ခရီးသွားဘလော့ဂါတွေ သင့်ကို သိစေချင်မှာမဟုတ်တဲ့ ငြီးငွေ့ဖွယ်ရာအချက်များ

Pexels/Porapak Apichodilok

ဆိုရှယ်မီဒီယာပေါ်မှာတော့ မင်းကြိုက်ရာမင်းလုပ်နိုင်တယ်၊ ငြီးငွေ့စရာကောင်းတဲ့ အလုပ်ကို စွန့်ပြီး ခရီးထွက်ပစ်လိုက်စမ်းပါ စတဲ့ ရေးသားချက်တွေကို ဖတ်မိမှာပါ။ လူအများစုက ခရီးသွားဘလော့ဂါတွေကို ကြိတ်ပြီး သဘောကျလေ့ရှိပါတယ်။ နေရာအနှံ့ဆီ လျှောက်သွား၊ အစားမျိုးစုံ စားကြည့်ပြီး ဓာတ်ပုံ ဗီဒီယိုလှလှလေးတွေ ရိုက်ရတာကို အဓိက သဘောကျကြတာပါ။ ဒါပေမယ့် လူတကာ သွားရည်ယိုလောက်ဖွယ် ခရီးသွားဘလော့ဂါအလုပ်မှာလည်း လူတွေသိပ်မသိကြသေးတဲ့ စိတ်ပင်ပန်းစရာတွေက ရှိနေပါသေးတယ်။ အောက်ဘက်မှာတော့ ထင်ရှားတဲ့ ခရီးသွားဘလော့ဂါတွေ ထုတ်ပြောလေ့မရှိကြတဲ့ အချက်တွေကို Brightside ကနေ တဆင့် ကိုးကားပြီး ဖော်ပြပေးလိုက်ပါတယ်။

နားခွင့်မရပဲ အမြဲတမ်းလုပ်နေရတဲ့ အလုပ်ဖြစ်ပါတယ်

လူတွေက ခရီးသွားဘလော့ဂါတွေဟာ ပို့စ်လေး (၁) ပုဒ် (၂) ပုဒ်ရဖို့အတွက် ခရီးသွားတယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းတော့ ဘလော့ဂါတွေဟာ ခရီးသွားရင်း တစ်နေ့ကို (၁၂-၁၄) နာရီကြာအောင် လက်ပ်တော့မှာ အလုပ်လုပ်နေရတာပါ။ ခရီးသွားဘလော့ရေးသားတာဟာ ရိုးရိုးဘလော့ပို့စ်တွေ တင်တာထက် ပိုခက်ခဲပါတယ်။ အချိန်ရှိရင် ရှိသလို အီးမေးလ်တွေကို နေ့စဉ်စာပြန်ပေးရတာ၊ ကိုယ့်ဆီ အလုပ်အပ်နိုင်ခြေရှိတဲ့ ကြော်ငြာသမားတွေနဲ့ ဆက်သွယ်ရတာ၊ အလုပ်ရှင်တွေနဲ့ ဆက်သွယ်ရတာ၊ ဓာတ်ပုံတွေ ပြင်တာ၊ ဗီဒီယိုတွေ ဖန်တီးတာ၊ အခြားဘလော့ဂါတွေနဲ့ ဆက်သွယ်တာ စတဲ့ အလုပ်မျိုးစုံကို လုပ်ရပါတယ်။

READ
နားထောင်တဲ့ဂီတအမျိုးအစားအလိုက်ခွဲခြားသိနိုင်မယ့် ပင်ကိုယ်ဗီဇစရိုက်များ

ဆွေမျိုးတွေ၊ ချစ်ခင်သူတွေနဲ့ တည်ငြိမ်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ခက်ခဲတယ်

ခရီးသွားဘလော့ဂါတွေအနေနဲ့ အချိန်တော်တော်များများကို အပြင်မှာပဲ ကုန်ဆုံးရပါတယ်။ ကိုယ့်ရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံဖို့ဟာ ဖေ့စ်ဘုတ်လို ဆိုရှယ်မီဒီယာတွေကနေတဆင့်သာ ဖြစ်နိုင်ပြီး အချင်းချင်း ထိတွေ့ပြီး ရင်းရင်းနှီးနှီးဆက်ဆံဖို့ဆိုတာ အချိန်ရှားပါးသွားပြီ ဖြစ်ပါတယ်။

