ကွာရှင်းခြင်းထက် သည်းခံပြီးဆက်ပေါင်းခြင်းဟာ ကလေးတွေရဲ့စိတ်ကို ပိုထိခိုက်စေတယ်

Photographee.eu / Shutterstock.com

ယနေ့ခေတ်မှာ အိမ်ထောင်ရေးအဆင်မပြေဘူးဆိုတာ ရှက်စရာကိစ္စတစ်ခု မဟုတ်တော့ပါဘူး။ ကိုယ့်ရဲ့လက်ချောင်းတွေတောင် အတိုအရှည်မညီတာ၊ ကိုယ့်ရဲ့လျှာနဲ့သွားတောင် အမြဲတမ်းကိုက်မိလို့ ဒဏ်ရာတွေရနေတာ လင်နဲ့မယား စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ ဒါမှမဟုတ် ဖောက်ပြန်လို့ စတဲ့ ပြဿနာတွေကြောင့် အိမ်ထောင်ရေးအဆင်မပြေတာမျိုးတွေပေါ့။

ဒီလိုအခြေအနေမှာ များသောအားဖြင့် ကွဲမယ်ကွာမယ် ဖြစ်လာခဲ့သည့်တိုင်အောင် ကလေးတွေကို ကြည့်ဦးမှပေါ့၊ ကလေးတွေရှိတယ်လေ၊ ကလေးတွေကို မထောက်တော့ဘူးလားဆိုပြီး အဆင်မပြေတဲ့အိမ်ထောင်ရေးကြီးကို နေ့စဉ် ရန်တွေဖြစ်လိုက်၊ စကားတွေများလိုက်နဲ့ ကလေးရှေ့ပါမရှောင် စိတ်ဆင်းရဲစရာကောင်းလောက်အောင်ကို အဆင်မပြေစွာနဲ့ ရှေ့ဆက်လေ့ရှိကြပါတယ်။ အထူးသဖြင့် အာရှသားတွေပေါ့။

ဒီလိုအခြေအနေဟာ ကလေးတွေရဲ့စိတ်ကို အပြီးတိုင်ကွာရှင်းတာထက် ပိုပြီး ထိခိုက်စေတယ်ဆိုတာ သင်သိပါသလား။

Fizkes / Shutterstock.com

(၁) နေု့တိုင်းလိုလို အိမ်တွင်းရေးအဆင်မပြေမှုတွေနဲ့ ကြုံတွေ့လာရတဲ့အခါ ကလေးတွေရဲ့စိတ်ထဲမှာ ကလေးတစ်ယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ ပျော်ရွှင်မှုစစ်စစ်ကို မခံစားရတော့ပါဘူး။

(၂) တဖြေးဖြေးအနာဂတ်မဲ့လာသလို ခံစားလာရကာ နေ့သစ်တစ်ခု ရောက်မှာကိုတောင် ကြောက်ရွံ့လာတတ်ကြသတဲ့။ နောက် အစိုးရိမ်လွန်တဲ့ စိတ်ရောဂါ၊ စိတ်ကျရောရါတွေပါ ခံစားရလာမှာပါ။ ဘာကြောင့်ဆို သိတတ်တဲ့ကလေးတစ်ယောက်ဟာ မိဘနှစ်ပါး ရန်ဖြစ်တာနဲ့ပတ်သက်ပြီး ဘယ်လိုခံစာားရတယ်ဆိုတာကို အားနာပြီး မပြောဘဲ စိတ်ထဲမှာပဲ မြိုသိပ်ရင်း ကြိတ်ခံစားတတ်ကြလို့ပါပဲ။

READ
လက်ရှိခေတ်စားနေတဲ့ အသားပေါ်မှာ ပန်းထည်ထိုးထားဟန် တက်တူးဒီဇိုင်းများ
Tomsickova Tatyana / Shutterstock.com

(၃) အိမ်မှာနေရတာ မွန်းကြပ်လာတယ်။ အရယ်အပြုံးတွေဆိုတာ ကျောင်းမှာပဲရှိတော့တယ်။ ဆယ်ကျော်သက်တွေဆိုရင်လည်း အိမ်မကပ်တော့တာမျိုးပေါ့။

(၄) အချစ်ကို စိတ်ကုန်လာပါလိမ့်မယ်။ စိတ်ထားလေးတွေ မနူးညံ့တော့ဘူး။ ချစ်ခြင်းမေတ္တာတွေ မရှိတော့ဘူး။ ဒါကြောင့် အသက်ကြီးလာတဲ့အခါမှာ ရိုက်ခတ်မှုတွေရှိလာနိုင်ပါတယ်။ လူဆိုတာ ချစ်ခြင်းမေတ္တာတရားရှိမှ ကိုယ်ချင်းစာတရားတို့၊ ကြင်နာမှုတို့၊ မေတ္တာတို့ ရှိမှာမဟုတ်လား။

Africa Studio / Shutterstock.com

(၅) မိဘတွေဒီလိုစိတ်ဆင်းရဲခံပြီး ရန်ဖြစ်တာ ငါ့ကြောင့်ဆိုပြီး ကလေးတွေရဲ့စိတ်ထဲမှာ ကိုယ့်ကိုယ်ကို အပြစ်တင်လာပါလိမ့်မယ်။ နောက်ဆက်တွဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့ဘူး၊ လူတောမတိုးတော့ဘူး၊ အမြဲတောင်းပန်တတ်လာမယ်၊  ဘာပြဿနာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အပြစ်တင်လာတတ်ပါမယ်။

ဒါတွေကိုတော့ ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ Daisaku Ikeda မှ ပြောပြခဲ့တာဖြစ်ပြီး Fabiosa မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

Penny

SHARE