Disney ကာတွန်းကားတွေကို ပြန်လည်အသက်သွင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းများ

IMDb/t0.gstatic.com

ချစ်စရာလည်းကောင်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ ကာတွန်းဇာတ်လမ်းတွေကို တင်ဆက်လေ့ရှိတဲ့ Disney ရဲ့ ကာတွန်းတွေကို ပြန်လည်အသက်သွင်းပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်း (၅) ကားကို ဖော်ပြပေးလိုက်ပါတယ်။

Beauty and the Beast

ဒီဇာတ်လမ်းကတော့ လူတိုင်းကြိုက်နှစ်သက်ကြတဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ ကြိမ်စာမိထားတဲ့ လူ့ဘီလူးကြီးနဲ့ Belle ဆိုတဲ့ ကောင်မလေးရဲ့ ဇာတ်လမ်းလေးကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ကာတွန်းကားအဖြစ်အောင်မြင်မှုတွေကို ရရှိခဲ့သလို ရုပ်ရှင်ကားအဖြစ်လည်း အောင်မြင်ခဲ့ပါတယ်။

Aladdin

မီးခွက်စောင့်နတ်သားနဲ့ Aladdin တို့ရဲ့ ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ပြန်လည်ပြီးတော့ ရိုက်ကူးထားတာဖြစ်ပါတယ်။  ရုပ်ရှင်ကားမှာ အသုံးပြုထားတဲ့ Soundtrack တွေကတော တော်တော်လေးပေါက်ခဲ့ပြီး ကာတွန်းကားထက်တောင် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိခဲ့ပါတယ်။

Cinderella

ဒီရုပ်ရှင်ကားကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး နာမည်ကျော် Disney ကာတွန်းကားဖြစ်တဲ့ Cinderella ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။

READ
Running Man ကို ဆက်လက်ရိုက်ကူးသွားမည်ဟု SBS တရားဝင်ကြေညာ

Christopher Robin

ဒီရုပ်ရှင်ကားကတော့ Winnie the Pooh ကာတွန်းကားကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။

Alice In Wonderland

ဒီရုပ်ရှင်ကားကတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိလာခဲ့တာဖြစ်ပြီး Alice in Wonderland ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။

Source: wikipedia

SHARE