(၂၀၁၉)ခုနှစ်အတွင်း ရုပ်ရှင်ရုံဝင်ငွေ ဒေါ်လာ(၁၀)ဘီလျံကျော် ရရှိခဲ့တဲ့ Disney ကုမ္ပဏီ

Disney

CNBC မှ ဖော်ပြချက်အရ Disney မီဒီယာကုမ္ပဏီဟာ ၂၀၁၉ ခုနှစ်အတွင်းမျာတော့ Global Box Office မှာ ဒေါ်လာ ၁၀ ဘီလီယံကျော်သွားခဲ့ပါပြီတဲ့လေ။ ဒါဟာ သမိုင်းတစ်လျှောက်မှာ တစ်နှစ်အတွင်း ရုံဝင်ငွေ ဒေါ်လာ ၁၀ ဘီလီယံကျော်ရရှိခဲ့တဲ့ ကမ္ဘာ့ပထမဆုံး မီဒီယာကုမ္ပဏီတစ်ခု ဖြစ်လာခဲ့တာပါ။

Disney.com

ဝင်ငွေကို သိသာစေတဲ့ရုပ်ရှင်ကားဆိုရင်တော့ MCU က ရုပ်ရှင်ကားတစ်ကားလို့ပဲဆိုရမှာပါပဲ။ Disney အနေနဲ့ Marvel Cinematic Universe ကို ဝယ်ယူခဲ့ပြီးနောက်မှ ထွက်ရှိတဲ့တဲ့ Avengers: End Game ဟာဆိုရင် စူပါဟီးရိုးရုပ်ရှင်ကားတွေထဲ တော်တော်လေးကို ဝင်ငွေမြင့်ခဲ့တဲ့ကားတစ်ကားပဲဖြစ်ပါတယ်။

Disney.com

Disney အနေနဲ့ ၂၀၁၉ ခုနှစ်ထဲ ရုံတင်ခဲ့တဲ့ကားတွေတိုင်းနီးပါးဟာ Box Office မှာ ၁ ဘီလီယံကျော်ခဲ့တာချည်းပါပဲ။ ဥပမာဆိုရမယ်ဆိုရင်တော့ “Avengers: Endgame,” “The Lion King,” “Aladdin,” “Captain Marvel,” နဲ့ “Toy Story 4” တို့ဖြစ်ပြီး ၆ ကားမြောက်ကတော့ အခုလက်ရှိရုံတင်နေဆဲဖြစ်တဲ့ “Frozen II” ပါပဲ။ “Frozen II” ဟာ တစ်ပတ်အတွင်း ရုံတင်ခဲ့ပြီး Global Box Office မှာ ၁ ဘီလီယံကျော်သွားခဲ့တာပါတဲ့။

READ
စတိုင်လန်းလန်းလေးတွေနဲ့ ပရိသတ်ကို ဖမ်းစားလိုက်ပြန်တဲ့ အွန်ဆိုင်း

နောက် အခုဒီဇင်ဘာလ ၂၀ ရက်နေ့မှ ရုံတင်မယ့် ကိုလည်း  “Star Wars: The Rise of Skywalker” အခုကတည်းကိုက ၁ ဘီလီယံကျော်မိသားစုထဲ ပါဝင်မယ့် ၇ ကားမြောက်ဆိုပြီး ပရိတ်သတ်တချို့ကတော့ ထင်ကြေးပေးနေခဲ့ကြပါပြီ။

Disney.com

နောက်နှစ်တွေမှာလည်း Disney က “Jungle Cruise,” “Mulan,” “Black Widow,” “The Eternals,” “Onward,” “Soul” နဲ့ “Raya and the Last Dragon” အစရှိတဲ့ ရုပ်ရှင်ကားတွေကို ရုံတင်ဖို့ရှိနေပြီး အများစုကတော့ trailer မထွက်သေးခင်မှာပဲ ပရိတ်သတ်ရဲ့အာရုံဖမ်းစားစေခဲ့တဲ့ ရုပ်ရှင်တွေ ဖြစ်လို့နေပါပြီ။

Disney

Penny

SHARE