Mulan ရုံတင်ရက်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

Image:IG/yifei_cc

Walt Disney  က တော့ သူတို့ရဲ့ အဓိက ဇာတ်ကားကြီး (၃)ကား ကို  ရွှေ့ဆိုင်း လိုက်ပါတယ်။လက်ရှိ ဖြစ် ပေါ် နေတဲ့ ကိုဗစ် ကြောင့် ဇာတ်ကားတွေကို အရင် စီစဉ်ထားတဲ့ အတိုင်း ရိုက်ကူး ရုံတင်တာ တွေ လုပ် လို့ မရ တော့ပဲ  ဆိုင်းငံ့ ပစ်လိုက်ရတာပါ။Avatar နဲ့ Star Wars ဇာတ်ကားသစ်တွေ ကို တော့ တစ်နှစ် ရွှေ့ဆိုင်း ဖို့ ဆုံး ဖြတ် ခဲ့ပါတယ်။Disney ကိုယ်တိုင်က ရော Disney  ပရိသတ်တွေ ကပါ အရမ်းအားခဲ ထားတဲ့ Mulan ဇာတ်ကား ရုံ တင် ရက် ကိုတော့ တတိယ အကြိမ် မြောက် ထပ်မံ ရွှေ့ဆိုင်းပစ်လိုက်ပါတယ်။ဒီအ ကြောင်းကိုတော့ BBC မှာ ဖော်ပြထား တာပါ။

 

View this post on Instagram

 

Day 2

A post shared by Liu Yifei (@yifei_cc) on

Mulan ရုံတင် ခါနီးကျ မှ ကိုဗစ် ကြောင့် ရုပ်ရှင်ရုံ တွေ ပိတ် ပစ်ခဲ့ရပါတယ်။ကပ် ဘေး ကြောင့် ရုံတင် ရက် တွေ ကို ရွှေ့ ဆိုင်းလာရာ က နေ လာမယ့် သြဂုတ် လကုန်ပိုင်းမှာ ပြမယ်ဆိုပြီး ရွှေ့ ဆိုင်း ထားခဲ့ တာပါ။ဒါပေမယ့် လည်း အ မေရိကန်မှာ ကိုဗစ် ကူးစက်နှုန်း ဆက်လက်မြင့်မား နေတာ ကြောင့် အဲ့ဒီ ရက်ကိုပါ ထပ် ရွှေ့ လိုက်တာပါ။ဒီ တခါ မှာ တော့ ဘယ်ရက်ကို ရွှေ့တယ်လို့ တောင် မ ကြေညာတော့ပဲ ရက်အကန့် အသတ်မရှိကို ရွှေ့ဆိုင်း ပစ်ခဲ့ပါတယ်။

 

View this post on Instagram

 

Dear Mulan Fans, Making this film has been one of the most satisfying and exhilarating experiences of my entire career, and I’ve been so fortunate to be on this journey with some of the best cast and crew in the business – people who truly embody the attributes of Loyal, Brave, and True. We are so excited to share this film with the world, but given the current ever-shifting circumstances we are all experiencing, unfortunately, we have to postpone the worldwide release of MULAN for now. Our hearts are with everyone the world over who is affected by this virus, and we hope that Mulan’s fighting spirit will continue to inspire those who are working so hard to keep us all safe. Thank you for all of your enthusiasm and support, and I can’t wait for the day where we will all get to experience this tale of a girl warrior who became a legend together #mulan #yifei_cc #loyalbravetrue With love, Niki Caro

A post shared by @ nikicaro on

“ကမ္ဘာလုံး ဆိုင်ရာ ကျန်းမာရေး ပြဿနာနဲ့ ကြုံ နေရ ချိန်မှာ ရုပ်ရှင်ကား တွေဘယ်လို ထွက်လို့ ရမှာလဲ.။ဘယ်အရာမှ တစ် သမှတ် တည်း စီစဉ်ထားလို့ မရတဲ့ အ နေ အထားမျိုး ပါလို့ Disney ရဲ့ တာဝန်ရှိသူ တစ်ဦး က ပြော ခဲ့ပါတယ်။ ကိုဗစ် ကြောင့် တစ်ကမ္ဘာလုံးမှာရှိတဲ့ ရုပ်ရှင် ထုတ်လုပ် ရေး တွေ အားလုံး ထိခိုက် နစ်နာ  နေရပြီး  ပြောင်းလဲမှု တွေ လုပ် ဖို့ တွန်းအားပေးခံနေရတဲ့ အ နေအထားပါ။ရုပ်ရှင်လုပ်ငန်း လုပ်ကိုင် နေသူ တွေ အ နေနဲ့ လည်း ကိုဗစ်ကာ လမှာ  တော်တော် လေးကို ရုန်းကန် နေ ကြရပါတယ်။Mulan  ကို တော့ နွေ ဦး နှောင်းပိုင်း လောက် မှာ ရုံတင်မယ် လို့ မျှော်လင့်  နေ ကြပါတယ်။Avatar ကားကိုတော့ (၂၀၂၂)ဒီဇင်ဘာ ၊Star Wars  ကို တော့ (၂၀၂၃) ဒီဇင်ဘာ တို့ လောက်မှာ ပြသ ဖို့ လက် တ လောမှာ စီစဉ်ထားပါတယ်။တစ်ချို့ နိုင်ငံ တွေ က ရုပ်ရှင်ရုံ တွေ ပြန် ဖွင့် ကြ ပေမ ယ့် မြန်မာနိုင်ငံ အပါအ၀င် ရုပ်ရှင် ရုံတွေကို ဆက်ပိတ် ထားတဲ့ တခြား နိုင်ငံ တွေ လည်းရှိ နေပါ သေးတယ်။

 

View this post on Instagram

 

The journey has begun. #Mulan

A post shared by Liu Yifei (@yifei_cc) on

#SHWEMOM

SHARE