေ့ရတတ်တဲ့ ပိုးမွှားတစ်ခုဖြစ်ပြီး များသောအားဖြင့်တော့ အန္တရာယ်မရှိပါဘူး။ ဒါပေမဲ့အချို့သောဖြစ်ရပ်တွေမှာတော့ အစာအဆိပ်သင့်ခြင်း၊ဝမ်းလျှောခြင်း၊ ကြွက်တက်ခြင်းနှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ နမိုးနီးယား၊ ကျောက်ကပ်ရောဂါတို့အထိ ဖြစ်ပွားစေနိုင်ပါတယ်။ ရေနှင့်အစားအစာ၊ ရောဂါရှိသူနှင့် ထိတွေ့မိခြင်းသို့မဟုတ် အညစ်အကြေးမှတစ်ဆင့် ကူးဆပ်နိုင်ပါတယ်။

READ
HIV ကဲ့သို့အန္တရာယ်ရှိသည့် ကုမရတဲ့ရောဂါတစ်မျိုး သြစတေးလျတွင် ပျံ့နှံ့နေ

မြေကြွက်တွေကြောင့်ဖြစ်ပွားခဲ့တဲ့ နိုက်ဂျီးရီးယားရဲ့ Lassa ကူးစက်ရောဂါ

pinterest

အာဖရိကအနောက်ပိုင်းမှာစတင်တွေ့ရှိခဲ့ပြီး နှစ်စဉ်နှစ်တိုင်း နိုက်ဂျီးရီးယားမှာ ဖြစ်ပွားလေ့ရှိပါတတယ်။ သို့ပေမယ့် ၂၀၁၈ မှာတော့ အဆိုးရွားဆုံးအခြေအနေတစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ ကိုယ်ပူခြင်း၊ အာသီးယောင်လည်ချောင်းနာဖြင်း၊ ဝမ်းသါားခြင်း၊ ဗိုက်အောင့်ခြင်းနှင့် အားနည်းခြင်းတို့ဟာ Lassa ရဲ့ လက္ခဏာများပဲဖြစ်ပါတယ်။ ဆိုးရွားလှတဲ့အခြေအနေတွေမှာဆိုရင်တော့ အဆုတ်ထဲရေများလာခြင်း၊ ပါးစပ်၊ နှာခေါင်း၊ မမျိုးပွားအင်္ဂါနှင့် အူတို့မှ သွေးယိုစီးကာ သေဆုံးသည်အထိဖြစ်ပွားနိုင်ပါတယ်။ ကြွက်ပေါများသောဒေသသို့မဟုတ် အညစ်အကြေးများအား ထိမိကိုင်မိသူများမှာ ဖြစ်ပွားလေ့ရှိတဲ့အပြင် ရောဂါရှိသူနှင့်ထိတွေ့လိုက်တဲ့အခါမှာလည်း ကူးဆက်နို်င်ပါတယ်။

တစ်နှစ်အတွင်း အမေရိကမှာ လူအယောက် (၈၀,၀၀၀) ကျော်သေစေခဲ့တဲ့ Influenza တုပ်ကွေး

Cromly Stories

Influenza A နှင့် B ဗိုင်းရပ်စ်တို့ကြောင့် ဖြစ်ပွားရတဲ့ တုပ်ကွေးတွေဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့သာမန်ကူးစက်အဖျားရောဂါလို့ထင်ရပေမယ့် အသက်ဆုံးရှုံးတဲ့အထိဖြစ်စေပါတယ်။ ကိုယ်ပူခြင်း၊ နှာရည်အဆက်မပြတ်ကျခြင်း၊ တုန်ရီခြင်း၊ မောပန်းခြင်း၊ ကိုယ်လက်အင်္ဂါကိုက်ခဲခြင်းတို့ဖြစ်စေပါတယ်။ ပြင်းထန်တဲ့အမှုတွေမှာတော့ နမိုးနီးယားဒါမှမဟုတ် အဖျားဆိပ်တက်ခြင်းတို့ဖြစ်စေကာ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ခံအားနည်းသူတွေအတွက် အသက်အန္တရာယ်စိုးရိမ်ရပါတယ်။ တစ်နှစ်အတွင်း ၂၀၁၈ အတွက် အမေရိကမှာတော့ တုပ်ကွေးကြောင့် လူအယောက် (၈) သောင်းကျော် ဆုံးရှုံးခဲ့ရပါတယ်။

Source: WHO, Buzz Feed News

Penny

 

SHARE