Pexels/rawpixel.com

အိမ်လွမ်းတဲ့ဝေဒနာကို ခံစားရတယ်

Pommie Travels မှ ဗစ်တိုးရီးယားဘရက်ဒ်ဝုဒ်ဆိုသူ အမျိုးသမီးကတော့ သူမရဲ့ ဘလော့ဂါအလုပ်နဲ့ ပတ်သက်ပြီး တစ်ခါတစ်လေ ငြီးငွေ့မိတဲ့အကြောင်းကို “…အမြဲတမ်း ကျွန်မ အထုပ်အပိုးတွေထုပ်၊ ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာ တည်းခိုရတာ၊ ဘတ်စ်ကားခရီးစဉ်တွေ ဆွဲရတာ၊ ကြုံတဲ့နေရာမှာ စားလိုက်ရတာ၊ မြေပုံတွေ ဖတ်ရတာကို ငြီးငွေ့လာတယ်။ တစ်ခါတစ်လေတော့ သူများတွေအတိုင်းပဲ ဘာမှ သိပ်မလုပ်ချင်တော့ဘူး။ ကွန်ပြူတာနဲ့ အလုပ်လေးလုပ်မယ်၊ ဟင်းလေးတစ်ခွက် လောက် ချက်စားမယ်၊ အားကစားလေးဘာလေး လုပ်ရင်း အိမ်မှာ အေးအေးဆေးဆေးလေး နေချင်မိတယ်…” လို့ အခုလို ပြောပြပါတယ်။

READ
အသက်ငယ်ပေမယ့် စိတ်ပိုင်းဆိုင်ရာတည်ငြိမ်ရင့်ကျက်တဲ့ မိန်းကလေးတွေဆိုတာ ဒီလိုပါ

ပုံမှန်ဝင်ငွေမရှိဘူး

ခရီးသွားဘလော့ဂါတွေဟာ အလုပ်စ၀င်ဝင်ချင်း ပထမဆုံးနှစ်မှာ အမြတ်အစွန်းရဖို့ မျှော်လင့်လို့မရပါဘူး။ ခရီးသွားကုမ္ပဏီတွေနဲ့ ချိတ်ဆက်အေဂျင်စီတွေကလည်း ကိုယ့်အလုပ်က လုပ်သက်(၁) နှစ်အောက်ပဲ ရှိသေးရင် လက်မခံချင်ကြပါဘူး။ ဒါဟာ ခုမှ ခရီးသွားဘလော့ဂါလောကထဲဝင်မယ့် လူသစ်တွေတင်မကပါဘူး တစ်ခါတစ်လေ အတွေ့အကြုံရှိပြီးသား ဘလော့ဂါတွေ ကိုယ်တိုင်တောင် လက်ထဲ ငွေအများကြီး ရှိတဲ့အခါ ရှိသလို ပိုက်ဆံပြတ်လပ်တဲ့ အချိန်တွေလည်း ရှိပါတယ်။ ၀င်ငွေကို ပုံသေသတ်မှတ်လို့ မဖြစ်နိုင်ပါဘူး။

Pexels/Dominika Roseclay

ခရီးစဉ်တွေနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ ရောထွေးကုန်တယ်

လူတစ်ယောက်ဟာ အလုပ်ကနေ အနားယူဖို့ဆိုပြီး ခရီးထွက်တဲ့အခါ သူ့အတွက် စိတ်လှုပ်ရှားကောင်းသလို စိတ်လွတ်ကိုယ်လွတ်နဲ့ ပျော်စရာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အမြဲတမ်းကြီး ခရီးထွက်နေရတဲ့အခါမှာတော့ ဒီခံစားချက်ဟာ ပျောက်ဆုံးသွားပါတယ်။ ထူးခြားလှပပါတယ်ဆိုတဲ့ ဘာသာရေးအဆောက်အအုံကြီးတွေ၊ အံ့မခန်းဖွယ်ရာ ရေတံခွန်ကြီးတွေ၊ ဘုရားကျောင်းတွေနဲ့ နေ၀င်ချိန် စတာတွေဟာ အားလုံး လှပလွန်းတဲ့အတွက် ဘယ်အရာတုန်းက ဘယ်လိုဆိုတာ မသိရတော့လောက်အောင် ခံစားချက်တွေဟာ ရောထွေးသွားနိုင်ပါတယ်။

လင်းလင်း (ShweMom)

SHARE