Kpop အဖွဲ့မှာ ပါဝင်ခွင့်ရတဲ့ ပထမဆုံးအင်ဒိုနီးရှားနိုင်ငံသူ ဖြစ်လာခဲ့တဲ့ DITA

secretnumber.official

Kpop girl group ဖြစ်တဲ့ SECRET NUMBER အဖွဲ့ဝင် DITA ဟာ ကိုးရီးယားနိုင်ငံမှာ ပထမဆုံး အနုပညာရှင်အဖြစ် ပွဲဦးထွက်လာခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသူလေးပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ SECRET NUMBER အဖွဲ့ရဲ့ ပွဲဦးထွက်အခွေဖြစ်တဲ့ ‘Who Dis?’ ဆိုတဲ့အခွေသစ် ထွက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

 

SECRET NUMBER အဖွဲ့ဟာ မိန်းကလေး ငါးယောက်နဲ့ ဖွဲ့ထားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီးတော့ အဖွဲ့ဝင်တွေက LEA, DITA, JINNY, SOODAM, DENISE တို့ပဲဖြစ်ပါတယ်။ LEA ကသူမတို့အဖွဲ့နဲ့ ပတ်သက်ပြီး ခုလိုပြောပြထားပါတယ် “DENIS က အမေရိကန်နိုင်ငံ Texas ကဖြစ်ပြီး DITA ကတော့ အင်ဒိုနီးယားနိုင်ငံ ဂျာကာတာ ကဖြစ်ပါတယ် နောက်ပြီး SOODAM က ကိုးရီးယားသူဖြစ်ပြီးတော့ JINNY ကတော့ ကယ်လီဖိုးနီးယားကပါ ကျွန်မကတော့ ဂျပန်မှာနေတာပါ ဒီလို ကျွန်မတို့အဖွဲ့လိုမျိုး အဖွဲ့ဝင်တွေအားလုံးက မတူညီတဲ့ နေရာတစ်ခုစီကနေ လာကြတဲ့ Kpop အဖွဲ့ရှိမယ်မထင်ပါဘူး” ဆိုပြီး နေရာဒေသတွေ မတူညီကြတဲ့ သူတို့ရဲက အဖွဲ့ဝင်တွေအကြောင်းကို မိတ်ဆက်ခဲ့ပါတယ်။

READ
သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတွေကိုပြရတာ ကြိုက်နှစ်သက်သူ Jennifer Lawrence

 

 

DITA ကို ပထမဆုံး အင်ဒိုနီးရှားသူအဖြစ် ကိုးရီုးယားမှာ ပွဲဦးထွက်ခွင့်ရတဲ့အကြောင်းကို host ကမေးတဲ့အခါမှာတော့ သူမက ရှက်ပြုံးလေးနဲ့ ခုလိုဖြေကြားခဲ့ပါတယ် “ကျွန်မ ကိုးရီးယားမှာ ပွဲဦးထွက်တဲ့ သတင်းကြောင့် အင်ဒိုနီးရှားကလူတွေ အရမ်းစိတ်လှုပ်ရှားနေကြတယ်ဆိုပြီး ကျွန်မရဲ့ မိသားစုတွေက ကျွန်မကို ပြောပြပါတယ် အရမ်းကို အံ့အားဝမ်းသာစေတာက ကျွန်မကို အားပေးတဲ့ fan တွေအများကြီး ရှိနေပါပြီ သူတို့တွေက ကျွန်မကို social media တွေပေါ်မှာရော အားပေးကြတယ် အဲတာကြောင့် ကျွန်မဘယ်တော့မှာ မကျရှုံးစေရဘူးဆိုတာ သူတို့ကို ကတိပေးပါတယ်” ဆိုပြီး သူမရဲ့ ခံယူချက်တွေကို ပြောပြခဲ့ပါတယ်။

READ
"မြမြ" ဇာတ်ကားရုံတင်ပြသမယ့် ရက်ကို ကြေညာ

Khin

SHARE